Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ပေ 4:15

Common Language Bible

သင်​တို့​တွင်​မည်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​လူ​သတ် မှု၊ ခိုး​မှု၊ ရာ​ဇ​ဝတ်​မှု​သို့​မ​ဟုတ်​သူ​တစ်​ပါး​၏ ကိစ္စ​တွင်​ဝင်​ရောက်​စွက်​ဖက်​မှု​ဖြင့်​ပြစ်​ဒဏ်​မ​ခံ ရ​စေ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​ခိုး​သည့်​တိ​ရစ္ဆာန်​အ​တွက်​လျော်​ရ မည်။ သူ​၌​လျော်​စ​ရာ​မ​ရှိ​လျှင်​မိ​မိ​ကိုယ်​ကို ရောင်း​၍​လျော်​ကြေး​ပေး​ရ​မည်။ ခိုး​ရာ​ပါ​သိုး၊ နွား၊ မြည်း​ကို​သူ့​ထံ​၌​အ​ရှင်​တွေ့​ရ​လျှင်​သူ သည်​နှစ်​ဆ​ပြန်​လျော်​ရ​မည်။ ``အိမ်​ကို​ည​အ​ချိန်​ဖောက်​ထွင်း​နေ​သော​သူ​ခိုး ကို​သတ်​သော​သူ​သည် လူ​သတ်​မှု​ကို​ကူး​လွန် ရာ​မ​ရောက်​ချေ။ သို့​ရာ​တွင်​နေ့​အ​ချိန်​၌​ဖောက် ထွင်း​မှု​ကြောင့်​သူ​ခိုး​ကို​သတ်​လျှင် သတ်​သော သူ​သည်​လူ​သတ်​မှု​ကို​ကူး​လွန်​၏။

``လူ​တို့​သည်​ငါ့​ကြောင့်​သင်​တို့​ကို​ကဲ့​ရဲ့​ညှဉ်း​ဆဲ လျက် မ​ဟုတ်​မ​မှန်​ဘဲ​အ​မျိုး​မျိုး​ပြစ်​တင်​စွပ်​စွဲ​ကြ​သော အ​ခါ၊ သင်​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။

သင်​တို့​သည်​ယ​ခင်​က​ငါ​တို့​ညွှန်​ကြား​ခဲ့​သည့် အ​တိုင်း​ငြိမ်​ဝပ်​စွာ​နေ​ထိုင်​ရန်​လည်း​ကောင်း၊ ကိုယ့် အ​ရေး​ကိစ္စ​ကို​ဂ​ရု​စိုက်​ရန်​လည်း​ကောင်း၊ ကိုယ့် လက်​ဖြင့်​လုပ်​ကိုင်​ရန်​လည်း​ကောင်း​ကြိုး​စား အား​ထုတ်​ကြ​လော့။-

သင်​တို့​အ​ထဲ​တွင်​အ​ပျင်း​ကြီး​လျက်​အ​လုပ် မ​လုပ်​ဘဲ သူ​တစ်​ပါး​တို့​၏​ကိစ္စ​များ​တွင်​ဝင် ရောက်​စွက်​ဖက်​နေ​တတ်​သူ​များ​ရှိ​ကြောင်း သိ​ရ​ပေ​သည်။-

ထို​မှ​တစ်​ပါး​လည်း​သူ​တို့​သည် တစ်​အိမ်​တက် တစ်​အိမ်​ဆင်း​သွား​ရောက်​လည်​ပတ်​ကာ အ​ချိန် ဖြုန်း​တတ်​လေ​သည်။ ယင်း​သို့​အ​ချိန်​ဖြုန်း​ရုံ​မျှ မ​က​မ​ပြော​သင့်​သည့်​စ​ကား​များ​ကို​ပြော​ဆို လျက် အ​တင်း​ပြော​ကာ​မိ​မိ​တို့​နှင့်​မ​ဆိုင်​သည့် အ​မှု​ကိစ္စ​များ​တွင်​ဝင်​ရောက်​စွက်​ဖက်​၍​လာ တတ်​လေ​သည်။-

ငါ​သည်​ထို​သ​တင်း​ကောင်း​အ​တွက်​ကြောင့် ရာ​ဇ​ဝတ်​ကောင်​ကဲ့​သို့​ဒုက္ခ​ရောက်​လျက်​ရှိ​၏။ သံ​ကြိုး​များ​နှင့်​ပင်​အ​ချည်​အ​နှောင်​ခံ​ရ​၏။ သို့​သော်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော် မူ​ကား​ချုပ်​နှောင်​မှု​နှင့်​ကင်း​လွတ်​၏။-

သို့​ရာ​တွင်​အ​ကယ်​၍​သင်​တို့​သည်​အ​မှန်​တ​ရား ကို​ကျင့်​သုံး​မှု​ကြောင့်​ဒုက္ခ​ဆင်း​ရဲ​ခံ​ရ​သော်​မင်္ဂ လာ​ရှိ​ကြ​၏။ မည်​သူ​အား​မျှ​မ​ကြောက်​ကြ​နှင့်။ မ​စိုး​ရိမ်​ကြ​နှင့်။-

သု​စ​ရိုက်​ကို​ပြု​သ​ဖြင့်​ဆင်း​ရဲ​ဒုက္ခ​ရောက်​ခြင်း သည်​ဘု​ရား​သ​ခင်​၏​အလို​တော်​အ​ရ​ဖြစ်​လျှင် ယင်း​သည်​ဒု​စ​ရိုက်​ကို​ပြု​ခြင်း​ထက်​ပို​၍ ကောင်း​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ