Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ပေ 3:7

Common Language Bible

ထို​နည်း​တူ​စွာ​ခင်​ပွန်း​တို့၊ သင်​တို့​သည်​မိ​မိ​တို့ ဇ​နီး​များ​အား​နွဲ့​သူ​များ​ဖြစ်​သည်​ကို​ထောက်​၍ သူ​တို့​နှင့်​ပေါင်း​သင်း​နေ​ထိုင်​ရ​ကြ​မည်။ သူ​တို့ သည်​သက်​ဆိုင်​ရာ​ဆု​ကျေး​ဇူး​ကို​သင်​တို့​နှင့် အ​တူ​ခံ​စား​ရ​ကြ​မည့်​သူ​များ​ဖြစ်​သ​ဖြင့် သင်​တို့​သည်​သူ​တို့​ကို​လေး​စား​စွာ​ဆက်​ဆံ ရ​ကြ​မည်။ သို့​မှ​သာ​သင်​တို့​၏​ပတ္ထနာ​များ ကို​အ​ဆီး​အ​တား​ရှိ​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

သို့ဖြစ်၍ နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ် ကောင်တို့ကိုယူ ပြီးလျှင်၊ ငါ့ကျွန်ယောဘ ထံသို့သွား၍၊ မိမိတို့မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းရမည်။ သူ၏မျက်နှာကို ငါထောက်မည်။ သို့မဟုတ်ငါ့ကျွန်ယောဘသည် ငါ့ အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့၊ သင်တို့ သည် မပြောသောအပြစ်နှင့် အလျောက်ငါစီရင်မည်ဟု မိန့်တော်မူ၏။

``ထို့​ပြင်​အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည် ကား၊ လော​က​တွင်​သင်​တို့​အ​နက်​လူ​နှစ်​ယောက် မျှ​စိတ်​တူ​သ​ဘော​တူ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု ပါ​လျှင် ကောင်း​ကင်​ဘုံ​ရှင်​ငါ​၏​ခ​မည်း​တော် သည်​သင်​တို့​တောင်း​လျှောက်​သ​မျှ​သော​အ​ရာ ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။-

လင်​သည်​မ​ယား​အား​ပြု​သင့်​သည့်​ဝတ်​ကို​လည်း ကောင်း၊ မ​ယား​သည်​လင်​အား​ပြု​သင့်​သည့်​ဝတ်​ကို လည်း​ကောင်း​ပြု​လျက် တစ်​ဦး​၏​အ​လို​ကို​တစ်​ဦး က​ဖြည့်​တင်း​ပေး​ရာ​၏။-

ထို​နက်​နဲ​သော​အ​ရာ​ကား​သ​တင်း​ကောင်း အား​ဖြင့် လူ​မျိုး​ခြား​တို့​သည်​ယု​ဒ​အ​မျိုး သား​များ​နှင့်​အ​တူ ဘု​ရား​သ​ခင်​၏​ကောင်း ချီး​မင်္ဂ​လာ​ကို​ခံ​စား​ခွင့်​ရ​ရှိ​ကြ​၏။ သူ​တို့ သည်​ခန္ဓာ​တော်​၏​အင်္ဂါ​များ​ဖြစ်​၍​ခ​ရစ်​တော် ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ သော​က​တိ​တော်​ကို​ပါ​ဝင်​ခံ​စား​ခွင့်​ရ​ရှိ ကြ​၏။

ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​စိတ် မ​နာ​စေ​နှင့်၊ အ​ဘယ်​ကြောင့်​ဆို​သော်​ဝိ​ညာဉ်​တော် သည် သင်​တို့​အား​ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​ကြောင်း သက်​သေ​ခံ​တံ​ဆိပ်​အ​မှတ်​အ​သား​ဖြစ်​၍ နောက်​ဆုံး သော​နေ့​ရက်​၌​သင်​တို့​သည်​ကိုယ်​တော်​၏​ကယ်​တင် ခြင်း​ကို​ခံ​ရ​လိမ့်​မည်​ဖြစ်​ကြောင်း​အာ​မ​ခံ​ချက် ဖြစ်​သော​ကြောင့်​တည်း။-

သို့​ရာ​တွင်​သင်​တို့​တစ်​ဦး​စီ​နှင့်​လည်း​သက်​ဆိုင် ပေ​သည်။ လင်​ဖြစ်​သူ​သည်​မ​ယား​ကို​ကိုယ်​နှင့် အ​မျှ​ချစ်​ရ​မည်။ မ​ယား​ဖြစ်​သူ​သည်​လည်း လင်​ယောကျာ်း​ကို​ရို​သေ​လေး​စား​ရ​မည်။

သင်​တို့​အား​ကူ​ညီ​စောင်​မ​တော်​မူ​ရန်​ဘု​ရား သ​ခင်​အား​အ​စဉ်​အ​မြဲ​ဆု​တောင်း​ကြ​လော့။ ဝိ​ညာဉ်​တော်​ညွှန်​ကြား​တော်​မူ​သည့်​အ​တိုင်း အ​ခါ​ခပ်​သိမ်း​ဆု​တောင်း​ကြ​လော့။ ထို့​ကြောင့် နိုး​နိုး​ကြား​ကြား​နေ​ကြ​လော့။ ဇွဲ​သတ္တိ​ရှိ​ကြ လော့။ အ​ခါ​မ​လပ်​ဘု​ရား​သ​ခင်​၏​လူ​စု တော်​အ​တွက်​ဆု​တောင်း​ကြ​လော့။-

ခင်​ပွန်း​ဖြစ်​သူ​တို့၊ ဇ​နီး​များ​ကို​ချစ်​ကြ​လော့။ သူ​တို့​အား​ကြမ်း​တမ်း​စွာ​မ​ပြု​ကြ​နှင့်။

အ​မျိုး​သား​တိုင်း​ပင်​သန့်​ရှင်း​ဖြူ​စင်​တင့်​တယ် လျောက်​ပတ်​စွာ​မိ​မိ​၏​ဇ​နီး​နှင့်​ပေါင်း​သင်း နေ​ထိုင်​တတ်​ရ​မည်။-

ယင်း​သို့​ပြု​တော်​မူ​ခြင်း​မှာ​ငါ​တို့​သည်​ကျေး​ဇူး တော်​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက် ဆံ​မှု​ကို​ရ​ရှိ​ကာ ငါ​တို့​မျှော်​လင့်​တောင့်​တ​သည့် ထာ​ဝ​ရ​အ​သက်​ကို​ခံ​ယူ​ရ​ကြ​စေ​ရန်​ပင် ဖြစ်​ပေ​သည်။-

ထို​သို့​ဖြစ်​ပါ​မူ၊ ကောင်း​ကင်​တ​မန်​များ​မှာ အ​ဘယ်​သို့​သော​သူ​များ​နည်း။ သူ​တို့​သည် ကယ်​တင်​ခြင်း​ခံ​ရ​မည့်​သူ​တို့​အား​ကူ​ညီ မ​စ​ရန် ဘု​ရား​သခင်​စေ​လွှတ်​တော်​မူ​သည့် အ​စေ​ခံ​ဝိ​ညာဉ်​များ​ဖြစ်​ပေ​သည်။

ထို​နည်း​တူ​စွာ​ဇ​နီး​တို့၊ သင်​တို့​ခင်​ပွန်း​များ ၏​အုပ်​စိုး​ခြင်း​ကို​ဝန်​ခံ​ကြ​လော့။ ဤ​နည်း​အား ဖြင့်​သင်​တို့​တွင်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော် ကို​မ​ယုံ​ကြည်​သူ​ခင်​ပွန်း​များ​ရှိ​ပါ​မူ သင်​တို့ ၏​အ​ကျင့်​အ​ကြံ​အ​ပြု​အ​မူ​က​သူ​တို့​အား ယုံ​ကြည်​လာ​စေ​လိမ့်​မည်။ သင်​တို့​နှုတ်​ဖြင့်​ပြော ရန်​ပင်​မ​လို​ပေ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ