၁ ပေ 2:24Common Language Bibleငါတို့သည်အပြစ်ဒုစရိုက်ကိုအမြစ်ဖြတ် ၍ဖြောင့်မတ်ခြင်းအတွက်အသက်ရှင်နိုင် ကြစေရန် ကိုယ်တော်တိုင်ပင်လျှင်ငါတို့၏ အပြစ်များကိုကိုယ်ခန္ဓာတော်ပေါ်တွင်ယူ ဆောင်ကာလက်ဝါးကပ်တိုင်၌ဒုက္ခဝေဒနာ ခံတော်မူ၏။ ငါတို့သည်ကိုယ်တော်၏ဒဏ်ရာ ဒဏ်ချက်များအားဖြင့်အနာပျောက်လျက် ရှိကြ၏။- အခန်းကိုကြည့်ပါ။ |
သူသည်ဝေဒနာခံစားနေရာမှဝမ်းမြောက် ရွှင်လန်းခွင့်ကိုပြန်လည်ရရှိလိမ့်မည်။ မိမိခံစားခဲ့ရသည့်ဝေဒနာမှာအချည်းနှီး မဖြစ်ကြောင်းကိုလည်းသိရှိလာလိမ့်မည်။ သူသည်ငါ၏အစေခံသူတော်ကောင်းဖြစ်၏။ လူအများ၏အပြစ်ဝန်ကိုထမ်းဆောင်လျက်၊ ထိုဆောင်ရွက်မှုကြောင့်ထိုသူတို့အား အပြစ်လွှတ်ခြင်းအခွင့်ကိုငါပေးမည်။
ငါ၏စကားတော်ကိုရိုသေသူသင်တို့ အဖို့မှာမူကား ငါ၏ကယ်တင်ခြင်းတန် ခိုးသည်နေမင်းသဖွယ် သူတို့အပေါ်၌ ထွန်းလင်းလျက်နေရောင်ခြည်သဖွယ် သင် တို့၏အနာရောဂါများကိုပျောက်ကင်း စေလိမ့်မည်။ သင်တို့သည်တင်းကုပ်မှလွှတ် ထုတ်လိုက်သည့်နွားငယ်များကဲ့သို့လွတ် လပ်ပျော်ရွှင်စွာခုန်ပေါက်လျက်နေလိမ့်မည်။-
``ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်သို့ဆင်းသက်တော်မူ၏။ ဆင်းရဲသူများအားသတင်းကောင်းကိုပြောကြားရန် ငါ့အားဘိသိက်ပေးတော်မူပြီ။ အချုပ်အနှောင်ခံရသူများကိုလွတ်မြောက် စေမည်ဖြစ်ကြောင်းနှင့်၊ မျက်မမြင်များမျက်စိအလင်းပြန်လည်ရရှိ စေမည် ဖြစ်ကြောင်းကိုပြောကြားရန်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခံရသူများအားကယ်လွှတ်မည် ဖြစ်ကြောင်းကိုလည်းကောင်း၊
လူတစ်စုံတစ်ယောက်၏စေစားမှုကိုခံသော သူသည် စေစားသူ၏ကျွန်ဖြစ်ကြောင်းသင်တို့ ကောင်းစွာသိကြ၏။ အကယ်၍သင်တို့သည် အပြစ်တရား၏စေစားမှုကိုခံကြပါမူ သင် တို့ခံစားရမည့်အကျိုးဆက်ကားသေခြင်း ပင်ဖြစ်၏။ အကယ်၍သင်တို့သည်ဘုရားသခင် ၏စကားကိုနာခံကြမည်ဆိုပါကကိုယ်တော် နှင့်မှန်ကန်စွာဆက်သွယ်မှုကိုရရှိကြလိမ့်မည်။-
ပညတ်တရားသည်အခါတစ်ပါးကငါတို့ အားချုပ်နှောင်ခဲ့၏။ ယင်းသို့ချုပ်နှောင်ခြင်းခံရ သောဘဝကိုစွန့်လွှတ်ခဲ့ပြီဖြစ်၍ ယခုအခါ မှာမူငါတို့သည်ပညတ်တရား၏လက်အောက် မှလွတ်မြောက်ကြပြီ။ ယခုအခါ၌ငါတို့ သည်အက္ခရာတင်ထားသည့်တရားဥပဒေ လမ်းစဉ်ဟောင်းအရမဟုတ်တော့ဘဲ ဝိညာဉ် တော်၏လမ်းစဉ်သစ်အရအမှုဆောင်ရွက် ကြပေသည်။
ထိုနည်းတူစွာခရစ်တော်သည်လည်းလူအများ ၏အပြစ်ကိုဖြေလွှတ်ရန်အတွက် မိမိ၏ကိုယ် ကိုတစ်ကြိမ်တည်းတင်လှူပူဇော်တော်မူသည်။ အပြစ်ဒုစရိုက်ကိုသုတ်သင်ပယ်ရှင်းရန် မဟုတ်ဘဲ မိမိကိုစောင့်မျှော်နေသူတို့အား ကယ်တင်တော်မူရန် ကိုယ်တော်သည်ဒုတိယ အကြိမ်ကြွလာတော်မူပေအံ့။