Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ တိ 5:19

Common Language Bible

သက်​သေ​ခံ​သူ​အ​နည်း​ဆုံး​နှစ်​ဦး​သုံး​ဦး​မ​ရှိ လျှင် သင်း​အုပ်​ဆ​ရာ​အား​ပြစ်​တင်​စွပ်​စွဲ​ချက် ကို​နား​မ​ထောင်​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​သူ​သည်​သင်​၏​စ​ကား​ကို​နား​မ​ထောင် ပါ​မူ​သင်​၏​စွပ်​စွဲ​ချက်​မှန်​သ​မျှ​အ​တည်​ဖြစ် စေ​ရန် ကျမ်း​စာ​လာ​သည်​အ​တိုင်း​အ​သိ​သက်​သေ နှစ်​ယောက်​သုံး​ယောက်​ကို​ခေါ်​လော့။-

သို့​ဖြစ်​၍​ပိ​လတ်​မင်း​သည်​ထို​သူ​တို့​နှင့်​တွေ့​ဆုံ ရန်​အ​ပြင်​သို့​ထွက်​လာ​ပြီး​လျှင် ``ဤ​သူ​အား အ​ဘယ်​ပြစ်​မှု​နှင့်​စွပ်​စွဲ​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။

သင်​တို့​၏​ပ​ညတ်​ကျမ်း​တွင် ``သက်​သေ​နှစ်​ဦး ထွက်​ဆို​လျှင်​အ​မှန်​ဖြစ်​၏'' ဟု​ဖော်​ပြ​ပါ ရှိ​၏။-

ဤ​သို့​ဆုံး​ဖြတ်​ကြ​ပြီး​နောက်​ထောက်​ပံ့​ငွေ များ​ကို​ဗာ​န​ဗ​နှင့်​ရှော​လု​မှ​တစ်​ဆင့် ယေ​ရု ရှ​လင်​မြို့​အ​သင်း​တော်​လူ​ကြီး​များ​ထံ​သို့ ပေး​ပို့​ကြ​၏။

အ​ကျွန်ုပ်​က​တ​ရား​ခံ​တစ်​ယောက်​အား​တ​ရား​လို များ​နှင့်​မျက်​နှာ​စုံ​ညီ​တွေ့​ဆုံ​၍ သူ​တို့​၏​စွပ်​စွဲ ချက်​ကို​ချေ​ပ​ခွင့်​မ​ပေး​ဘဲ​အ​ပြစ်​ဒဏ်​စီ​ရင် ခြင်း​မှာ ရော​မ​ဋ္ဌ​လေ့​ထုံး​စံ​မ​ဟုတ်​ကြောင်း​သူ တို့​အား​ဖြေ​ကြား​ခဲ့​ပါ​၏။-

ယ​ခု​ငါ​သည်​တ​တိ​ယ​အ​ကြိမ်​သင်​တို့​ထံ​သို့ လာ​ခဲ့​မည်။ ကျမ်း​စာ​တော်​က​ဖော်​ပြ​သ​ကဲ့​သို့ ``အ​မှု ကိစ္စ​မှန်​သ​မျှ​ကို​သက်​သေ​နှစ်​ဦး​သုံး​ဦး​၏​ထွက် ဆို​ချက်​အ​ရ​စီ​ရင်​ဆုံး​ဖြတ်​ရ​မည်။-''

သို့​ရာ​တွင်​သက်​သေ​ခံ​နှစ်​ဦး​သုံး​ဦး​ရှိ​မှ သာ​ထို​အ​ပြစ်​ရှိ​သူ​ကို​သေ​ဒဏ်​စီ​ရင်​ရ မည်။ သက်​သေ​တစ်​ဦး​တည်း​၏​ထွက်​ချက် ဖြင့်​ထို​သူ​ကို​သေ​ဒဏ်​မ​စီ​ရင်​ရ။-

``သက်​သေ​တစ်​ဦး​တည်း​၏​ထွက်​ဆို​ချက်​ဖြင့် လူ​တစ်​ယောက်​အား ပြစ်​မှု​ကူး​လွန်​သည်​ဟု မ​စီ​ရင်​ရ။ အ​နည်း​ဆုံး​သက်​သေ​နှစ်​ဦး​ရှိ မှ​လူ​တစ်​ယောက်​အား အ​ပြစ်​ရှိ​သည်​ဟု ဆုံး​ဖြတ်​ရ​မည်။-

ပ​ရော​ဖက်​များ​မိန့်​ကြား​၍​သင်း​အုပ်​များ​က သင့်​အား​သိက္ခာ​တင်​မင်္ဂ​လာ​ပေး​ချိန်​တွင် သင်​ခံ ယူ​ရ​ရှိ​သည့်​ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကို​လျစ်​လူ မ​ရှု​နှင့်။-

သင်း​အုပ်​ဆ​ရာ​အ​လုပ်​ကို​ကောင်း​စွာ​လုပ်​ဆောင် သူ​တို့​သည် လ​စာ​ငွေ​နှစ်​ဆ​ခံ​စား​ထိုက်​သူ​များ ဖြစ်​သည်​ဟု​မှတ်​ယူ​အပ်​၏။ အ​ထူး​သ​ဖြင့် တ​ရား​ဟော​ခြင်း၊ ဆုံး​မ​သွန်​သင်​ခြင်း​တို့​ကို ကြိုး​စား​၍​လုပ်​ဆောင်​သူ​များ​သည်​ယင်း​သို့ ခံ​စား​ထိုက်​ပေ​သည်။-

အ​သင်း​တော်​ကို​အုပ်​ထိန်း​သူ​သည်​အ​ပြစ်​ဆို စ​ရာ​မ​ရှိ​သူ​ဖြစ်​ရ​မည်။ သူ့​မှာ​ဇနီး​တစ်​ယောက် သာ​ရှိ​ရ​မည်။ သူ​၏​သား​သ​မီး​များ​သည်​ယုံ ကြည်​သူ​များ​ဖြစ်​ရ​မည်။ အ​ပျော်​ကြူး​သူ​များ၊ စ​ကား​နား​မ​ထောင်​သူ​များ​မ​ဖြစ်​စေ​ရ။-

မော​ရှေ​၏​ပ​ညတ်​တ​ရား​ကို​မ​စောင့်​ထိန်း​သူ ယု​ဒ​အ​မျိုး​သား​မှန်​သ​မျှ​သည် အ​သိ​သက် သေ​နှစ်​ဦး​သုံး​ဦး​၏​ထွက်​ဆို​ချက်​အ​ရ အ​ပြစ်​ရှိ​ကြောင်း​တွေ့​ရှိ​ရ​ပါ​မူ၊ သ​နား ညှာ​တာ​မှု​မ​ရှိ​ဘဲ​သေ​ဒဏ်​ပေး​ခြင်း​ကို ခံ​ကြ​ရ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ