Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ တိ 5:11

Common Language Bible

အ​သက်​အ​ရွယ်​ငယ်​သော​မု​ဆိုး​မ​တို့​အား မု​ဆိုး​မ​စာ​ရင်း​တွင်​မ​သွင်း​နှင့်။ အ​ဘယ်​ကြောင့် ဆို​သော်​သူ​တို့​သည်​မိ​မိ​တို့​အ​လို​ဆန္ဒ​ကို မ​ထိန်း​မ​သိမ်း​နိုင်​ကြ​သော​အ​ခါ အိမ်​ထောင် ပြု​လို​သ​ဖြင့်​ခ​ရစ်​တော်​ကို​ပစ်​ပယ်​တတ် ကြ​သော​ကြောင့်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရု​ရှ​လင်​မြို့​သူ​တို့ သည်​အ​ဘယ်​မျှ​မာန်​မာ​န​ကြီး​လျက်​နေ​သည် ကို​ကြည့်​ကြ​လော့။ သူ​တို့​သည်​လည်​ကို​မော်​၍ သွား​လာ​တတ်​ကြ​၏။ အ​စဉ်​ပင်​လျှပ်​ပေါ်​လော် လီ​ကာ​နေ​ကြ​၏။ သူ​တို့​၏​ခြေ​လှမ်း​က​လေး များ​သည်​သာ​ယာ​ညင်း​ပျောင်း​လှ​၍ သူ​တို့​၏ ခြေ​ချင်း​များ​သည်​လည်း​တ​ချွင်​ချွင်​မြည် လျက်​ရှိ​၏။-

သို့​ရာ​တွင်​သင်​တို့​တွင်​သာ​ယာ​စို​ပြေ သော​ပြည်​သို့​ဝင်​ရောက်​၍​အ​စား​အ​စာ ဝ​စွာ​စား​ရ​သ​ဖြင့် ကျေ​နပ်​နှစ်​သိမ့်​လာ သော​အ​ခါ​မာ​န​ကြီး​၍​ငါ့​ကို​မေ့​လျော့ ကြ​၏။-

``ထာ​ဝရ​ဘု​ရား​၏​လူ​မျိုး​တော်​သည် ကြွယ်​ဝ​ချမ်း​သာ​သ​ဖြင့် ဘု​ရား​ကို​ပုန်​ကန်​ကြ​၏။ သူ​တို့​သည်​ဝ​ဖြိုး​လာ​ကြ​၏။ အ​စား​အ​စာ​ဝ​စွာ​စား​ရ​ကြ​၏။ သူ​တို့​အား​ဖန်​ဆင်း​သော​ဘု​ရား​သ​ခင်​ကို စွန့်​၍ တန်​ခိုး​ကြီး​သော​ကယ်​တင်​ရှင်​အား​ပစ်​ပယ် ကြ​၏။

ထို​သူ​တို့​က​လူ​တို့​အား​ထိမ်း​မြား​မင်္ဂ​လာ​မ ပြု​ရန်​နှင့်​အ​ချို့​သော​အ​စား​အ​စာ​များ​ကို ရှောင်​ကြဉ်​ကြ​စေ​ရန်​သွန်​သင်​ကြ​၏။ သို့​ရာ​တွင် ယုံ​ကြည်​၍​သမ္မာ​တ​ရား​တော်​ကို​သိ​ကျွမ်း​သူ တို့​သည်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လျက် စား သောက်​နိုင်​ကြ​စေ​ရန်​ဤ​အ​စား​အ​စာ​များ ကို​ဘု​ရား​သ​ခင်​ဖန်​ဆင်း​ထား​တော်​မူ​၏။-

သို့​ဖြစ်​၍​သူ​တို့​သည်​မိ​မိ​တို့​အ​စ​က ကိုယ်​တော်​အား​ပေး​ခဲ့​သည့်​က​တိ​သစ္စာ​ကို ဖောက်​ဖျက်​ကြ​လေ​သည်။-

သို့​ဖြစ်​၍​ရန်​သူ​တို့​သည်​ငါ​တို့​အ​ကြောင်း မ​ကောင်း​မ​ပြော​နိုင်​စေ​ရန် အ​သက်​အ​ရွယ်​ငယ် သေး​သည့်​မု​ဆိုး​မ​တို့​သည် အိမ်​ထောင်​သား​မွေး မှု​ကို​ပြု​လျက် မိ​မိ​တို့​၏​အိမ်​မှု​ကိစ္စ​များ​ကို ကြည့်​ရှု​စောင့်​ထိန်း​ကြ​သည်​ကို​ငါ​လို​လား​၏။-

မု​ဆိုး​မ​တစ်​ယောက်​သည်​အ​သက်​ခြောက်​ဆယ် ကျော်​မှ​သာ​လျှင် မု​ဆိုး​မ​စာ​ရင်း​တွင်​နာ​မည် သွင်း​ပါ။ သူ​သည်​တစ်​ကြိမ်​သာ​လျှင်​ထိမ်း​မြား လက်​ထပ်​ခဲ့​သူ​ဖြစ်​ရ​မည်။-

သင်​တို့​သည်​လော​က​တွင်​စည်း​စိမ်​ခံ​လျက် ပျော်​ပါး​ခဲ့​ကြ​၏။ အ​သတ်​ခံ​ရ​ကြ​မည့်​နေ့ အ​တွက်​မိ​မိ​တို့​ကိုယ်​ကို​ဆူ​ဖြိုး​အောင်​ကျွေး မွေး​ခဲ့​ကြ​၏။-

သူ​တို့​သည်​မှား​ယွင်း​လမ်း​လွဲ​သော​လူ​စု အ​ထဲ​မှ​လွတ်​မြောက်​ခါ​စ​ဖြစ်​သော​သူ​တို့ အား ကြွား​ဝါ​သော​အ​ချည်း​နှီး​စ​ကား​များ ကို​သုံး​ကာ ကာ​မ​ဂုဏ်​လိုက်​စား​မှု​ဖြင့်​သွေး ဆောင်​လမ်း​လွဲ​စေ​ကြ​၏။-

အ​ဘယ်​ကြောင့်​ဆို​သော်​လူ​မျိုး​အ​ပေါင်း​တို့​သည် ထို​မြို့​၏​ကာ​မ​ဂုဏ်​လိုက်​စား​မှု​တည်း​ဟူ​သော မူး​ယစ်​စေ​သည့်​စ​ပျစ်​ရည်​ကို​သောက်​ခဲ့​ကြ သော​ကြောင့်​ဖြစ်​၏။ ကမ္ဘာ​ပေါ်​ရှိ​ရှင်​ဘု​ရင်​အ ပေါင်း​တို့​သည်​ဗာ​ဗု​လုန်​မြို့​နှင့်​အ​တူ ကာ​မ ဂုဏ်​ကို​လိုက်​စား​ခဲ့​ကြ​လေ​ပြီ။ ကမ္ဘာ​ပေါ်​ရှိ ကုန်​သည်​တို့​သည်​လည်း​ထို​မြို့​၏​တ​ရား​လွန် ကာ​မ​ဂုဏ်​စည်း​စိမ်​ခံ​စား​မှု​ကို​အ​ကြောင်း ပြု​၍​ချမ်း​သာ​ကြွယ်​ဝ​ကြ​လေ​ပြီ'' ဟု ကြွေး​ကြော်​လေ​၏။

သူ​သည်​မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​၍​ကာ​မ​ဂုဏ် စည်း​စိမ်​ခံ​စား​သည်​နှင့်​အ​မျှ သူ့​အား​ဝမ်း​နည်း​ကြေ​ကွဲ​ဆင်း​ရဲ ဒုက္ခ​ရောက်​စေ​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​က``ငါ​သည် မိ​ဖု​ရား​ဖြစ်​၏။ မု​ဆိုး​မ​မ​ဟုတ်။ ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ဝမ်း​နည်း​ကြေ​ကွဲ ရ​လိမ့်​မည်​မ​ဟုတ်'' ဟု မိ​မိ​ကိုယ်​ကို​ပြော​ဆို​နေ​တတ်​သော​ကြောင့်​ဖြစ်​၏။

သူ​နှင့်​ကာ​မ​ဂုဏ်​စည်း​စိမ်​ခံ​စား​ခဲ့​ကြ​သော​ကမ္ဘာ တစ်​ဝန်း​လုံး​ရှိ​ဘု​ရင်​တို့​သည် သူ့​ကို​ကျွမ်း​လောင် လျက်​ရှိ​သည့်​မီး​မှ​မီး​ခိုး​များ​ကို​မြင်​သော အ​ခါ​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ