Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ တိ 4:14

Common Language Bible

ပ​ရော​ဖက်​များ​မိန့်​ကြား​၍​သင်း​အုပ်​များ​က သင့်​အား​သိက္ခာ​တင်​မင်္ဂ​လာ​ပေး​ချိန်​တွင် သင်​ခံ ယူ​ရ​ရှိ​သည့်​ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကို​လျစ်​လူ မ​ရှု​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ဤ​သို့​ဆုံး​ဖြတ်​ကြ​ပြီး​နောက်​ထောက်​ပံ့​ငွေ များ​ကို​ဗာ​န​ဗ​နှင့်​ရှော​လု​မှ​တစ်​ဆင့် ယေ​ရု ရှ​လင်​မြို့​အ​သင်း​တော်​လူ​ကြီး​များ​ထံ​သို့ ပေး​ပို့​ကြ​၏။

ထို​အ​ခါ​သူ​တို့​သည်​အ​စာ​ရှောင်​၍​ဆု တောင်း​ပတ္ထ​နာ​ပြု​ပြီး​လျှင် ဗာ​န​ဗ​နှင့်​ရှော​လု တို့​၏​ဦး​ခေါင်း​ပေါ်​တွင်​မိ​မိ​တို့​လက်​ကို​တင် ကြ​၏။ ထို​နောက်​သူ​တို့​အား​အ​မှု​တော် ဆောင်​ရွက်​ရန်​စေ​လွှတ်​လိုက်​ကြ​၏။

ပေါ​လု​သည်​သူ​တို့​၏​ဦး​ခေါင်း​အ​ပေါ်​မှာ လက်​ကို​တင်​လိုက်​သော​အ​ခါ သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​သည်​သူ​တို့​၏​အ​ပေါ်​သို့​သက်​ရောက်​တော် မူ​၏။ ထို​အ​ခါ​သူ​တို့​သည်​ထူး​ဆန်း​သော​ဘာ သာ​စ​ကား​များ​ကို​ပြော​ကြ​၏။ ဘု​ရား​သ​ခင် ၏​တ​ရား​တော်​ကို​လည်း​ဟော​ပြော​ကြေ​ညာ ကြ​၏။-

အ​ကျွန်ုပ်​ပြော​ဆို​သည်​အ​တိုင်း​မှန်​ကန်​ကြောင်း ကို ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့်​တ​ကွ​ယု​ဒ​တ​ရား လွှတ်​တော်​အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့​က​သက်​သေ ခံ​နိုင်​ကြ​ပါ​၏။ အ​ကျွန်ုပ်​သည်​ထို​သူ​တို့​ထံ မှ​ဒ​မာ​သက်​မြို့​နေ ယု​ဒ​ညီ​အစ်​ကို​ထံ​သို့ ရေး​ပေး​လိုက်​သည့်​အ​မှာ​စာ​များ​ကို​ရ​ယူ ၏။ ထို​နောက်​ထို​လမ်း​စဉ်​တော်​ကို​လိုက်​လျှောက် သူ​တို့​အား အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ငှာ​ဖမ်း​ဆီး ချည်​နှောင်​လျက် ယေ​ရု​ရှ​လင်​မြို့​သို့​ခေါ်​ဆောင် လာ​ရန်​ဒ​မာ​သက်​မြို့​သို့​ထွက်​ခွာ​သွား​ပါ ၏။

တ​ပည့်​တော်​တို့​သည်​ထို​သူ​တို့​အား​တ​မန်​တော် တို့​၏​ရှေ့​မှောက်​သို့​ဝင်​ရောက်​စေ​ကြ​၏။ ထို​နောက် တ​မန်​တော်​တို့​သည်​ဆု​တောင်း​ပြီး​လျှင် ထို​သူ တို့​၏​ဦး​ခေါင်း​ပေါ်​မှာ​မိ​မိ​တို့​၏​လက်​ကို တင်​ကြ​၏။

ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည်​ထို​သူ​တို့​၏ အ​ပေါ်​သို့​လက်​တင်​ကြ​သော​အ​ခါ သူ​တို့ သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ ရ​ရှိ​ကြ​လေ​သည်။

သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​မ​ဆီး​တား​ကြ​နှင့်။-

ငါ့​သား​တိ​မော​သေ၊ အ​ခါ​တစ်​ပါး​က​သင့်​ကို ရည်​စူး​၍​ပ​ရော​ဖက်​တို့​ဟော​ကြား​ကြ​သည့် အ​တိုင်း ငါ​သည်​ဤ​အ​လုပ်​တာ​ဝန်​ကို​သင့်​အား ပေး​အပ်​၏။ ကောင်း​စွာ​တိုက်​ခိုက်​ရန်​ထို​ပ​ရော​ဖက် တို့​ဟော​ကြား​ခဲ့​သည့်​စ​ကား​များ​ကို​လက်​နက် သ​ဖွယ်​အ​သုံး​ပြု​လော့။-

လူ​အ​ပေါင်း​တို့​သည်​သင်​၏​တိုး​တက်​ခြင်း​ကို တွေ့​ရှိ​နိုင်​ကြ​စေ​ရန် အ​ထက်​တွင်​ဖော်​ပြ​ခဲ့​သည့် တာ​ဝန်​ဝတ္တ​ရား​တို့​ကို​စိတ်​ဝင်​စား​၍​ဆောင် ရွက်​လော့။-

သင်း​အုပ်​ဆ​ရာ​အ​လုပ်​ကို​ကောင်း​စွာ​လုပ်​ဆောင် သူ​တို့​သည် လ​စာ​ငွေ​နှစ်​ဆ​ခံ​စား​ထိုက်​သူ​များ ဖြစ်​သည်​ဟု​မှတ်​ယူ​အပ်​၏။ အ​ထူး​သ​ဖြင့် တ​ရား​ဟော​ခြင်း၊ ဆုံး​မ​သွန်​သင်​ခြင်း​တို့​ကို ကြိုး​စား​၍​လုပ်​ဆောင်​သူ​များ​သည်​ယင်း​သို့ ခံ​စား​ထိုက်​ပေ​သည်။-

သက်​သေ​ခံ​သူ​အ​နည်း​ဆုံး​နှစ်​ဦး​သုံး​ဦး​မ​ရှိ လျှင် သင်း​အုပ်​ဆ​ရာ​အား​ပြစ်​တင်​စွပ်​စွဲ​ချက် ကို​နား​မ​ထောင်​နှင့်။-

မည်​သူ့​ကို​မျှ​သိက္ခာ​တင်​မင်္ဂလာ​ပေး​ရန်​အ​လျင် စ​လို​မ​ရှိ​နှင့်။ အ​ခြား​သူ​တို့​အ​ပြစ်​ကူး​ရာ တွင်​သင်​မ​ပါ​စေ​နှင့်။ သင်​ကိုယ်​တိုင်​အ​ပြစ် ကင်း​အောင်​နေ​လော့။

ယုံ​ကြည်​ခြင်း​ဆိုင်​ရာ​ပြေး​ပွဲ​တွင်​အ​စွမ်း ကုန်​ပြေး​၍​ထာ​ဝ​ရ​အ​သက်​တည်း​ဟူ​သော အောင်​ဆု​ကို​သင်​ရ​ရှိ​စေ​ရန် သင့်​အား​ဘု​ရား သ​ခင်​ခေါ်​ယူ​တော်​မူ​သော​အ​ခါ​၌ သင် သည်​များ​စွာ​သော​အ​သိ​သက်​သေ​တို့​ရှေ့ တွင်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ခိုင်​မာ​စွာ ဝန်​ခံ​ခဲ့​ပေ​သည်။-

သို့​ဖြစ်​၍​သင့်​အ​ပေါ်​ငါ​သိက္ခာ​တင်​မင်္ဂလာ​ပေး စဉ်​အ​ခါ​က သ​ခင်​ဘု​ရား​ထံ​တော်​မှ​သင်​ရ ရှိ​သည့်​ဆု​ကျေး​ဇူး​ကို​ရှင်​သန်​လျက်​ရှိ​နေ စေ​ရန်​သင့်​အား​ငါ​သ​တိ​ပေး​နှိုး​ဆော်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ