Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ တိ 4:1

Common Language Bible

နောင်​ကာ​လ​၌​လူ​အ​ချို့​တို့​သည်​မု​သား​ပြော ဆို​သည့်​ဝိ​ညာဉ်​များ​၏​စ​ကား​ကို​နာ​ခံ​လျက် နတ်​မိစ္ဆာ​တို့​၏​သြ​ဝါ​ဒ​ကို​လိုက်​နာ​ကာ မိ​မိ တို့​၏​ယုံ​ကြည်​ခြင်း​ကို​စွန့်​လွှတ်​ကြ​လိမ့်​မည် ဟု​ဝိ​ညာဉ်​တော်​က အ​တိ​အ​လင်း​ဖော်​ပြ တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

64 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သခင်​က​မိန်း​မ​အား``သင် သည်​အ​ဘယ်​ကြောင့်​ထို​သို့​ပြု​ရ​သ​နည်း'' ဟု မေး​တော်​မူ​လျှင် ``မြွေ​က​ကျွန်​မ​ကို​လှည့်​စား သ​ဖြင့်​စား​မိ​ပါ​သည်'' ဟု​ပြန်​လည်​လျှောက် လေ​၏။

ထို​အ​ခါ​ဗေ​သ​လ​မြို့​သား​ပ​ရော​ဖက်​အို​ကြီး က``ငါ​သည်​လည်း​သင်​ကဲ့​သို့​ပင်​ပ​ရော​ဖက်​ဖြစ် ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ ကောင်း​ကင်​တမန်​တစ်​ပါး​က​သင့်​ကို​အိမ်​သို့ ဖိတ်​ခေါ်​၍​ဧည့်​ဝတ်​ပြု​ရန် ငါ့​အား​မှာ​ကြား ထား​ပါ​သည်'' ဟု​ဆို​၏။ ယင်း​သို့​ထို​ပ​ရော​ဖက် ကြီး​က​မု​သား​သုံး​၍​ပြော​ဆို​သ​ဖြင့်၊

ဟေ​ရှာ​ယ​က နောင်​လာ​လတ္တံ့​သော​ကာ​လ​၌ ယ​ခု​ဗိ​မာန်​တော်​တည်​ရာ​တောင်​တော်​သည် တောင်​တ​ကာ​တို့​ကို​လွှမ်း​မိုး​၍ အ​မြင့်​ဆုံး​ဖြစ်​လိမ့်​မည်။ လူ​မျိုး​အပေါင်း​တို့​သည်​လည်း​ထို​တောင်​တော်​သို့ လာ​ရောက်​ကြ​လိမ့်​မည်။

ဤ​ပရော​ဖက်​များ​သည်​မိ​မိ​တို့​လုပ်​ကြံ​ပြော ဆို​သည့်​မု​သား​စ​ကား​များ​ဖြင့် ငါ​၏​လူ​မျိုး တော်​အား​အ​ဘယ်​မျှ​ကြာ​ကြာ​ဆက်​လက် လမ်း​လွဲ​စေ​ကြ​မည်​နည်း။-

သို့​ရာ​တွင်​နောင်​လာ​လတ္တံ့​သော​ကာ​လ​၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ဘ​ပြည်​ကို​တစ်​ဖန် ပြန်​၍​ကောင်း​စား​လာ​စေ​မည်။ ဤ​ကား​မော​ဘ ပြည်​အ​ပေါ်​သို့​ကျ​ရောက်​မည့်​အ​ဖြစ်​အ​ပျက် နှင့်​ပတ်​သက်​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​များ​ဖြစ်​သ​တည်း။

သို့​ရာ​တွင်​နောင်​အ​ခါ​၌​ဧ​လံ​ပြည်​သား​တို့ အား​တစ်​ဖန်​ပြန်​၍​ကောင်း​စား​စေ​မည်။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ဗာ​ဗု​လုန်​ပြည်​ခေ​ဗာ​မြစ်​အ​နီး​တွင် ဗု​ဇိ​၏​သား​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သူ​ယေ​ဇ​ကျေ​လ​သည် ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သံ​ကို​ကြား​ရ​၍​တန်​ခိုး​တော်​သည်​သူ့​အ​ပေါ်​သို့​သက်​ရောက်​၏။

ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​မုန်​တိုင်း​သ​ဖွယ်​စစ်​ဆင်​တိုက်​ခိုက် လိမ့်​မည်။ အ​သင်​ဂေါ​ဂ​အ​ချိန်​ကျ​သော အ​ခါ​ငါ​၏​ပြည်​ကို​တိုက်​ခိုက်​စေ​ရန် သင့် အား​စေ​လွှတ်​မည်။ ဤ​နည်း​အား​ဖြင့်​ငါ သည်​အ​ဘယ်​သူ​ဖြစ်​ကြောင်း​လူ​မျိုး​တ​ကာ တို့​အား​သိ​ရှိ​စေ​လိမ့်​မည်။ သင့်​ကို​ငါ​ပြု စေ​သော​အ​မှု​များ​အား​ဖြင့်​လည်း ငါ​၏ သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ​တော်​ကို ပေါ်​လွင်​စေ​လိမ့်​မည်။-

ယ​ခု​ငါ​ရောက်​ရှိ​လာ​ရ​ခြင်း​အ​ကြောင်း မှာ​အ​နာ​ဂတ်​ကာ​လ​၌ သင်​၏​အ​မျိုး​သား တို့​ကြုံ​တွေ့​ကြ​ရ​မည့်​အ​ဖြစ်​အ​ပျက်​များ ကို သင့်​အား​သိ​ရှိ​နား​လည်​စေ​လို​သော ကြောင့်​ဖြစ်​သည်။ ဤ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည် အ​နာ​ဂတ်​ကာ​လ​နှင့်​သက်​ဆိုင်​သည်'' ဟု ဆို​၏။

သို့​ရာ​တွင်​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​လည်း​ကောင်း၊ သူ​တို့​၏​ဘု​ရင် ဒါ​ဝိဒ်​မင်း​၏​အ​ဆက်​အ​နွယ်​ထံ​သို့​လည်း ကောင်း​ပြန်​လာ​မည့်​အ​ချိန်​ကျ​ရောက်​လိမ့် မည်။ ထို​အ​ခါ​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား အား​ကြောက်​ရွံ့​ရို​သေ​ကြ​လိမ့်​မည်။ ကိုယ် တော်​သည်​လည်း​သူ​တို့​အား​ကောင်း​ချီး မင်္ဂ​လာ​ကို​ချ​ပေး​တော်​မူ​လိမ့်​မည်။

နောင်​ကာ​လ​တွင် ဗိ​မာန်​တော်​တည်​ရာ​တောင်​သည် အ​မြင့်​ဆုံး​တောင်​ဖြစ်​လိမ့်​မည်။ ရှိ​သ​မျှ​သော​တောင်​တို့​ထက်​ပို​မို​၍​မြင့်​မား လိမ့်​မည်။ လူ​မျိုး​များ​စွာ​တို့​သည်​ထို​တောင်​သို့​စု​ရုံး ရောက်​ရှိ​လာ​၍၊

ဗာ​လမ်​က​ဗာ​လက်​ဘု​ရင်​အား``ယ​ခု​ငါ​သည် ဆွေ​မျိုး​သား​ချင်း​တို့​ထံ​သို့​ပြန်​မည်။ သို့​ရာ​တွင် ငါ​ပြန်​၍​မ​သွား​မီ​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က​နောင်​အ​ခါ သင်​၏​အ​မျိုး​သား​တို့​အား မည်​ကဲ့​သို့​ပြု​လုပ်​မည့်​အ​ကြောင်း​ကို ငါ​သ​တိ ပေး​ခဲ့​မည်'' ဟု​ဆို​၏။-

လူ​သား​တို့​အား​ယုံ​ကြည်​ခြင်း​ပျက်​ပြယ်​စေ သော​အ​ရာ​များ​ရှိ​သည့်​အ​တွက်​လူ​သား​တို့ သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ ယုံ​ကြည်​ခြင်း​ကို​ပျက် ပြယ်​စေ​သော​အ​ရာ​များ​ကား​မု​ချ​ရှိ​မည်။ သို့ ရာ​တွင်​ယုံ​ကြည်​ခြင်း​ပျက်​ပြယ်​မှု​ကို​ဖြစ် စေ​သော​သူ​သည်​အ​မင်္ဂလာ​ရှိ​၏။

သ​ခင်​ယေ​ရှု​က ``မှောက်​မှား​လမ်း​လွဲ​စေ​သည့် အ​ရာ​များ​ကား​မု​ချ​ရှိ​မည်။ သို့​ရာ​တွင် မှောက်​မှား​လမ်း​လွဲ​မှု​ကို​ဖြစ်​စေ​သော​သူ သည်​အ​မင်္ဂ​လာ​ရှိ​၏။-

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​အ​ကြောင်း​နှင့်​စပ် လျဉ်း​၍ သမ္မာ​တ​ရား​ကို​ဖွင့်​ပြ​သည့်​ဝိ​ညာဉ် တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ သင်​တို့​အား သမ္မာ​တ​ရား​အ​ကြောင်း​အ​လုံး​စုံ​ကို​ဖွင့်​ပြ တော်​မူ​လိမ့်​မည်။ ထို​ဝိ​ညာဉ်​တော်​သည်​ကိုယ့် အ​လို​အ​လျောက်​မိန့်​ကြား​တော်​မူ​မည်​မ​ဟုတ်။ မိ​မိ​ကြား​သိ​ရ​သည့်​အ​ကြောင်း​အ​ရာ​များ ကို​သာ​သင်​တို့​အား​မိန့်​ကြား​တော်​မူ​လိမ့်​မည်။ နောက်​ဖြစ်​လတ္တံ့​သော​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​လည်း​ဖွင့်​ပြ​တော်​မူ​လိမ့်​မည်။-

ထို​သူ​တို့​သည်​သ​ခင်​ဘု​ရား​၏​အ​မှု​တော် ကို​ဆောင်​ရွက်​၍ အ​စာ​ရှောင်​လျက်​နေ​ကြ​စဉ် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က​သူ​တို့​အား ``ရှော​လု နှင့်​ဗာ​န​ဗ​တို့​ကို ငါ​၏​အ​မှု​တော်​ဆောင်​ရန် အ​တွက်​သီး​သန့်​ရွေး​ချယ်​ကြ​လော့'' ဟု​မိန့် တော်​မူ​၏။

ဧ​ပိ​ကု​ရု​နှင့်​သ​တော​အိပ်​ဟု​ခေါ်​သော အ​တွေး​အ​ခေါ်​ပ​ညာ​ရှင်​အ​ချို့​တို့​သည်​လည်း ပေါ​လု​နှင့်​အ​ချေ​အ​တင်​ဆွေး​နွေး​ကြ​၏။ ထို သူ​အ​ချို့​တို့​က ``ဤ​စ​ကား​အိုး​သည်​အ​ဘယ် အ​ရာ​ကို​ပြော​ဆို​နေ​ပါ​သ​နည်း'' ဟု​ဆို​ကြ​၏။ အ​ခြား​သူ​များ​က ``သူ​သည်​လူ​မျိုး​ခြား​တို့​၏ နတ်​ဘု​ရား​များ​အ​ကြောင်း​ကို ပြော​ဆို​နေ​ဟန် တူ​၏'' ဟု​ဆို​ကြ​၏။ ထို​သူ​တို့​ဤ​သို့​ပြော​ကြ ခြင်း​မှာ​ပေါ​လု​သည်​သ​ခင်​ယေ​ရှု​အ​ကြောင်း နှင့် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း တို့​ကို​ဟော​ပြော​နေ​သော​ကြောင့်​ဖြစ်​၏။-

သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က `သင်​သည်​ချည် နှောင်​ခြင်း​နှင့်​ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​ရ​လိမ့်​မည်' ဟူ ၍​မြို့​တိုင်း​တွင် ငါ့​အား​ကြို​တင်​သ​တိ​ပေး သည်​ကို​သာ​လျှင်​ငါ​သိ​၏။-

သူ​သည်​ကျွန်ုပ်​တို့​ထံ​သို့​လာ​၍​ပေါ​လု​၏​ခါး​ပန်း ကို​ယူ​ပြီး​လျှင် မိ​မိ​၏​ခြေ​နှင့်​လက်​တို့​ကို​ချည် နှောင်​လေ​၏။ ထို​နောက် ``ဤ​ခါး​ပန်း​ပိုင်​ရှင်​အား ယု​ဒ​အ​မျိုး​သား​တို့​က​ယေ​ရု​ရှ​လင်​မြို့​တွင် ဤ​သို့​ချည်​နှောင်​၍ လူ​မျိုး​ခြား​တို့​၏​လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်​ဟု​သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​မိန့်​တော်​မူ​သည်'' ဟု​ဆို​လေ​၏။

ဤ​သို့​ပေါ​လု​ဆို​သော​အ​ခါ​ယု​ဒ​အ​မျိုး​သား တို့​သည် အ​ချင်း​ချင်း​ပြင်း​ထန်​စွာ​ငြင်း​ခုံ​လျက် ထွက်​သွား​ကြ​၏။ ပေါ​လု​က ``ပ​ရော​ဖက်​ဟေ​ရှာ​ယ အား​ဖြင့် သင်​တို့​ဘိုး​ဘေး​တို့​အား​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဖော်​ပြ​ပုံ​မှာ​လျောက်​ပတ်​လှ​ပေ​၏။ ဖော်​ပြ​ပုံ​မှာ​ဤ​သို့​တည်း။

ဤ​သို့​ငါ​မ​ဆို​လို။ ဘု​ရား​သ​ခင်​ကို​မ​ကိုး​ကွယ် သူ​တို့​ပူ​ဇော်​သော​ယဇ်​သည် နတ်​မိစ္ဆာ​များ​အား​ပူ ဇော်​သော​ယဇ်​သာ​လျှင်​ဖြစ်​၍ ဘု​ရား​သ​ခင်​အား ပူ​ဇော်​သော​ယဇ်​မ​ဟုတ်​ကြောင်း​ကို​သာ​လျှင်​ငါ ဆို​လို​၏။ ငါ​သည်​သင်​တို့​အား​နတ်​မိစ္ဆာ​များ​နှင့် မ​ဆက်​ဆံ​စေ​လို။-

(သင်​တို့​တွင်​စိတ်​ဝမ်း​ကွဲ​ပြား​မှု​ကား​ရှိ​ရ သည်​မှန်​၏။ သို့​ရှိ​မှ​သာ​လျှင်​အ​မှန်​ဘက်​တွင် ရှိ​သော​သူ​များ​ကို​ပေါ်​လွင်​ထင်​ရှား​စေ​မည်။-)

သို့​ရာ​တွင်​ဤ​တန်​ခိုး​စွမ်း​ရည်​အ​ပေါင်း​တို့ ကို​ချ​ပေး​တော်​မူ​သော​အ​ရှင်​ကား​ဝိ​ညာဉ် တော်​တစ်​ပါး​တည်း​ဖြစ်​၏။ ဝိ​ညာဉ်​တော်​သည် မိ​မိ​အ​လို​တော်​အ​တိုင်း​လူ​တစ်​ဦး​စီ​အား ထူး​ခြား​သည့်​ဆု​ကျေး​ဇူး​ကို​ချ​ပေး​တော် မူ​သ​တည်း။

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား မိ​မိ ၏​လျှို့​ဝှက်​ချက်​ကို​ဝိ​ညာဉ်​တော်​အား​ဖြင့်​ဖော်​ပြ တော်​မူ​၏။ ဝိ​ညာဉ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို သာ​မ​က ဘု​ရား​သ​ခင်​၏​လျှို့​ဝှက်​နက်​နဲ​သော အ​ကြံ​အ​စည်​တော်​တို့​ကို​ပင်​စူး​စမ်း​ရှာ​ဖွေ တော်​မူ​ပေ​သည်။-

ဧ​ဝ​သည်​မြွေ​၏​ကောက်​ကျစ်​စဉ်း​လဲ​မှု​ဖြင့် အ​လှည့်​စား​ခံ​ရ​သ​ကဲ့​သို့​သင်​တို့​သည်​လည်း စိတ်​ဖောက်​ပြန်​ကာ ခ​ရစ်​တော်​အား​အ​ကြွင်း​မဲ့ ချစ်​ခင်​စွဲ​လမ်း​မှု​ကို​စွန့်​လွှတ်​လိုက်​ကြ​မည် လော​ဟု​ငါ​စိုး​ရိမ်​မိ​၏။-

သူ​တို့​သည်​မည်​သည့်​အ​ကြောင်း​ကြောင့် စစ်​ရှုံး​ရ​သည်​ကို​မ​သိ​ကြ။ ဖြစ်​ပျက်​သည့်​အ​ကြောင်း​အ​ရာ​ကို​လည်း နား​မ​လည်​နိုင်​ကြ။

သင်​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​၍​ဖော်​ပြ​ခဲ့ သော​အ​ခြေ​အ​နေ​သို့​ဆိုက်​ရောက်​လာ​သော အ​ခါ ထာ​ဝ​ရ​ဘု​ရား​အား​ဆည်း​ကပ်​၍ အ​မိန့်​တော်​ကို​နာ​ခံ​ကြ​လိမ့်​မည်။-

မ​မှန်​ကန်​သော​နှိမ့်​ချ​ခြင်း၊ ကောင်း​ကင်​တ​မန် တို့​အား​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​တို့​ကို​အ​လေး အ​နက်​ပြော​ဆို​၍​မိ​မိ​တို့​တွေ့​မြင်​သည့်​ဗျာ ဒိတ်​ရူ​ပါ​ရုံ​များ​ကို​အ​ကြောင်း​ပြု​ကာ မိ​မိ တို့​က​အ​ခြား​သူ​တို့​ထက်​သာ​သည်​ဟု​ပြော ဆို​တတ်​သူ​များ​က​သင်​တို့​အား​ရှုတ်​ချ​ခွင့် ကို​မ​ပေး​နှင့်။ သူ​တို့​သည်​လူ့​သ​ဘော​ဖြင့် စဉ်း​စား​ဆင်​ခြင်​လျက်​အ​ကြောင်း​မဲ့​စိတ် နေ​မြင့်​လျက်​ရှိ​ကြ​၏။-

ဆိုး​ညစ်​သူ​များ၊ အ​ယောင်​ဆောင်​လှည့်​စား​သူ များ​သည်​ဆိုး​ယုတ်​သည်​ထက်​ပို​မို​ယုတ်​စွာ​ပြု ကျင့်​လာ​ကြ​လိမ့်​မည်။ သူ​တို့​သည်​သူ​တစ်​ပါး တို့​အား​လှည့်​စား​၍​မိ​မိ​တို့​ကိုယ်​တိုင်​လည်း အ​လှည့်​စား​ခံ​ရ​လိမ့်​မည်။-

သူ​တို့​သည်​သမ္မာ​တ​ရား​ကို​နား​မ​ထောင်​ဘဲ​ဒဏ္ဍာ ရီ​စ​ကား​များ​ကို​သာ​နား​ထောင်​ကြ​လိမ့်​မည်။-

ထို​ကဲ့​သို့​သော​ပ​ညာ​သည်​အ​ထက်​မှ​သက် ရောက်​သည့်​ပ​ညာ​မ​ဟုတ်။ လော​ကီ​ဆန်​သော၊ အ​သွေး​အ​သား​နှင့်​ဆိုင်​သော၊ နတ်​မိစ္ဆာ​တို့​နှင့် ပတ်​သက်​သော​ပ​ညာ​သာ​လျှင်​ဖြစ်​ပေ​သည်။-

ဤ​ကမ္ဘာ​လော​က​မ​တည်​မ​ရှိ​မီ​က​ပင်​လျှင် ကိုယ်​တော်​အား​ဘု​ရား​သ​ခင်​ရွေး​ချယ်​သတ် မှတ်​တော်​မူ​ပြီး​လျှင်၊ ဤ​အ​ဆုံး​စွန်​သော ကာ​လ​များ​၌​သင်​တို့​၏​အ​ကျိုး​ငှာ​ထင် ရှား​ပေါ်​ထွန်း​စေ​တော်​မူ​၏။-

ဣ​သ​ရေ​လ​လူ​မျိုး​တွင်​မိစ္ဆာ​ပ​ရော​ဖက်​များ ပေါ်​ပေါက်​ခဲ့​သည်​နည်း​တူ သင်​တို့​တွင်​လည်း မိစ္ဆာ​ဆရာ​များ​ပေါ်​ပေါက်​လာ​ကြ​လိမ့်​မည်။ သူ တို့​သည်​အ​ကျိုး​ယုတ်​စေ​သော​မှား​ယွင်း​သည့် အ​ယူ​ဝါ​ဒ​များ​ကို​သင်​တို့​ထံ​သို့​ယူ​ဆောင် လာ​ပြီး​လျှင် မိ​မိ​တို့​အား​ရွေး​နှုတ်​ကယ်​တင် တော်​မူ​သော​အ​ရှင်​ကို​ပင်​လျှင်​ပစ်​ပယ်​ကြ လိမ့်​မည်။ ဤ​နည်း​အား​ဖြင့်​သူ​တို့​သည်​မိ​မိ တို့​အ​ပေါ်​တွင် ပျက်​စီး​ခြင်း​ဘေး​လျင်​မြန် စွာ​ရောက်​စေ​ကြ​လိမ့်​မည်။-

အ​ဆုံး​စွန်​သော​ကာ​လ​၌​မိ​မိ​တို့​၏​ကိ​လေ သာ​စိတ်​အ​လို​သို့​လိုက်​၍ အ​သက်​ရှင်​သော​သူ များ​ပေါ်​ပေါက်​လိမ့်​မည်​ဖြစ်​ကြောင်း​သင်​တို့ ဦး​စွာ​နား​လည်​ရ​ကြ​မည်။ ထို​သူ​တို့​သည် သင်​တို့​အား​ပြက်​ရယ်​ပြု​လျက်၊-

သား​သ​မီး​တို့၊ အ​ဆုံး​စွန်​သော​ကာ​လ​သည် ယ​ခု​နီး​လာ​လေ​ပြီ။ ခ​ရစ်​တော်​၏​ရန်​သူ​ပေါ် ပေါက်​လာ​မည်​ဖြစ်​ကြောင်း​ကို​သင်​တို့​ကြား​သိ ခဲ့​ကြ​၏။ ယ​ခု​ပင်​လျှင်​ခ​ရစ်​တော်​၏​ရန်​သူ အ​များ​အ​ပြား​ပေါ်​ပေါက်​လျက်​ရှိ​လေ​ပြီ။ ဤ အ​ချက်​ကို​ထောက်​၍​အဆုံး​စွန်​သော​ကာ​လ ရောက်​လာ​ကြောင်း​ကို​ငါ​တို့​သိ​ရ​ကြ​၏။-

သို့​ရာ​တွင်​ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ဘက် တော်​သား​များ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​ကို​သိ သော​သူ​သည်​ငါ​တို့​စ​ကား​ကို​နား​ထောင်​တတ်​၏။ ဘု​ရား​သ​ခင်​၏​ဘက်​တော်​သား​မ​ဟုတ်​သူ​မူ ကား​ငါ​တို့​စ​ကား​ကို​နား​မ​ထောင်​တတ်။ ဤ သို့​လျှင်​ငါ​တို့​သည်​သမ္မာ​ဝိ​ညာဉ်​နှင့်​မိစ္ဆာ ဝိ​ညာဉ်​ကို​ခွဲ​ခြား​၍​သိ​ရှိ​နိုင်​ကြ​၏။

``အ​ဆုံး​စွန်​သော​ကာ​လ​၌​သင်​တို့​ကို​ပြောင် လှောင်​သူ​များ၊ မိ​မိ​တို့​လို​အင်​ဆန္ဒ​ရှိ​သည့် အ​တိုင်း ဘု​ရား​မဲ့​ပြု​မူ​ကျင့်​ကြံ​သူ​များ ပေါ်​ပေါက်​လာ​လိမ့်​မည်'' ဟု​ယ​ခင်​က​သင် တို့​အား​ပြော​ကြား​ခဲ့​သည့်​စ​ကား​ကို သ​တိ​ရ​ကြ​လော့။-

အ​ဘယ်​ကြောင့်​ဆို​သော်​တ​ရား​မဲ့​သူ​လူ အ​ချို့​တို့​သည် သင်​တို့​အ​ထဲ​သို့​အ​မှတ် မ​ထင်​ဝင်​ရောက်​လျက်​ရှိ​နေ​ကြ​သော​ကြောင့် ပင်​ဖြစ်​၏။ သူ​တို့​သည်​ဘု​ရား​မ​ရှိ​သူ​များ ဖြစ်​၍ ငါ​တို့​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​မိ​မိ​တို့​၏​အ​ပျော်​အ​ပါး​လိုက်​စား​မှု များ​အ​တွက်​အ​လွဲ​သုံး​စား​ပြု​လုပ်​ကြ လျက် ငါ​တို့​၏​တစ်​ပါး​တည်း​သော​အ​ရှင် သ​ခင်​ဖြစ်​တော်​မူ​သည့်​သ​ခင်​ယေ​ရှု​ခ​ရစ် ကို​ပစ်​ပယ်​ကြ​လေ​သည်။ ထို​သူ​တို့​ကား ရှေး​မ​ဆွ​က​ပင်​လျှင် အ​ပြစ်​ဒဏ်​စီ​ရင်​ရန် သတ်​မှတ်​ထား​ခြင်း​ခံ​ရ​ကြ​သူ​များ ဖြစ်​သ​တည်း။

သူ​သည်​ပ​ထ​မ​သား​ရဲ​၏​ရှေ့​၌​ပြ​ပိုင်​ခွင့် ရှိ​သည့်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​၍ ကမ္ဘာ သူ​ကမ္ဘာ​သား​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ လေ​သည်။ ဋ္ဌား​ဒဏ်​ရာ​ကို​ရ​ရှိ​သော်​လည်း မ​သေ​ဘဲ​ရှင်​နေ​သူ​ထို​သား​ရဲ​အား ရို​သေ ဂုဏ်​ပြု​သည့်​အ​နေ​ဖြင့်​သူ​၏​ရုပ်​တု​ကို​ပြု လုပ်​ရန်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား​စေ​ခိုင်း ၏။-

သူ​တို့​သည်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​နိုင်​သော နတ်​မိစ္ဆာ​များ​၏​ဝိညာဉ်​များ​ဖြစ်​ကြ​၏။ အ​နန္တ တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏​နေ့​ကြီး​စစ်​ပွဲ​သို့ ဝင်​ရန် ကမ္ဘာ​တစ်​ဝန်း​လုံး​ရှိ​ရှင်​ဘု​ရင်​များ​အား စု​ရုံး​ခြင်း​ငှာ​သူ​တို့​သည်​ထွက်​ခွာ​သွား​ကြ​၏။

သူ​သည်​အ​သံ​ကျယ်​စွာ​ဖြင့်``ဗာ​ဗု​လုန်​မြို့​ကြီး သည်​ပျက်​သုဉ်း​လေ​ပြီ။ ဗာ​ဗု​လုန်​မြို့​ကြီး​ပျက် သုဉ်း​လေ​ပြီ။ ယ​ခု​ထို​မြို့​သည်​နတ်​မိစ္ဆာ​များ နှင့်​ညစ်​ညမ်း​သော​နတ်​တို့​နေ​ထိုင်​ရာ၊ စက်​ဆုပ် ဖွယ်​ကောင်း​သည့်​ငှက်​ဆိုး​တို့​မှီ​ခို​ရာ​အ​ရပ် ဖြစ်​လေ​ပြီ။-

သင်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ဆီ​မီး​၏​အ​လင်း ရောင်​ကို​မြင်​ရ​လိမ့်​မည်​မ​ဟုတ်။ မင်္ဂ​လာ​ဆောင်​သ​တို့ သား​နှင့်​သ​တို့​သ​မီး​၏​အ​သံ​ကို​လည်း​အ​ဘယ် အ​ခါ​၌​မျှ​ကြား​ရ​လိမ့်​မည်​မ​ဟုတ်။ သင်​၏​ကုန် သည်​ကြီး​များ​ကား​ကမ္ဘာ​တစ်​ဝန်း​လုံး​တွင်​သြ​ဇာ အာ​ဏာ​ကြီး​မား​သူ​များ​ဖြစ်​ကြ​၏။ သင်​သည် လူ​မျိုး​တ​ကာ​တို့​ကို​စုန်း​အ​တတ်​ဖြင့်​ပြု​စား ကာ​မှောက်​မှား​လမ်း​လွဲ​စေ​လေ​ပြီ'' ဟု​ဆို​လေ​၏။

သား​ရဲ​နှင့်​တ​ကွ​သူ​၏​ရှေ့​တွင်​နိ​မိတ်​လက္ခ​ဏာ များ​ကို​ပြ​သော​မိစ္ဆာ​ပ​ရော​ဖက်​သည်​အ​ဖမ်း​ခံ ရ​၏။ (ထို​မိစ္ဆာ​ပ​ရော​ဖက်​ကား​သား​ရဲ​၏​အ​မှတ် တံ​ဆိပ်​ကို​ခံ​ယူ​၍ သူ​၏​ရုပ်​တု​ကို​ရှိ​ခိုး​သူ​များ အား​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​ခြင်း​အား​ဖြင့် မှောက်​မှား​လမ်း​လွဲ​စေ​သူ​ဖြစ်​သ​တည်း။) ထို​သူ နှစ်​ဦး​စ​လုံး​ပင်​လျှင်​တောက်​လောင်​နေ​သော​ကန့် မီး​အိုင်​ထဲ​သို့​အ​ရှင်​လတ်​လတ်​ပစ်​ချ​ခြင်း​ကို ခံ​ရ​ကြ​၏။-

``အ​သင်း​တော်​တို့​အား​ဝိ​ညာဉ်​တော်​မိန့်​တော်​မူ သော​စ​ကား​များ​ကို​ကြား​တတ်​သော​နား​ရှိ​သူ တို့​ကြား​ပါ​စေ။ ``အောင်​မြင်​သော​သူ​သည်​ဒု​တိ​ယ​သေ ခြင်း​ဘေး​နှင့်​ကင်း​လွတ်​လိမ့်​မည်။

``အ​သင်း​တော်​တို့​အား​ဝိ​ညာဉ်​တော်​မိန့်​တော်​မူ သော​စ​ကား​များ​ကို​ကြား​တတ်​သော​နား​ရှိ သူ​တို့​ကြား​ပါ​စေ။ အောင်​မြင်​သော​သူ​အား​ဝှက်​ထား​သော​မန္န​မုန့် ကို​ငါ​ပေး​မည်။ ကျောက်​စ​ရစ်​ဖြူ​ကို​လည်း ငါ​ပေး​မည်။ ထို​ကျောက်​ဖြူ​ပေါ်​တွင်​အက္ခ​ရာ တင်​ထား​သည့်​နာ​မည်​သစ်​ကို​အ​ဘယ်​သူ မျှ​မ​သိ​နိုင်​ရာ။ ထို​ကျောက်​ကို​ခံ​ယူ​ရ​ရှိ သူ​သာ​လျှင်​သိ​ရှိ​နိုင်​ပေ​သည်။

အ​သင်း​တော်​တို့​အား​ဝိ​ညာဉ်​တော်​မိန့်​တော် မူ​သော​စ​ကား​များ​ကို​ကြား​တတ်​သော နား​ရှိ​သူ​တို့​ကြား​ပါ​စေ။

``အ​သင်း​တော်​တို့​အား​ဝိညာဉ်​တော်​မိန့်​တော်​မူ သော​စ​ကား​များ​ကို​ကြား​တတ်​သော​နား​ရှိ သူ​တို့​ကြား​ပါ​စေ။ ``အောင်​မြင်​သော​သူ​အား​ဘုရား​သခင်​၏​ဥ​ယျာဉ် တော်​ရှိ​အ​သက်​ပင်​၏​အ​သီး​ကို​စား​ခွင့်​ငါ ပေး​မည်။

သူ​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ​သူ​စာ​တန် သည်​လည်း ကန့်​မီး​အိုင်​ထဲ​သို့​ပစ်​ချ​ခြင်း​ကို ခံ​ရ​လေ​၏။ ထို​အိုင်​ထဲ​သို့​သား​ရဲ​နှင့်​မိစ္ဆာ​ပ​ရော ဖက်​တို့​ပစ်​ချ​ခြင်း​ခံ​ရ​ပြီး​ဖြစ်​သည်။ သူ​တို့ သည်​ကမ္ဘာ​အ​ဆက်​ဆက်​နေ့​ရော​ညဥ့်​ပါ ညှဉ်း​ပန်း​နှိပ်​စက်​ခြင်း​ကို​ခံ​ရ​ကြ​လတ္တံ့။

ဂေါ​ဂ​နှင့်​မာ​ဂေါ​ဂ​ဟု​ခေါ်​သော​ကမ္ဘာ​အ​ရပ်​လေး မျက်​နှာ​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​အား မှောက်​မှား လမ်း​လွဲ​စေ​လျက်​စစ်​တိုက်​ရန်​စု​ဝေး​စေ​လိမ့်​မည်။ သူ​တို့​သည်​အ​ရေ​အ​တွက်​အား​ဖြင့် သ​မုဒ္ဒရာ သဲ​လုံး​နှင့်​အ​မျှ​များ​သ​တည်း။-

``အ​သင်း​တော်​တို့​အား​ဝိ​ညာဉ်​တော်​မိန့်​တော် မူ​သော​စ​ကား​များ​ကို​ကြား​တတ်​သော​နား ရှိ​သူ​တို့​ကြား​ပါ​စေ။

``အ​သင်း​တော်​တို့​အား​ဝိညာဉ်​တော်​မိန့်​တော်​မူ သော​စ​ကား​များ​ကို​ကြား​တတ်​သော​နား​ရှိ​သူ တို့​ကြား​ပါ​စေ။

``အ​သင်း​တော်​တို့​အား​ဝိ​ညာဉ်​တော်​မိန့် တော်​မူ​သော​စ​ကား​များ​ကို​ကြား​တတ် သော​နား​ရှိ​သူ​တို့​ကြား​ပါ​စေ။

ဤ​ဘေး​ဒဏ်​ဖြင့်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​သော​သူ​တို့ သည်​နောင်​တ​မ​ရ​ကြ။ မိ​မိ​တို့​လက်​ဖြင့်​ပြု​လုပ် သည့်​ဘု​ရား​များ​ကို​မ​စွန့်​လွှတ်​ကြ။ နတ်​မိစ္ဆာ များ​ကို​လည်း​ကောင်း၊ မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ မ​လှုပ်​မ​ရှား​နိုင်​သော​ရွှေ၊ ငွေ၊ ကြေး၊ ကျောက်၊ သစ် သား​စ​သည်​ဖြင့်​ပြီး​သော​ရုပ်​တု​များ​ကို​လည်း ကောင်း​ကိုး​ကွယ်​လျက်​ပင်​ရှိ​နေ​ကြ​သေး​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ