Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ တိ 3:14

Common Language Bible

ငါ​သည်​ဤ​စာ​ကို​ရေး​နေ​ချိန်​၌​သင့်​ထံ​သို့ မ​ကြာ​မီ​လာ​ရောက်​ရန်​မျှော်​လင့်​လျက်​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​စု​ဝေး​ကြ​သော​အ​ခါ​တွင်​ဘု​ရား​သ​ခင် ၏​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ခြင်း​နှင့်​ကင်း​လွတ် နိုင်​စေ​ရန် ဆာ​မွတ်​သော​သူ​သည်​မိ​မိ​အိမ်​တွင် စား​သောက်​စေ။ အ​ခြား​ကိစ္စ​များ​နှင့်​ပတ်​သက်​၍ ငါ​လာ​သည့်​အ​ခါ​ဖြေ​ရှင်း​မည်။

ငါ​တို့​သည်​သင်​တို့​ထံ​သို့​တစ်​ဖန်​လာ​ရောက် လို​ကြ​၏။ ငါ​ကိုယ်​တိုင်​သင်​တို့​ထံ​သို့​လာ​ရန် တစ်​ကြိမ်​နှစ်​ကြိမ်​ကြိုး​စား​ခဲ့​၏။ သို့​ရာ​တွင် စာ​တန်​က​ငါ​တို့​အား​ဆီး​တား​လေ​သည်။-

မိ​မိ​တို့​၏​အ​လုပ်​တာ​ဝန်​ကို​အောင်​မြင်​စွာ ဆောင်​ရွက်​ကြ​သော​သင်း​ထောက်​လူ​ကြီး​များ သည်​ဂုဏ်​ရည်​မြင့်​လျက် မိ​မိ​တို့​၏​ခ​ရစ်​တော် ကို​ယုံ​ကြည်​ခြင်း​အ​ကြောင်း​တ​ရား​ကို ရဲ​ရင့်​စွာ​ဟော​ပြော​နိုင်​ကြ​၏။

သို့​ရာ​တွင်​အ​ကယ်​၍​ငါ​လာ​ရောက်​ရန်​နှောင့်​နှေး ကြန့်​ကြာ​နေ​ခဲ့​သော် ဘု​ရား​သ​ခင်​၏​အိမ်​ထောင် စု​သား​တို့​အ​ဘယ်​သို့​ပြု​မူ​ကျင့်​ကြံ​သင့်​သည် ကို​သင်​သိ​ရှိ​နိုင်​စေ​ရန် ဤ​စာ​ကို​ရေး​လိုက်​ရ ခြင်း​ဖြစ်​ပေ​သည်။ ထို​အိမ်​ထောင်​စု​ကား​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​သခင်​၏​အ​သင်း​တော် ပင်​တည်း။ ထို​အ​သင်း​တော်​သည်​သမ္မာ​တ​ရား​၏ မဏ္ဍိုင်​ဖြစ်​၏။-

ငါ​လာ​သည်​တိုင်​အောင်​လူ​ပ​ရိ​သတ်​ရှေ့ ကျမ်း​စာ​တော်​ကို​ဖတ်​ခြင်း၊ တ​ရား​ဟော​ခြင်း၊ သွန်​သင်​ဆုံး​မ​ခြင်း​တို့​ကို​ဂ​ရု​ပြု​လော့။-

ထို့​အ​ပြင်​ငါ​တည်း​ခို​ရန်​အ​ခန်း​တစ်​ခု​ကို အ​သင့်​ပြင်​ထား​ပါ​လော့။ အ​ဘယ်​ကြောင့်​ဆို သော်​ဘု​ရား​သ​ခင်​သည်​သင်​တို့​အ​ပေါင်း​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၍ ငါ့ အား​သင်​တို့​ထံ​သို့​ပြန်​လည်​ရောက်​ရှိ​စေ​တော် မူ​လိမ့်​မည်​ဟု​ငါ​မျှော်​လင့်​သော​ကြောင့်​ဖြစ်​၏။

ငါ​တို့​၏​ညီ​တိ​မော​သေ​သည် အ​ကျဉ်း​ထောင်​မှ လွတ်​၍​လာ​ပြီ​ဖြစ်​ကြောင်း​သင်​တို့​အား​သိ​စေ လို​၏။ အ​ကယ်​၍​သူ​သည်​ငါ့​ထံ​သို့​အ​ချိန်​မီ ရောက်​ရှိ​လာ​ပါ​က သင်​တို့​နှင့်​တွေ့​ဆုံ​ရန်​ငါ လာ​သော​အ​ခါ​သူ့​ကို​ခေါ်​ခဲ့​ပါ​မည်။

သင်​တို့​အား​ပြော​စ​ရာ​များ​စွာ​ရှိ​သော်​လည်း ငါ​သည်​စာ​အား​ဖြင့်​မ​ရေး​ဘဲ ငါ​တို့​၏​ရွှင်​လန်း ဝမ်း​မြောက်​ခြင်း​ပြည့်​ဝ​စုံ​လင်​စေ​ရန် ငါ​သည် သင်​တို့​ထံ​သို့​အ​လည်​အ​ပတ်​လာ​၍ သင်​တို့ နှင့်​ကိုယ်​တိုင်​တွေ့​ဆုံ​ပြော​ဆို​ရန်​မျှော်​လင့်​၏။

ငါ​သည်​သင့်​ထံ​သို့​မ​ကြာ​မီ​ရောက်​၍​သင်​နှင့် မျက်​နှာ​စုံ​ညီ​တွေ့​ဆုံ​ပြော​ဆို​နိုင်​လိမ့်​မည်​ဟု မျှော်​လင့်​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ