အာဒံကိုဦးစွာဖန်ဆင်းတော်မူပြီးမှဧဝ ကိုဖန်ဆင်းတော်မူပေသည်။-
သို့ဖြစ်၍ဘုရားသခင်သည် မိမိနှင့်ပုံ သဏ္ဌာန်တူသောလူယောကျာ်း၊ လူမိန်းမ ကိုဖန်ဆင်းတော်မူ၍၊-
ထိုနောက်ထာဝရအရှင်ဘုရားသခင်က``လူ သည်တစ်ယောက်တည်းနေထိုင်ရန်မသင့်။ သူ့ အားကူညီရန် သင့်တော်သောအဖော်ကိုငါ ဖန်ဆင်းပေးမည်'' ဟုမိန့်တော်မူ၏။-
ထိုနောက်ထိုနံရိုးဖြင့်မိန်းမကိုဖန်ဆင်း၍ လူ၏ထံသို့ခေါ်ဆောင်ခဲ့တော်မူ၏။-
ထိုနောက်ထာဝရအရှင်ဘုရားသခင်သည် မြေဖြင့်လူကိုဖန်ဆင်းပြီးလျှင် လူ၏နှာခေါင်း ထဲသို့ဇီဝအသက်ကိုမှုတ်သွင်းတော်မူရာ လူသည် အသက်ရှင်သောသတ္တဝါဖြစ်လာ ၏။
မိန်းမအားလည်း``သင်သည်ကိုယ်ဝန်ဆောင်ခြင်း ဖြင့်ဒုက္ခပိုများလာမည်။ သားဖွားခြင်းဝေဒနာ ကိုခံရမည်။ သို့သော်လည်းသင်သည် မိမိခင်ပွန်း ကိုစုံမက်နေလိမ့်မည်။ သင့်အပေါ်မှာသူ၏ သြဇာညောင်းရလိမ့်မည်'' ဟုမိန့်တော်မူ၏။
အာဒံ သည်မိမိ၏မယားအားဧဝဟုမှည့်ခေါ်လေ ၏။ အဘယ်ကြောင့်ဆိုသော်သူသည် လူသတ္တဝါ အပေါင်းတို့၏မိခင်ဖြစ်သောကြောင့်တည်း။-