Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ တိ 1:8

Common Language Bible

ပ​ညတ်​တ​ရား​ကို​အ​သုံး​ပြု​သင့်​သည်​အ​တိုင်း အ​သုံး​ပြု​လျှင် ပ​ညတ်​တ​ရား​သည်​ကောင်း​မြတ် ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​တော်​မူ​၍ သိ​နာ​တောင်​တွင်​ကိုယ်​တော်​၏​လူ​မျိုး​တော်​အား မိန့်​မြွက်​တော်​မူ​ပါ​၏။ သူ​တို့​အား​မွန်​မြတ်​သည့်​ပ​ညတ်​တော်​များ​နှင့် မှန်​ကန်​သော​သြ​ဝါ​ဒ​များ​ကို​ပေး​တော်​မူ ပါ​၏။

သင်​တို့​သည်​လော​ကီ​စံ​နှုန်း​ကို​လိုက်​၍​မ​ကျင့် ကြ​နှင့်။ သင်​တို့​သည်​မိ​မိ​တို့​၏​စိတ်​နှ​လုံး​ကို ဘု​ရား​သ​ခင်​လုံး​ဝ​ပြောင်း​လဲ​စေ​သော​အား ဖြင့် စိတ်​သ​ဘော​သစ်​ကို​ခံ​ယူ​လျက်​ပုံ​သဏ္ဌာန် ပြောင်း​လဲ​ကြ​လော့။ သို့​ပြု​လျှင်​ကောင်း​မြတ် သော​အ​ရာ၊ ကိုယ်​တော်​နှစ်​သက်​ဖွယ်​သော​အ​ရာ၊ အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သော​အ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​အ​လို​ရှိ​တော်​မူ​သော​အ​ရာ သည်​အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို​သင်​တို့​သိ ရှိ​ကြ​လိမ့်​မည်။

ငါ​သည်​မိ​မိ​မ​ပြု​ကျင့်​လို​သော​အ​မှု​ကို​ပြု ကျင့်​၏။ သို့​ဖြစ်​၍​ပ​ညတ်​တ​ရား​မှန်​ကန်​ကြောင်း ကို​ငါ​ဝန်​ခံ​၏။-

ငါ​၏​လူ့​ဇာ​တိ​၌​ကောင်း​သော​အ​ရာ​မ​ရှိ​ကြောင်း ငါ​သိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ့​မှာ​အ​ကျင့် ကောင်း​ကို ပြု​ကျင့်​လို​သော​စိတ်​ရှိ​သော်​လည်း​ပြု ကျင့်​နိုင်​စွမ်း​ကား​မ​ရှိ​သော​ကြောင့်​ဖြစ်​၏။-

ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား​တော်​ကို ငါ​၏ စိတ်​နှ​လုံး​က​နှစ်​သက်​ဝမ်း​မြောက်​စွာ​လက်​ခံ ၏။-

ဤ​သို့​ဆို​ရာ​၌​ပ​ညတ်​တ​ရား​နှင့်​ဘု​ရား သ​ခင်​၏​က​တိ​တော်​တို့​သည် ဆန့်​ကျင်​ဘက် ဖြစ်​၍​နေ​ပါ​သ​လော။ အ​ဘယ်​နည်း​နှင့်​မျှ မ​ဟုတ်။ အ​ကယ်​၍​အ​သက်​ရှင်​စေ​နိုင်​သည့် ပ​ညတ်​တ​ရား​ကို​လူ​သား​တို့​ရ​ရှိ​ခဲ့​ပါ လျှင် လူ​တိုင်း​ပင်​ထို​ပ​ညတ်​တ​ရား​ကို​စောင့် ထိန်း​ခြင်း​ဖြင့်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​ခွင့်​ကို​ရ​ရှိ​နိုင်​ကြ​မည်​သာ​ဖြစ်​၏။-

အား​က​စား​မှု​ဆိုင်​ရာ​စည်း​ကမ်း​ဥ​ပ​ဒေ​များ ကို​မ​လိုက်​နာ​လျှင် အ​ဘယ်​အား​က​စား​သ​မား မျှ​အောင်​ပန်း​ကို​ဆွတ်​ခူး​နိုင်​လိမ့်​မည်​မ​ဟုတ်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ