Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 9:24

Common Language Bible

အ​ပြေး​ပြိုင်​ပွဲ​တွင်​လူ​အ​များ​အ​ပြား​ပင်​ဝင် ရောက်​ယှဉ်​ပြိုင်​ကြ​သော်​လည်း တစ်​ယောက်​တည်း သာ​လျှင်​အောင်​ဆု​ကို​ရ​ရှိ​ကြောင်း​သင်​တို့​သိ ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​အောင်​ဆု​ကို ဆွတ်​ခူး​နိုင်​ရန်​ပြေး​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

မိ​မိ​အိပ်​ခန်း​မှ​ထွက်​၍​လာ​သော​မင်္ဂ​လာ ဆောင် သ​တို့​သား​ကဲ့​သို့​လည်း​ကောင်း၊ အ​ပြေး​ပြိုင်​ရန်​ဆန္ဒ​စော​လျက်​ရှိ​သည့် အား​က​စား​သ​မား​ကဲ့​သို့​လည်း​ကောင်း နေ​သည်​ထွက်​ပြူ​လာ​၏။

တဖန် နေအောက်မှာရှိသော အမှုအရာတို့ကို ငါပြန်၍ ကြည့်ရှုသောအခါ၊ လျင်မြန်သောသူသည် ပြိုင်၍ ပြေးသော်လည်း မနိုင်တတ်။ ခွန်အားကြီးသောသူသည် စစ်တိုက်၍ မအောင်တတ်။ ပညာရှိသောသူသည် ဝစွာ မစားတတ်။ ဥာဏ်ကောင်းသောသူသည် စည်းစိမ်ကို မရတတ်။ လိမ္မာသောသူသည် သူတပါးရှေ့၌ မျက်နှာ မရတတ်။ ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်ကို ငါမြင် ၏။

ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရ​မိ၊အ​ကယ်​၍​သင်​သည် လူ​တို့​နှင့်​အ​ပြေး​ပြိုင်​ရာ​တွင်​မော​ပန်း​နေ​ပါ​မူ မြင်း​များ​နှင့်​အ​ဘယ်​သို့​အ​ပြေး​ပြိုင်​နိုင်​မည် နည်း။ သင်​သည်​လွင်​ပြင်​တွင်​လဲ​နေ​လျှင်​ယော်​ဒန်​မြစ် အ​နီး​ရှိ တော​အုပ်​များ​၌​အ​ဘယ်​သို့​ခံ​ရပ်​နိုင်​မည်​နည်း။

``ငါ​သည်​ပ​ရော​ဖက်​တို့​အား​ဗျာ​ဒိတ်​ပေး ၍ ရူ​ပါ​ရုံ​များ​စွာ​ကို​မြင်​စေ​ခဲ့​ပြီ။ သူ​တို့ အား​ဖြင့်​ငါ​၏​လူ​မျိုး​တော်​ကို​သ​တိ​ပေး ခဲ့​ပြီ။-

လူ​တစ်​စုံ​တစ်​ယောက်​၏​စေ​စား​မှု​ကို​ခံ​သော သူ​သည် စေ​စား​သူ​၏​ကျွန်​ဖြစ်​ကြောင်း​သင်​တို့ ကောင်း​စွာ​သိ​ကြ​၏။ အ​ကယ်​၍​သင်​တို့​သည် အ​ပြစ်​တ​ရား​၏​စေ​စား​မှု​ကို​ခံ​ကြ​ပါ​မူ သင် တို့​ခံ​စား​ရ​မည့်​အ​ကျိုး​ဆက်​ကား​သေ​ခြင်း ပင်​ဖြစ်​၏။ အ​ကယ်​၍​သင်​တို့​သည်​ဘု​ရား​သခင် ၏​စ​ကား​ကို​နာ​ခံ​ကြ​မည်​ဆို​ပါ​က​ကိုယ်​တော် နှင့်​မှန်​ကန်​စွာ​ဆက်​သွယ်​မှု​ကို​ရ​ရှိ​ကြ​လိမ့်​မည်။-

ဗိ​မာန်​တော်​တွင်​အ​မှု​ထမ်း​ဆောင်​သူ​များ​သည် ဗိ​မာန်​တော်​မှ​အ​စား​အ​စာ​ကို​ရ​ကြ​သည် ကို​လည်း​ကောင်း၊ ယဇ်​ပူ​ဇော်​သူ​များ​သည်​လည်း ယဇ်​ကောင်​မှ​ဝေ​စု​ကို​ရ​ကြ​သည်​ကို​လည်း ကောင်း​သင်​တို့​မ​သိ​ကြ​ပါ​သ​လော။-

သ​တင်း​ကောင်း​၏​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို ဝေ​မျှ​နိုင်​ရန် ငါ​သည်​သ​တင်း​ကောင်း​အ​ကျိုး​ငှာ ဤ​အ​မှု​ခပ်​သိမ်း​ကို​ပြု​ခြင်း​ဖြစ်​သည်။-

ထို့​ကြောင့်​ငါ​သည်​ပန်း​ဝင်​ရာ​သို့ တည့်​မတ်​စွာ ပြေး​၏။ ငါ​သည်​မိ​မိ​လက်​သီး​စွမ်း​ကို​အ​ချည်း နှီး​မ​ဖြုန်း​တီး​သည့်​လက်​ဝှေ့​သ​မား​နှင့်​တူ​၏။-

ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​အ​တိုင်း ဤ​သို့ သွား​ရောက်​ခြင်း​ဖြစ်​သည်။ ငါ​သည်​ခေါင်း​ဆောင် များ​နှင့်​သာ​တွေ့​ဆုံ​ကာ​လူ​မျိုး​ခြား​တို့​အား ငါ​ဟော​ပြော​ကြေ​ညာ​သည့်​သ​တင်း​ကောင်း ကို​တင်​ပြ​၏။ ဤ​သို့​တင်​ပြ​ရ​ခြင်း​မှာ ယ​ခင် အ​ခါ​က​သော်​လည်း​ကောင်း၊ ယ​ခု​အ​ခါ ၌​သော်​လည်း​ကောင်း ငါ​ကြိုး​စား​ဆောင်​ရွက် သည့်​အ​မှု​တော်​ကို​အ​ချည်း​နှီး​မ​ဖြစ်​စေ လို​သော​ကြောင့်​ဖြစ်​၏။-

ယ​ခင်​က​သင်​တို့​ပြု​ကျင့်​ကြ​ပုံ​မှာ အ​လွန် လျောက်​ပတ်​ပေ​သည်။ သမ္မာ​တ​ရား​တော်​ကို မ​လိုက်​မ​နာ​စေ​ရန်​ယ​ခု​သင်​တို့​အား အ​ဘယ် သူ​ဆီး​တား​သ​နည်း။ ထို​သူ​သည်​သင်​တို့​အား အ​ဘယ်​သို့​သွေး​ဆောင်​သ​နည်း။-

ငါ​သည်​အောင်​မြင်​မှု​ကို​ရ​ရှိ​ပြီ၊ အြုပစ်​ဆို​ဖွယ်​မ​ရှိ​သူ ဖြစ်​ပြီ​ဟု​မ​ဆို​လို။ သို့​ရာ​တွင်​ထို​ဆု​ကို​ငါ့​အား​ပေး ရန်​အ​တွက်​ခ​ရစ်​တော်​ယေ​ရှု​သည်​ငါ့​ကို​ဆွဲ​ဆောင် ရ​ရှိ​တော်​မူ​ပြီ​ဖြစ်​ရာ​ငါ​သည်​ထို​ဆု​ကို​ရ​ရှိ​နိုင်​ရန် ကြိုး​စား​လျက်​နေ​၏။-

သို့​ဖြစ်​၍​ငါ​သည်​ဆု​ကို​ရ​ရန်​ပန်း​တိုင်​သို့​ရှေး​ရှု လျက်​ပြေး​၏။ ထို​ဆု​ကား​အ​ထက်​အ​ရပ်​၌​အ​သက် ရှင်​ရေး​အ​တွက်​ခရစ်​တော်​ယေ​ရှု​အား​ဖြင့်​ဘု​ရား သ​ခင်​ဖိတ်​ခေါ်​တော်​မူ​ခြင်း​ပင်​ဖြစ်​သ​တည်း။

မ​မှန်​ကန်​သော​နှိမ့်​ချ​ခြင်း၊ ကောင်း​ကင်​တ​မန် တို့​အား​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​တို့​ကို​အ​လေး အ​နက်​ပြော​ဆို​၍​မိ​မိ​တို့​တွေ့​မြင်​သည့်​ဗျာ ဒိတ်​ရူ​ပါ​ရုံ​များ​ကို​အ​ကြောင်း​ပြု​ကာ မိ​မိ တို့​က​အ​ခြား​သူ​တို့​ထက်​သာ​သည်​ဟု​ပြော ဆို​တတ်​သူ​များ​က​သင်​တို့​အား​ရှုတ်​ချ​ခွင့် ကို​မ​ပေး​နှင့်။ သူ​တို့​သည်​လူ့​သ​ဘော​ဖြင့် စဉ်း​စား​ဆင်​ခြင်​လျက်​အ​ကြောင်း​မဲ့​စိတ် နေ​မြင့်​လျက်​ရှိ​ကြ​၏။-

ထို့​ကြောင့်​ဤ​မျှ​များ​စွာ​သော​သက်​သေ​အ​ပေါင်း တို့​သည်​ငါ​တို့​အား​ဝိုင်း​ရံ​လျက်​ရှိ​သည်​ဖြစ်​၍ ငါ​တို့​သည်​အ​နှောင့်​အ​ယှက်​ဖြစ်​သော​ဝန်​ရှိ​သ​မျှ ကို​လည်း​ကောင်း၊ မိ​မိ​တို့​အား​တွယ်​ကပ်​လျက်​နေ သည့်​အ​ပြစ်​ဟူ​သ​မျှ​ကို​လည်း​ကောင်း​ဖယ်​ရှား ပြီး​လျှင် ငါ​တို့​မျက်​မှောက်​၌​ထား​သော​ပန်း​တိုင် သို့​ရောက်​ခြင်း​ငှာ​ဇွဲ​လုံ့​လ​ဖြင့်​ပြေး​ကြ​ကုန် အံ့။-

စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​ကြံ့​ကြံ့​ခံ​နိုင်​သော သူ​သည်​မင်္ဂ​လာ​ရှိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ထို​သူ​သည်​ယင်း​သို့​ခံ​နိုင်​သည်​ရှိ​သော် ဘု​ရား သ​ခင်​ကို​ချစ်​သော​သူ​တို့​အား​ကိုယ်​တော်​က​တိ ထား​တော်​မူ​သည့်​အ​သက်​တည်း​ဟူ​သော​ဆု ကို​ရ​ရှိ​မည်​ဖြစ်​သော​ကြောင့်​တည်း။-

ငါ​သည်​မ​ကြာ​မီ​ကြွ​လာ​မည်။ သင်​၏​ဆု သ​ရ​ဖူ​ကို​အ​ဘယ်​သူ​မျှ​မ​လု​မ​ယူ​နိုင်​စေ​ရန် သင်​ရ​ရှိ​ထား​သော​အ​ရာ​ကို​လုံ​ခြုံ​စွာ​ထိန်း သိမ်း​၍​ထား​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ