Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 9:16

Common Language Bible

ငါ​၏​ဝါ​ကြွား​မှု​ကို​အ​ချည်း​နှီး​ဖြစ်​စေ​ရန် ပြု​လုပ်​ခွင့်​ကို​မည်​သူ​အား​မျှ​ပေး​လိမ့်​မည် မ​ဟုတ်။ သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရ​သည့် အ​တွက် ငါ့​မှာ​ဝါ​ကြွား​နိုင်​ခွင့်​မ​ရှိ။ ငါ​သည် အ​မိန့်​တော်​အ​ရ​ကြေ​ညာ​ခြင်း​ဖြစ်​သည်။ အ​ကယ်​၍​ထို​သ​တင်း​ကောင်း​ကို​မ​ကြေ ညာ​လျှင် ငါ​သည်​အ​ဘယ်​မျှ​အ​မင်္ဂ​လာ ရှိ​လိမ့်​မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ငါ​က​လည်း၊``ငါ​၌​မျှော်​လင့်​စ​ရာ​မ​ရှိ​တော့​ပြီ။ ငါ​သည်​အ​မင်္ဂ​လာ​ရှိ​ပါ​သည်​တ​ကား။ ငါ​၏​နှုတ်​ထွက်​စ​ကား​မှန်​သ​မျှ​သည်​ညစ်​ညမ်း​၍ ညစ်​ညမ်း​သော​စ​ကား​ကို​သာ​လျှင်​ပြော​ဆို​တတ်​သူ​တို့​အ​ထဲ​တွင်​ငါ​နေ​ထိုင်​ရ​၏။ သို့​ရာ​တွင်​ယ​ခု​ငါ​သည် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​ဘု​ရင်​မင်း​ကို​ဖူး​မြင်​ရ​လေ​ပြီ'' ဟု​ဆို​၏။

သင်​သည်​ရဲ​ဝံ့​စွာ​သွား​၍​ထို​သူ​တို့​အား ငါ​မိန့် မှာ​တော်​မူ​သ​မျှ​ကို​ပြော​ကြား​လော့။ သူ​တို့ ကို​မ​ကြောက်​နှင့်။ အ​ကယ်​၍​သင်​သည်​သူ​တို့ ကို​ကြောက်​လျက်​နေ​ပါ​မူ ငါ​သည်​သင့်​အား သူ​တို့​ရှေ့​တွင်​ပို​၍​ပင်​ကြောက်​လန့်​လာ​စေ လိမ့်​မည်။

အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​အား​လှည့်​စား​တော်​မူ​သ​ဖြင့်၊ ကျွန်​တော်​မျိုး​သည်​အ​လှည့်​စား​ခံ​ရ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ထက် ခွန်​အား​ကြီး​တော်​မူ​သည်​ဖြစ်​၍၊ ကျွန်​တော်​မျိုး​ကို​အ​နိုင်​ရ​တော်​မူ​ပါ​၏။ လူ​တိုင်း​ပင်​ကျွန်​တော်​မျိုး​ကို​ပြောင်​လှောင်​ကြ ပါ​ပြီ။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား တစ်​နေ​ကုန်​တစ်​နေ​ခန်း​ပြက်​ရယ်​ပြု​ကြ​ပါ​၏။

သို့​ရာ​တွင်``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လိုက်​ပါ​တော့​အံ့။ ကိုယ်​တော်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ မ​ဟော​မ​ပြော​လို​တော့​ပြီ'' ဟု ကျွန်​တော်​မျိုး​ဆို​သော​အ​ခါ၊ကိုယ်​တော်​ရှင်​၏ ဗျာ​ဒိတ်​တော်​သည် ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​အ​တွင်း​၌​မီး​ကဲ့​သို့ တောက်​လောင်​ကာ ကျွန်​တော်​မျိုး​သည်​ထို​ဗျာ​ဒိတ်​တော်​ကို​ကိုယ် အ​တွင်း​၌ ပိတ်​လှောင်​ရန်​ကြိုး​စား​ပါ​သော်​လည်း​ချုပ်​ကိုင်​၍ မ​ထား​နိုင်​တော့​ပါ။

ခြင်္သေ့​ဟောက်​လိုက်​လျှင်​မည်​သူ​မ​ကြောက်​ဘဲ နေ​နိုင်​သ​နည်း။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​လျှင် မည် သူ​က​ဗျာ​ဒိတ်​တော်​ကို​မ​ကြွေး​ကြော်​ဘဲ နေ​နိုင်​မည်​နည်း။

ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​သိုး​ကျောင်း နေ​ရာ​မှ​ခေါ်​ယူ​ပြီး လူ​မျိုး​တော်​ဣ​သ​ရေ​လ ထံ​သို့​သွား​ရောက်​၍​ဗျာ​ဒိတ်​ပေး​ရန်​စေ​ခိုင်း တော်​မူ​ခဲ့​သည်။-

ရွှေ​ငါး​ပိ​ဿာ​ရ​သူ​သည်​ချက်​ချင်း​ပင်​ကူး​သန်း ရောင်း​ဝယ်​မှု​ကို​ပြု​သ​ဖြင့်​အ​မြတ်​ရွှေ​ငါး​ပိ​ဿာ ကို​ရ​၏။-

သ​ခင်​ယေ​ရှု​က ``ထွန်​ကိုင်း​ကို​ကိုင်​လျက်​နောက် သို့​လှည့်​ကြည့်​သူ​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​အ​တွက်​အ​သုံး​မ​ဝင်'' ဟု​မိန့်​တော်​မူ​၏။

ငါ​တို့​မူ​ကား​မိ​မိ​တို့​ကြား​ရ​မြင်​ရ​သည့် အ​မှု​အ​ရာ​များ​အ​ကြောင်း​ကို​မ​ဟော​မ ပြော​ဘဲ​မ​နေ​နိုင်​ပါ'' ဟု​ပြန်​ပြော​ကြ​၏။-

သို့​ရာ​တွင်​သ​ခင်​ဘု​ရား​က ``သွား​လော့။ ဤ သူ​ကား​လူ​မျိုး​ခြား​များ၊ ရှင်​ဘု​ရင်​များ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​၏​အ​ကြောင်း ကို​ဟော​ပြော​ကြေ​ညာ​ရန်​ငါ​ရွေး​ချယ်​ထား သူ​ဖြစ်​၏။-

သို့​သော်​သင်​သည်​ထ​၍​မြို့​ထဲ​သို့​ဝင်​လော့။ သင်​ပြု​ရ​မည့်​အ​မှု​ကို​ထို​အ​ရပ်​တွင်​သိ​ရှိ ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

လူ​ယဉ်၊ လူ​ရိုင်း၊ ပ​ညာ​ရှိ၊ ပ​ညာ​မဲ့၊ ရှိ​ရှိ​သ​မျှ သော​သူ​တို့​အ​တွက်​ငါ့​မှာ​တာ​ဝန်​ရှိ​သ​ဖြင့်၊-

ထို့​ကြောင့်​ငါ​သည်​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​လျက် ဘု​ရား​သ​ခင်​၏ အ​မှု​တော်​ကို​ဆောင်​ရွက်​ရ​သည့်​အ​တွက်​ဂုဏ် ယူ​ဝါ​ကြွား​နိုင်​၏။-

အ​ကယ်​၍​အာ​ဗြ​ဟံ​သည်​မိ​မိ​၏​အ​ကျင့် သီ​လ​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​ခွင့်​ကို​ရ​ရှိ​ပါ​မူ သူ့​မှာ​ဂုဏ်​ယူ​ဝါ ကြွား​စ​ရာ​အ​ကြောင်း​ရှိ​ပေ​သည်။ သို့​ရာ​တွင် သူ​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​တွင် ထို​သို့​ဂုဏ်​ယူ​ဝါ​ကြွား​မှု​ကို​မ​ပြု​နိုင်။-

သင်​တို့​သည်​ခ​ရစ်​တော်​ကို​လက်​ခံ​ပြီး​နောက် သင်​တို့​အား​သွန်​သင်​မည့်​ဆ​ရာ​ထောင်​ပေါင်း များ​စွာ​ရှိ​သော်​လည်း ဖ​ခင်​ကား​တစ်​ဦး​တည်း သာ​ရှိ​ပေ​သည်။ ငါ​သည်​သ​တင်း​ကောင်း​ကို ကြေ​ညာ​ခြင်း​အား​ဖြင့် သင်​တို့​အား​ခ​ရစ်​တော် နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​သည့်​မွေး သ​ဖ​ခင်​ဖြစ်​လာ​၏။-

သင်​တို့​ထံ​မှ​အ​ခြား​သူ​တို့​သည်​ဤ​သို့​ရ ပိုင်​ခွင့်​ရှိ​လျှင် ငါ​တို့​သည်​ပို​၍​ပင်​ရ​ပိုင်​ခွင့် ရှိ​သည်​မ​ဟုတ်​လော။ သို့​သော်​ငါ​တို့​သည်​ထို​အ​ခွင့်​အ​ရေး​ကို မ​ယူ​ခဲ့​ကြ။ ခ​ရစ်​တော်​အ​ကြောင်း​သ​တင်း ကောင်း​ပျံ့​နှံ့​ရေး​အ​တွက် အ​ဆီး​အ​တား မ​ဖြစ်​စေ​ရန်​တွေ့​ကြုံ​ရ​သော​အ​ခက်​အ​ခဲ ရှိ​သ​မျှ​ကို​ရင်​ဆိုင်​သည်း​ခံ​ခဲ့​ကြ​၏။-

ထို​နည်း​တူ​စွာ​သတင်း​ကောင်း​ကို​ဟော​ပြော ကြေ​ညာ​သူ​တို့​သည်​လည်း သ​တင်း​ကောင်း အား​ဖြင့်​အ​သက်​မွေး​ရ​မည်​ဟူ​၍​သ​ခင် ဘု​ရား​မိန့်​မှာ​တော်​မူ​ခဲ့​၏။

ခ​ရစ်​တော်​၏​အ​ကြောင်း​သ​တင်း​ကောင်း​ကို​ကြေ ညာ​ရန်​တ​ရော​မြို့​သို့​ငါ​ရောက်​ရှိ​လာ​သော​အ​ခါ အ​မှု​တော်​ကို​ထမ်း​ဆောင်​နိုင်​ရန်​တံ​ခါး​ကို သ​ခင်​ဘု​ရား​ဖွင့်​ပေး​တော်​မူ​၏။-

သ​ခင်​ဘု​ရား​ပေး​အပ်​ခြင်း​ခံ​ရ​သည့်​အ​မှု​တော် ကို​အ​ပြီး​တိုင်​ဆောင်​ရွက်​ရန်​အာ​ခိပ္ပု​အား​ပြော ကြား​ကြ​လော့။

ငါ​သည်​သင်​တို့​အ​တွက်​ဆု​တောင်း​ပတ္ထ​နာ​မ​ပြု ဘဲ​နေ​ခြင်း​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား ခြင်း​မှ​ကင်း​ဝေး​ပါ​စေ​သော။ ငါ​သည်​သင်​တို့ အား​ကောင်း​ရာ​မှန်​ရာ​ကို​သာ​လျှင်​သင်​ကြား ပေး​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ