၁ ကော 8:8Common Language Bibleအစားအစာသည်ဘုရားသခင်၏ရှေ့တော် တွင်အဋ္ဌိကမဟုတ်။ အစားအစာကိုမစား ဘဲနေလျှင်ငါတို့မှာအရှုံးမရှိ။ စားလျှင် လည်းအမြတ်မရ။ အခန်းကိုကြည့်ပါ။ |
``အစားအစာသည်ဝမ်းအတွက်ဖြစ်၏။ ဝမ်း သည်လည်းအစားအစာအတွက်ဖြစ်၏'' ဟု သင်တို့ဆိုလိမ့်မည်။ ဤစကားသည်မှန်ပေ၏။ သို့ရာတွင်ဘုရားသခင်သည်ထိုအရာနှစ်ခု လုံးကိုဖျက်ဆီးပစ်တော်မူလိမ့်မည်။ ကိုယ်ခန္ဓာ သည်ကာမဂုဏ်လိုက်စားရန်အတွက်မဟုတ်။ သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်ရန် အတွက်ဖြစ်၏။ ဘုရားသခင်သည်လည်းကိုယ် ခန္ဓာလိုအပ်သည်များကိုချပေးတော်မူ၏။-
သင်တို့သည်လမ်းလွဲ၍ကွဲလွဲထူးခြားသော အယူဝါဒအမျိုးမျိုးတို့ဆွဲဆောင်ရာသို့ လိုက်ပါမသွားကြနှင့်။ အစားအစာနှင့် ဆိုင်သောပညတ်များကိုစောင့်ထိန်းခြင်း မဟုတ်ဘဲ ဘုရားသခင်၏ကျေးဇူးတော် မှငါတို့ဝိညာဉ်ခွန်အားရရှိလျှင်ကောင်း ပေ၏။ ထိုပညတ်များကိုစောင့်ထိန်းသူ တို့သည်ကောင်းကျိုးကိုမခံရကြပေ။