Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 8:11

Common Language Bible

သို့​ဖြစ်​၍​အား​နည်း​သူ​ညီ​အစ်​ကို​အ​တွက် ခ​ရစ်​တော်​အ​သေ​ခံ​ခဲ့​ပါ​သော်​လည်း​သင် ၏ ``အ​သိ​ပ​ညာ'' ကြောင့်​ထို​သူ​သည်​ပျက်​စီး ရ​တော့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ပုပ်​ပျက်​တတ်​သော​အ​စာ​အာ​ဟာ​ရ​အ​တွက် မ​ကြိုး​ပမ်း​ကြ​နှင့်။ ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ စေ​သော​မ​ပုပ်​ပျက်​နိုင်​သော​အ​စာ​အာ​ဟာ​ရ အ​တွက်​ကြိုး​ပမ်း​ကြ​လော့။ ဘု​ရား​သ​ခင်​သည် လူ​သား​အား​တန်​ခိုး​အာ​ဏာ​ကို​အပ်​နှင်း​တော် မူ​သည်​ဖြစ်​၍ လူ​သား​သည်​ထို​အ​စာ​အာ​ဟာ​ရ ကို​သင်​တို့​အား​ပေး​တော်​မူ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။

အ​ကယ်​၍​သင်​သည်​မိ​မိ​စား​သော​အ​စား အ​စာ​အား​ဖြင့်​ညီ​အစ်​ကို​တစ်​စုံ​တစ်​ယောက် အား​စိတ်​အ​နှောင့်​အ​ယှက်​ဖြစ်​စေ​ပါ​မူ ထို သူ​၏​အ​ပေါ်​တွင်​မေတ္တာ​တ​ရား​ကင်း​မဲ့​စွာ ပြု​ကျင့်​ရာ​ရောက်​၏။ ထို​သူ​၏​အ​တွက်​ခ​ရစ် တော်​သည်​အ​သေ​ခံ​တော်​မူ​ခဲ့​သည်​ဖြစ်​ရာ တစ်​စုံ​တစ်​ခု​သော​အ​စား​အ​စာ​ကို​သင် စား​ခြင်း​ကြောင့်​ထို​သူ​အား​အ​ကျိုး​မ​နည်း စေ​နှင့်။-

သင်​တို့​သည်​လည်း​ငါ​ကဲ့​သို့​ပြု​ကြ​လော့။ ငါ သည်​လူ​တို့​ကယ်​တင်​ခြင်း​ခံ​ရ​စေ​ရန်​မိ​မိ​ပြု သ​မျှ​သော​အ​မှု​တို့​တွင် ကိုယ်​ကျိုး​ကို​မ​ငဲ့ ဘဲ​လူ​အ​ပေါင်း​တို့​၏​အ​ကျိုး​ကို​ငဲ့​၍​သူ တို့​နှစ်​သက်​အောင်​ပြု​၏။

ထို့​ကြောင့်​အ​သား​ကို​စား​ခြင်း​သည်​ညီ​အစ်​ကို အား​မှောက်​မှား​လမ်း​လွဲ​စေ​မည်​ဆို​ပါ​က ငါ သည်​ငါ့​ညီ​အစ်​ကို​အား​မ​မှောက်​မှား​လမ်း မ​လွဲ​စေ​ရန်​အ​သား​ကို​မ​စား​ဘဲ​နေ​မည်။

ထို့​ကြောင့်​ရုပ်​တု​ကို​ပူ​ဇော်​သည့်​အ​စား​အ​စာ နှင့်​ပတ်​သက်​၍​ပြော​ရ​သော် ရုပ်​တု​ဟူ​သည်​မှာ သက်​ရှင်​လှုပ်​ရှား​မှု​မ​ရှိ​ကြောင်း​ကို​လည်း ကောင်း၊ တစ်​ဆူ​တည်း​သော​ဘု​ရား​မှ​တစ်​ပါး အ​ခြား​ဘု​ရား​မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း ငါ​တို့​သိ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ