၁ ကော 7:39Common Language Bibleဇနီးဖြစ်သူသည်မိမိ၏ခင်ပွန်းအသက်ရှင် သမျှကာလပတ်လုံးချည်နှောင်မှုရှိ၏။ ခင်ပွန်း သေဆုံးသွားသောအခါ၌မူ မိမိနှစ်သက်သူ မည်သူနှင့်မဆိုထိမ်းမြားလက်ထပ်နိုင်၏။ သို့ ရာတွင်ထိုထိမ်းမြားလက်ထပ်မှုသည်ယုံကြည် သူအချင်းချင်းထိမ်းမြားလက်ထပ်မှုသာ လျှင်ဖြစ်ရမည်။- အခန်းကိုကြည့်ပါ။ |
ယုဒပြည်သူတို့သည်ဘုရားသခင်နှင့် မိမိတို့ထားရှိသည့်သစ္စာကတိကိုဖျက် လျက် ယေရုရှလင်မြို့နှင့်ယုဒပြည်တစ် ခုလုံး၌စက်ဆုတ်ဖွယ်ကောင်းသည့်အမှု ကိုပြုကြလေပြီ။ သူတို့သည်ထာဝရ ဘုရားမြတ်နိုးတော်မူသည့်ဗိမာန်တော် ကိုညစ်ညမ်းစေကြလေပြီ။ အမျိုးသား တို့သည်လည်းလူမျိုးခြားဘုရားများ ကိုကိုးကွယ်သူအမျိုးသမီးများနှင့် စုံဖက်ကြလေပြီ။-
သို့သော်မယုံကြည်သူမဟုတ်သူအမျိုးသား ကသော်လည်းကောင်း၊ အမျိုးသမီးကသော် လည်းကောင်း ကွာရှင်းလိုလျှင်ကွာရှင်းပါစေ။ ဤ အမှုမျိုးတွင်ယုံကြည်သူခင်ပွန်းဖြစ်စေ၊ ဇနီး ဖြစ်စေလွတ်လပ်စွာပြုနိုင်ခွင့်ရှိ၏။ ဘုရားသခင် သည်သင်တို့အား သင့်တင့်အေးချမ်းစွာနေထိုင် ကြစေရန် ခေါ်ယူရွေးကောက်တော်မူ၏။-