၁ ကော 7:26Common Language Bibleယခုကြုံတွေ့နေရသည့်ခေတ်ဆိုးကြောင့်အမျိုး သားတစ်ယောက်သည် ရှိမြဲအခြေအနေအတိုင်း ဆက်လက်နေထိုင်လျှင်ကောင်းပေမည်။- အခန်းကိုကြည့်ပါ။ |
သို့သော်အိမ်ထောင်ပြုလျှင်လည်းအပြစ်တစ်စုံ တစ်ရာကူးလွန်ခြင်းမဟုတ်။ အိမ်ထောင်မရှိ သည့်အမျိုးသမီးသည်အိမ်ထောင်ပြုခဲ့သော် မည်သည့်အပြစ်ကိုမျှမကူးလွန်။ သို့ရာတွင် အိမ်ထောင်သည်တို့နေ့စဉ်တွေ့ကြုံကြရမည့် ဆင်းရဲဒုက္ခများနှင့် သင်တို့အားကင်းဝေးစေ လို၍ဤသို့ငါပြောရခြင်းဖြစ်၏။
သခင်ဘုရားကြွလာတော်မူရာနေ့ကျ ရောက်ပြီဖြစ်ကြောင်းလူတို့ပြောဆိုသည် ကိုကြားရသောအခါ သင်တို့သည်ရုတ်တရက် စိတ်ရှုပ်ထွေးကာမတည်မငြိမ်မဖြစ်ကြနှင့်။ ဤသို့ပြောဆိုခြင်းသည်ငါတို့ပရောဖက် ပြုခြင်းအားဖြင့်ပြောသောစကားဟူ၍ ဖြစ်စေ၊ ငါတို့တရားဟောရာတွင်ပြောသော စကားဟူ၍ဖြစ်စေ၊ ငါတို့စာတွင်ပါရှိ သည့်စကားဟူ၍ဖြစ်စေလူတို့ထင် ကောင်းထင်ကြပေလိမ့်မည်။-