Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 7:23

Common Language Bible

သင်​တို့​ကို​ဘု​ရား​သ​ခင်​သည်​အ​ဖိုး​အ​ခ​ပေး ၍​ဝယ်​ယူ​ထား​တော်​မူ​သ​ဖြင့်​လူ​တို့​ထံ​တွင် ကျွန်​မ​ခံ​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ကျွန်​များ​ဖြစ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​၏။ သူ​တို့​ကို​ကျွန် ရောင်း​ကျွန်​ဝယ်​မ​ပြု​ရ။-

``မည်​သူ​မျှ​သ​ခင်​နှစ်​ဦး​၏​အ​စေ​ကို​မ​ခံ​နိုင်။ သ​ခင် တစ်​ဦး​ကို​မုန်း​၍​တစ်​ဦး​ကို​ချစ်​လိမ့်​မည်။ သ​ခင်​တစ်​ဦး ကို​သစ္စာ​စောင့်​၍​တစ်​ဦး​ကို​မ​လေး​မ​ခန့်​ပြု​လိမ့်​မည်။ သင်​တို့​သည်​တစ်​ချိန်​တည်း​၌​ဘု​ရား​သ​ခင်​၏ အ​စေ​နှင့်​လော​က​စည်း​စိမ်​၏​အ​စေ​ကို​မ​ခံ​နိုင်​ကြ။

သို့​ဖြစ်​၍​သင်​တို့​သည်​မိ​မိ​တို့​ကို​ကိုယ်​လည်း ကောင်း၊ သင်​တို့​လက်​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ပေး​အပ်​ထား​သည့်​သိုး​စု​ကို​လည်း​ကောင်း​စောင့် ရှောက်​ကြည့်​ရှု​ကြ​လော့။ ဘု​ရား​သ​ခင်​၏​အ​သင်း တော်​ကို​သိုး​ထိန်း​သ​ဖွယ်​စောင့်​ထိန်း​ကြည့်​ရှု​ကြ လော့။ ကိုယ်​တော်​သည်​မိ​မိ​သား​တော်​အ​သေ​ခံ သော​အား​ဖြင့် ထို​အ​သင်း​တော်​ကို​မိ​မိ​ပိုင်​ဆိုင် ရာ​ဖြစ်​စေ​တော်​မူ​သည်။-

ကိုယ်​တော်​သည်​သင်​တို့​အား​အ​ဖိုး​အ​ခ​ပေး ၍​ဝယ်​ယူ​ထား​တော်​မူ​သ​ဖြင့် သင်​တို့​၏​ကိုယ် ခန္ဓာ​ကို​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် ထွန်း​တောက်​စေ​ရန်​အ​တွက်​အ​သုံး​ပြု​ကြ လော့။

ငါ​တို့​အား​ဆိုး​ညစ်​မိုက်​မဲ​မှု​အ​ပေါင်း​မှ​ကယ် ဆယ်​တော်​မူ​ရန်​လည်း​ကောင်း၊ ငါ​တို့​သည်​စိတ် နှ​လုံး​ဖြူ​စင်​သန့်​ရှင်း​လျက်​ကိုယ်​တော်​သာ လျှင်​ပိုင်​တော်​မူ​သော​သူ​များ​ဖြစ်​လျက် အ​ကျင့် ကောင်း​များ​၌​စိတ်​အား​ထက်​သန်​ကြ​စေ​ရန် လည်း​ကောင်း​ခ​ရစ်​တော်​သည်​ငါ​တို့​အ​တွက် မိ​မိ​ကိုယ်​ကို​စွန့်​တော်​မူ​၏။

အ​ဘယ်​ကြောင့်​ဆို​သော်​ခ​ရစ်​တော်​ကိုယ်​တိုင် ပင်​လျှင် ငါ​တို့​၏​အ​ပြစ်​များ​အ​တွက်​အ​ပြီး အ​ပိုင်​အ​သေ​ခံ​တော်​မူ​ခဲ့​သော​ကြောင့်​ဖြစ်​၏။ ကိုယ်​တော်​သည်​သူ​တော်​စင်​ဖြစ်​တော်​မူ​၍​မ​သူ တော်​တို့​အ​တွက်​အ​သေ​ခံ​တော်​မူ​လေ​ပြီ။ ယင်း သို့​ပြု​တော်​မူ​ခြင်း​မှာ​သင်​တို့​အား​ဘု​ရား သ​ခင်​ထံ​တော်​သို့​ပို့​ဆောင်​ပေး​ရန်​ပင်​ဖြစ်​၏။ ကိုယ်​တော်​သည်​ကိုယ်​ခန္ဓာ​အား​ဖြင့်​အ​သေ သတ်​ခြင်း​ကို​ခံ​ရ​သော်​လည်း​ဝိ​ညာဉ်​အား ဖြင့်​အ​သက်​ပြန်​၍​ရှင်​တော်​မူ​၏။-

``ကိုယ်​တော်​ရှင်​သည်​အ​သေ​သတ်​ခြင်း​ကို ခံ​တော်​မူ​သော​အား​ဖြင့်၊ တိုင်း​နိုင်​ငံ​အ​သီး​သီး​ရှိ​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ကို​ပြော​ဆို​သော၊ လူ​အ​မျိုး​အ​နွယ်​ခပ်​သိမ်း​တို့​မှ​လူ​တို့​ကို ဘု​ရား​သခင်​အ​ဖို့​ဝယ်​ယူ​တော်​မူ​ပါ​၏။ ထို့​ကြောင့်​ကိုယ်​တော်​ရှင်​သည်​ဤ​စာ​လိပ်​တော် ကို ယူ​၍​ချိပ်​တံ​ဆိပ်​များ​ကို​ဖွင့်​ထိုက်​သူ​ဖြစ်​ပါ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ