၁ ကော 7:2Common Language Bibleသို့သော်ကာမဂုဏ်လိုက်စားမှုများလွန်စွာ များပြားလျက်နေသဖြင့် အမျိုးသားတိုင်း မှာဇနီးရှိသင့်၏။ အမျိုးသမီးတိုင်းမှာလည်း ခင်ပွန်းရှိသင့်၏။- အခန်းကိုကြည့်ပါ။ |
ထိုနောက်သင်တို့ကအဘယ်ကြောင့်ဤသို့ ကိုယ်တော်လက်မခံတော့ဘဲနေတော်မူပါ သနည်းဟုမေးကြ၏။ ကိုယ်တော်လက်မခံ တော့သည့်အကြောင်းမှာသင်တို့သည်ငယ်စဉ် အခါက လက်ထပ်ထိမ်းမြားခဲ့သူဇနီး အားပေးအပ်ခဲ့သည့်ကတိသစ္စာကိုချိုး ဖောက်လိုက်ကြကြောင်းကိုယ်တော်သိမြင် တော်မူသောကြောင့်ဖြစ်ပေသည်။ ထိုဇနီး သည်သင်၏အဆွေခင်ပွန်းဖြစ်ပါ၏။ သင် သည်သူ၏အပေါ်တွင်သစ္စာစောင့်ပါမည် ဟုဘုရားသခင်၏ရှေ့တော်၌ကတိ ပြုခဲ့ပါသော်လည်းထိုကတိသစ္စာကို ချိုးဖောက်ခဲ့လေပြီ။-
သို့ရာတွင်လူတစ်စုံတစ်ယောက်သည်မိမိ၏ဇနီး အားအကျင့်ဖောက်ပြားမှုမရှိဘဲကွာရှင်း၍ ထို အမျိုးသမီးကလည်းနောက်အိမ်ထောင်ပြုသည် ဆိုပါမူ ထိုသူသည်မိမိ၏ဇနီးအားမျောက်မ ထားစေရာရောက်၏။ ထိုအမျိုးသမီးနှင့်အိမ် ထောင်ပြုသူသည်လည်းသူတစ်ပါး၏အိမ်ရာ ကိုပြစ်မှားရာရောက်၏ဟုသင်တို့အားငါဆို၏။
ထိုသူတို့ကလူတို့အားထိမ်းမြားမင်္ဂလာမ ပြုရန်နှင့်အချို့သောအစားအစာများကို ရှောင်ကြဉ်ကြစေရန်သွန်သင်ကြ၏။ သို့ရာတွင် ယုံကြည်၍သမ္မာတရားတော်ကိုသိကျွမ်းသူ တို့သည်ကျေးဇူးတော်ကိုချီးမွမ်းလျက် စား သောက်နိုင်ကြစေရန်ဤအစားအစာများ ကိုဘုရားသခင်ဖန်ဆင်းထားတော်မူ၏။-
အကယ်၍သူတို့၏ဖခင်များသို့မဟုတ် မောင်များကလာရောက်ကန့်ကွက်လျှင် သင် တို့သည်သူတို့အား`ထိုအမျိုးသမီးတို့ကို ငါတို့အားသိမ်းပိုက်ခွင့်ပြုပါ။ အဘယ်ကြောင့် ဆိုသော်ငါတို့သည်သင်တို့အားတိုက်ခိုက်၍ သူတို့ကိုသိမ်းယူခြင်းမဟုတ်သောကြောင့် ဖြစ်ပါသည်။ ထိုမှတစ်ပါးသူတို့ကိုငါတို့ အားပေးစားသူမှာသင်တို့မဟုတ်သဖြင့် သင်တို့သည်မိမိတို့၏ကတိသစ္စာကိုချိုး ဖောက်ရာမရောက်ပါ' ဟုပြန်ပြောကြ လော့'' ဟူ၍မှာထားကြ၏။