Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 7:17

Common Language Bible

မည်​သို့​ပင်​ဆို​စေ၊ လူ​အ​သီး​သီး​တို့​သည်​သ​ခင် ဘု​ရား​ပေး​တော်​မူ​သည့်​ဆု​ကျေး​ဇူး​များ​နှင့် အ​ညီ ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​စဉ် အ​ခါ​က​ရှိ​ခဲ့​သည့်​အ​ခြေ​အ​နေ​အ​တိုင်း ဆက်​လက်​၍​အ​သက်​ရှင်​ရာ​၏။ ဤ​နည်း​အ​တိုင်း အ​သင်း​တော်​အား​လုံး​အား​ငါ​ဟော​ပြော​သွန် သင်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

အ​ချို့​သော​သူ​တို့​တွင်​မွေး​စ​က​ပင်​အိမ်​ထောင် ပြု​နိုင်​ရန်​စွမ်း​ရည်​မ​ပါ​မ​ရှိ​ကြ။ အ​ချို့​တို့​မှာ လူ​တို့​က​ထို​စွမ်း​ရည်​ကို​ဖျက်​ဆီး​ပစ်​လိုက်​သော ကြောင့်​အိမ်​ထောင်​ပြု​၍​မ​ရ​ကြ။ အ​ချို့​မှာ​မူ ကောင်း​ကင်​နိုင်​ငံ​တော်​၏​အ​ကျိုး​ကို​ထောက်​၍ အိမ်​ထောင်​မ​ပြု​ဘဲ​နေ​ကြ​၏။ အိမ်​ထောင်​မ​ပြု ဘဲ​နေ​နိုင်​သူ​သည်​အိမ်​ထောင်​မ​ပြု​စေ​နှင့်'' ဟု မိန့်​တော်​မူ​၏။

ယု​ဒ​အ​မျိုး​သား​တို့​က​သော်​လည်း​ကောင်း၊ လူ​မျိုး​ခြား​တို့​က​သော်​လည်း​ကောင်း ဘု​ရား သ​ခင်​၏​အ​သင်း​တော်​ဝင်​တို့​က​သော်​လည်း ကောင်း ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း​မ​ဖြစ်​စေ​ရန် နေ​ထိုင်​ကြ​လော့။-

ဤ​ကိစ္စ​နှင့်​ပတ်​သက်​၍​စော​ဒ​က​တက်​လို​သူ အား​ငါ​တို့​၌​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏ အ​သင်း​တော်​များ​၌​လည်း​ကောင်း ယင်း​သို့ ခေါင်း​ဖုံး​အုပ်​သည့်​ထုံး​စံ​မှ​လွဲ​၍​အ​ခြား ထုံး​စံ​မ​ရှိ​ကြောင်း​ငါ​ဖြေ​ဆို​အံ့။

သင်​တို့​စု​ဝေး​ကြ​သော​အ​ခါ​တွင်​ဘု​ရား​သ​ခင် ၏​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ခြင်း​နှင့်​ကင်း​လွတ် နိုင်​စေ​ရန် ဆာ​မွတ်​သော​သူ​သည်​မိ​မိ​အိမ်​တွင် စား​သောက်​စေ။ အ​ခြား​ကိစ္စ​များ​နှင့်​ပတ်​သက်​၍ ငါ​လာ​သည့်​အ​ခါ​ဖြေ​ရှင်း​မည်။

အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​သည် စည်း​မဲ့​ကမ်း​မဲ့​ပြု​မူ​ခြင်း​ကို​လို​လား​တော် မ​မူ။ ငြိမ်​ဝပ်​ပိ​ပြား​မှု​ကို​လို​လား​တော်​မူ သော​ကြောင့်​ဖြစ်​သည်။ ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​အ​ပေါင်း​တို့​တွင် ကျင့်​သုံး​သည့်​မူ​အ​တိုင်း၊-

ယု​ဒ​ပြည်​ရှိ​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အား ထောက်​ပံ့​ရန်​အ​တွက်​အ​လှူ​ငွေ​များ​နှင့်​ပတ်​သက် ၍ ဂ​လာ​တိ​ပြည်​ရှိ​အ​သင်း​တော်​များ​သို့​ငါ ညွှန်​ကြား​ခဲ့​သည်​အ​တိုင်း​သင်​တို့​ပြု​ကြ​လော့။-

ထို​အ​ကြောင်း​ကြောင့်​ငါ​သည်​တိ​မော​သေ​ကို သင်​တို့​ထံ​သို့​စေ​လွှတ်​လိုက်​ပါ​မည်။ သူ​သည် ခ​ရစ်​ယာန်​သက်​တမ်း​၌ ငါ​ချစ်​မြတ်​နိုး​၍​သစ္စာ ရှိ​သော​သား​ဖြစ်​ပါ​၏။ သူ​သည်​ငါ​လိုက်​လျှောက် ကျင့်​သုံး​သော​အ​ရပ်​ရပ်​ရှိ​အ​သင်း​တော် အ​ပေါင်း​တို့​အား ငါ​ဟော​ပြော​သွန်​သင်​ခဲ့​သော၊ ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သော ဘ​ဝ​သစ်​လမ်း​စဉ်​ကို သင်​တို့​အား​ပြန်​လည် သ​တိ​ရ​စေ​ပါ​လိမ့်​မည်။

အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ယူ​ပြီး​သူ​သည် ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ရ​လျှင် အ​ရေ​ဖျား​လှီး မင်္ဂ​လာ​ဆိုင်​ရာ​အ​မှတ်​အ​သား​များ​ကို​စွန့်​ပယ် ရန်​မ​လို။ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​ယူ​ခဲ့​သူ သည်​ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ရ​လျှင်​အ​ရေ ဖျား​လှီး​မင်္ဂ​လာ​ခံ​ယူ​ရန်​မ​လို။-

ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ရွေး​ကောက်​တော်​မူ ခြင်း​ခံ​ရ​စဉ်​အ​ခါ​က​ရှိ​ခဲ့​သည့်​အ​ခြေ​အ​နေ ၌​ပင် ဘု​ရား​သ​ခင်​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​လျက် ဆက်​လက်​နေ​ထိုင်​ရ​ကြ​၏။

အ​ကယ်​စင်​စစ်​ငါ​သည်​လူ​တိုင်း​ကို​ငါ​ကဲ့​သို့​ပင် ဖြစ်​စေ​လို​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​လူ တစ်​ဦး​စီ​အား​ထူး​ခြား​သည့်​ဆု​ကျေး​ဇူး​ကို ပေး​တော်​မူ​၏။

ဤ​ဆင်း​ရဲ​ဒုက္ခ​များ​နှင့်​အ​ခြား​ဆင်း​ရဲ​ဒုက္ခ များ​အ​ပြင်​အ​သင်း​တော်​တို့​အ​တွက်​နေ့ စဉ်​စိုး​ရိမ်​ပူ​ပန်​လျက်​ရှိ​ရ​၏။-

ငါ​တို့​သည်​သူ​နှင့်​အ​တူ​ညီ​အစ်​ကို​တစ် ယောက်​ကို​စေ​လွှတ်​လိုက်​၏။ ထို​သူ​သည် သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ​ညာ​သော အ​မှု​တော်​ဆောင်​တစ်​ယောက်​အ​နေ​ဖြင့် အ​သင်း​တော်​အ​ပေါင်း​တို့​၏​လေး​စား​ကြည် ညို​မှု​ကို ခံ​ရ​သူ​ဖြစ်​၏။-

သို့​သော်​ထို​အ​ချိန်​က​ယု​ဒ​ပြည်​ရှိ​ခ​ရစ်​ယာန် အ​သင်း​တော်​ဝင်​အ​ပေါင်း​တို့​သည် ငါ​နှင့်​တွေ့​ဆုံ သိ​ကျွမ်း​ခွင့်​ကို​မ​ရ​ကြ​သေး။-

ညီ​အစ်​ကို​တို့၊ သင်​တို့​၏​အ​တွေ့​အ​ကြုံ​မှာ ယု​ဒ​ပြည်​ခ​ရစ်​ယာန်​များ​ဖြစ်​သည့်​ဘု​ရား သ​ခင်​၏​အ​သင်း​တော်​ဝင်​တို့​အ​တွေ့​အ​ကြုံ နှင့်​တူ​ပေ​သည်။ သင်​တို့​သည်​မိ​မိ​တို့​အ​မျိုး သား​များ​၏​လက်​တွင်​ဆင်း​ရဲ​ဒုက္ခ​ရောက် ကြ​သ​ကဲ့​သို့ ထို​သူ​တို့​သည်​လည်း​ယု​ဒ အ​မျိုး​သား​များ​၏​လက်​တွင်​ဆင်း​ရဲ ဒုက္ခ​ရောက်​ရ​ကြ​၏။-

ထို့​ကြောင့်​ငါ​တို့​ကိုယ်​တိုင်​ပင်​လျှင်​သင်​တို့ အ​ကြောင်း​ကို​ဘု​ရား​သ​ခင်​၏​အ​သင်း​တော် များ​တွင်​ဂုဏ်​ယူ​ပြော​ဆို​ကြ​၏။ သင်​တို့​သည် ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​နှင့်​ဆင်း​ရဲ​ဒုက္ခ​များ​ကို ခံ​ရ​သော်​လည်း​ကြံ့​ခိုင်​လျက်၊ ယုံ​ကြည်​ခြင်း ခိုင်​မြဲ​လျက်​ရှိ​သည်​ကို​ထောက်​၍​ငါ​တို့ ဂုဏ်​ယူ​ပြော​ဆို​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ