Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 7:11

Common Language Bible

ခွဲ​ခွာ​၍​နေ​လျှင်​လည်း​နောက်​ထပ်​အိမ်​ထောင် မ​ပြု​ဘဲ​နေ​ရ​မည်။ သို့​မ​ဟုတ်​မိ​မိ​လင်​နှင့် ပြန်​လည်​၍​ပေါင်း​သင်း​ရ​မည်။ လင်​သည်​လည်း မိ​မိ​မ​ယား​ကို​မ​ကွာ​မ​ရှင်း​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က၊ ``ဇ​နီး​သည်​ကို​ကွာ​ရှင်း​ပစ် လိုက်​သည့် ယောကျာ်း​ကဲ့​သို့၊ ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​နှင်​ထုတ်​လိုက် သည်​ဟု သင်​တို့​ထင်​မှတ်​ကြ​ပါ​သ​လော။ ယင်း​သို့​နှင်​ထုတ်​လိုက်​ပါ​မူ​ဖြတ်​စာ​များ​ကား အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။ မိ​မိ​၏​သား​သ​မီး​များ​ကို​ကျွန်​အ​ဖြစ် ရောင်း​စား​သူ​ကဲ့​သို့၊ငါ​သည်​သင်​တို့​အား သုံ့​ပန်း​အ​ဖြစ်​ဖြင့်​ရောင်း​ချ​လိုက်​သည်​ဟု​သင်​တို့ ထင်​မှတ်​ကြ​ပါ​သ​လော။ သင်​တို့​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​ကြ သည်​မှာ သင်​တို့​၏​အ​ပြစ်​များ​ကြောင့်​ဖြစ်​ပေ​သည်။ သင်​တို့​သည်​မိ​မိ​တို့​ကူး​လွန်​ကြ​သည့် ရာ​ဇ​ဝတ်​မှု​များ​ကြောင့်​အ​နှင်​ခံ​ရကြ​ခြင်း ဖြစ်​၏။

ထာ​ဝ​ရ​ဘု​ရား​က``အ​ကယ်​၍​တစ်​စုံ​တစ် ယောက်​သည် မိ​မိ​၏​ဇ​နီး​ကို​ကွာ​ရှင်း​လိုက် သော​အ​ခါ ထို​အ​မျိုး​သ​မီး​သည်​သူ​၏​ထံ မှ​ထွက်​ခွာ​၍​အ​ခြား​အ​မျိုး​သား​တစ်​ဦး နှင့်​အိမ်​ထောင်​ပြု​၏။ ထို​အ​ခါ​ပ​ထ​မ​ခင်​ပွန်း သည်​မိ​မိ​၏​ဇ​နီး​ဟောင်း​ကို​တစ်​ဖန်​ပြန်​၍ မ​သိမ်း​မ​ယူ​အပ်။ ပြန်​၍​သိမ်း​ယူ​ခဲ့​သော်​ထို တိုင်း​ပြည်​သည်​လုံး​ဝ​ညစ်​ညမ်း​၍​သွား​ပေ မည်။ သို့​ရာ​တွင်​အ​ချင်း​ဣ​သ​ရေ​လ၊ သင်​သည် ချစ်​သူ​အ​မြောက်​အ​မြား​ထား​ပြီး​မှ ယ​ခု ငါ့​ထံ​သို့​ပြန်​၍​လာ​လို​သည်​တ​ကား။-

သို့​ရာ​တွင်​လူ​တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​၏​ဇ​နီး အား​အ​ကျင့်​ဖောက်​ပြား​မှု​မ​ရှိ​ဘဲ​ကွာ​ရှင်း​၍ ထို အ​မျိုး​သ​မီး​က​လည်း​နောက်​အိမ်​ထောင်​ပြု​သည် ဆို​ပါ​မူ ထို​သူ​သည်​မိ​မိ​၏​ဇ​နီး​အား​မျောက်​မ ထား​စေ​ရာ​ရောက်​၏။ ထို​အ​မျိုး​သ​မီး​နှင့်​အိမ် ထောင်​ပြု​သူ​သည်​လည်း​သူ​တစ်​ပါး​၏​အိမ်​ရာ ကို​ပြစ်​မှား​ရာ​ရောက်​၏​ဟု​သင်​တို့​အား​ငါ​ဆို​၏။

ထို​မှ​တစ်​ပါး​မိ​မိ​ခင်​ပွန်း​ကို​ကွာ​၍ အ​ခြား အ​မျိုး​သား​တစ်​ယောက်​နှင့်​အိမ်​ထောင်​ပြု​သော အ​မျိုး​သ​မီး​သည်​လည်း မိ​မိ​ခင်​ပွန်း​၏​အိမ်​ရာ ကို​ပြစ်​မှား​၏'' ဟု​မိန့်​တော်​မူ​၏။

ထို​အ​ခါ​ဖာ​ရိ​ရှဲ​တို့​သည်​အ​ထံ​တော်​သို့​လာ ၍ ``လူ​တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​၏​မ​ယား​နှင့် ကွာ​ရှင်း​အပ်​ပါ​သ​လော'' ဟု​ပ​ရိ​ယာယ်​ဆင်​၍ မေး​လျှောက်​ကြ​၏။

``မိ​မိ​၏​ဇ​နီး​ကို​ကွာ​၍​အ​ခြား​အ​မျိုး​သ​မီး တစ်​ယောက်​နှင့်​အိမ်​ထောင်​ပြု​သော​သူ​သည်​လည်း သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၏။ ကွာ​ရှင်း​ထား သော​အ​မျိုး​သ​မီး​တစ်​ဦး​နှင့်​အိမ်​ထောင်​ပြု​သော သူ​သည်​လည်း​သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၏။

အိမ်​ထောင်​သည်​များ​အား​ငါ​ပ​ညတ်​လို​၏။ ယင်း ပ​ညတ်​မှာ​ငါ​၏​ပ​ညတ်​မ​ဟုတ်။ သ​ခင်​ဘု​ရား ၏​ပ​ညတ်​ဖြစ်​၏။ မ​ယား​သည်​မိ​မိ​၏​လင်​နှင့် ခွဲ​ခွာ​၍​မ​နေ​ရ။-

(သ​ခင်​ဘု​ရား​ပ​ညတ်​တော်​မ​မူ​သော်​လည်း) အ​ခြား​သူ​တို့​အား​ငါ​ပ​ညတ်​လို​သည်​မှာ ယုံ​ကြည်​သူ​အ​မျိုး​သား​တစ်​ယောက်​သည် မ​ယုံ​ကြည်​သူ​မ​ယား​ရှိ​က ထို​အ​မျိုး​သ​မီး က​ဆက်​လက်​ပေါင်း​သင်း​နေ​လို​ပါ​မူ သူ့​အား မ​ကွာ​မ​ရှင်း​ရ​ဟူ​၍​ပင်​ဖြစ်​၏။-

ထို​သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တစ် ဦး​အား​အ​သ​ရေ​ဖျက်​သ​ဖြင့် ငွေ​သား​တစ် ရာ​ကို​ဒဏ်​ဆောင်​စေ​ရ​မည်။ ထို​ဒဏ်​ငွေ​ကို မိန်း​မ​၏​ဖ​ခင်​အား​ပေး​ရ​မည်။ ထို့​အပြင်​သူ သည်​မိန်း​မ​ကို​သူ​၏​မ​ယား​အ​ဖြစ်​ဆက် လက်​ပေါင်း​သင်း​စေ​ရ​မည်။ သူ​အ​သက်​ရှင် နေ​သ​မျှ​ကာ​လ​ပတ်​လုံး ထို​မိန်း​မ​ကို မ​ကွာ​ရှင်း​စေ​ရ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ