မယုံကြည်သူတရားသူကြီးများ၏ရှေ့တွင် ညီအစ်ကိုအချင်းချင်းတရားစွဲဆိုကြပါ သည်တကား။
ထိုနောက်သူသည်ညီအစ်ကိုတို့ကိုလမ်းခရီး တွင် အချင်းချင်းမသင့်မတင့်မဖြစ်ကြရန် မှာကြားပြီးလျှင်ခါနာန်ပြည်သို့ပြန်စေ၏။
နောက်တစ်နေ့၌ဣသရေလအမျိုးသား နှစ်ယောက်ခိုက်ရန်ဖြစ်လျက်နေကြသည်ကို တွေ့လျှင် မောရှေက`သင်တို့သည်ညီအစ်ကိုချင်း ဖြစ်ပါလျက်နှင့် အဘယ်ကြောင့်ခိုက်ရန်ဖြစ် နေကြပါသနည်း' ဟုဆို၍ဖျန်ဖြေ၏။-
သင်တို့အချင်းချင်းအမှုဖြစ်ပွားလျှင် ဘုရား သခင်လူစုတော်၏စီရင်ဆုံးဖြတ်ခြင်းကိုခံ မည့်အစား အဘယ်ကြောင့်ဘုရားမရှိသည့် တရားသူကြီးများထံသို့သွားကြပါ သနည်း။-
ဤသို့အချင်းချင်းတရားစွဲဆိုခြင်းသည် သင် တို့၏အတွက်ဆုံးရှုံးမှုဖြစ်စေ၏။ တရားစွဲဆို မည့်အစား မတရားပြုခြင်းကိုခံသည်ကပို ၍မကောင်းပါလော။ လုယက်ခြင်းခံရသည် ကပို၍မကောင်းပါလော။-
မယုံကြည်သောသူတို့နှင့်တွဲဖက်၍မလုပ် ဆောင်ကြနှင့်။ တွဲဖက်၍လုပ်ဆောင်ရန်မဖြစ် နိုင်။ အမှားသည်အမှန်နှင့်မည်သို့ဖက်စပ် နိုင်အံ့နည်း။ အလင်းသည်အမှောင်နှင့်မည်သို့ ယှဉ်တွဲနေနိုင်အံ့နည်း။-
ခရစ်တော်သည်စာတန်နှင့်အဘယ်သို့သဘော တူနိုင်ပါအံ့နည်း။ ယုံကြည်သူသည်မယုံ ကြည်သူနှင့်အဘယ်သို့တူညီမှုရှိနိုင်ပါ မည်နည်း။-
မိမိ၏ဆွေမျိုးသားချင်း၊ အထူးသဖြင့် မိမိ အိမ်ထောင်စုသားတို့အားမပြုစုဘဲနေသော သူသည် ယုံကြည်ခြင်းတရားတော်ကိုပစ်ပယ် သူဖြစ်၍ မယုံကြည်သူထက်ပို၍ပင်ဆိုးရွား ပေသည်။