Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 6:14

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​သည်​သ​ခင်​ဘု​ရား​ကို ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​၏။ ငါ​တို့​ကို လည်း​တန်​ခိုး​တော်​အား​ဖြင့်​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရွေး​ချယ်​ခန့် ထား​တော်​မူ​သော​အ​ရှင်​အား​ဖြင့် လော​က​သား တို့​ကို​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​တော်​မူ​သည့် နေ့​ရက်​ကို​သတ်​မှတ်​တော်​မူ​ပြီး​သော​ကြောင့် တည်း။ ထို​သို့​ဖြစ်​မည်​အ​ကြောင်း​ကို​ထို​အ​ရှင် အား သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ သော​အား​ဖြင့် လူ​အ​ပေါင်း​တို့​အား​ခိုင်​လုံ သော​သက်​သေ​ပြ​တော်​မူ​ပြီ'' ဟု​ဟော​ပြော လေ​၏။

သို့​ရာ​တွင်​ထို​အ​ရှင်​ကို​သေ​မင်း​သည်​အ​စဉ် အ​မြဲ​ချုပ်​နှောင်​ထား​ရန်​မ​ဖြစ်​နိုင်။ ထို့​ကြောင့် ဘု​ရား​သ​ခင်​သည် သူ့​အား​သေ​ခြင်း​၏​တန်​ခိုး မှ​လွတ်​မြောက်​စေ​၍​ရှင်​ပြန်​ထ​မြောက်​စေ​တော် မူ​၏။-

ထို​သ​ခင်​ယေ​ရှု​အား​ဘု​ရား​သ​ခင်​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ကြောင်း​ကို ငါ​တို့​အား လုံး​ပင်​သက်​သေ​ဖြစ်​ကြ​၏။-

သ​ခင်​ယေ​ရှု​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော် သည်​သင်​တို့​အ​ထဲ​၌​ကျိန်း​ဝပ်​တော်​မူ​လျှင် ခ​ရစ်​တော်​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​သော​အ​ရှင်​သည်​သင်​တို့​အ​ထဲ​၌ ကျိန်း​ဝပ်​သော မိ​မိ​၏​ဝိ​ညာဉ်​တော်​အား​ဖြင့် သေ​တတ်​သော​သင်​တို့​၏​ကိုယ်​ခန္ဓာ​ကို​လည်း ရှင်​စေ​တော်​မူ​လိမ့်​မည်။

သို့​ရာ​တွင်​လူ​အ​သီး​သီး​တို့​သည်​မိ​မိ​တို့ အ​လှည့်​ကျ​ရှင်​ပြန်​ထ​မြောက်​ရ​ကြ​မည်။ ခ​ရစ်​တော်​သည်​ဦး​စွာ​ပ​ထ​မ​ရှင်​ပြန် ထ​မြောက်​တော်​မူ​သည်။ ထို​နောက်​ခ​ရစ်​တော် ကြွ​လာ​တော်​မူ​သော​အ​ခါ​ကိုယ်​တော်​၏ တ​ပည့်​တော်​တို့​ရှင်​ပြန်​ထ​မြောက်​ပေ​အံ့။-

ကိုယ်​တော်​သည်​လက်​ဝါး​ကပ်​တိုင်​တွင်​အ​သတ်​ခံ​ရ စဉ်​အ​ခါ​၌​စွမ်း​အား​နည်း​သည့်​အ​ခြေ​အ​နေ​၌ ရှိ​တော်​မူ​ခဲ့​သော်​လည်း၊ ယ​ခု​အ​ခါ​ဘု​ရား​သ​ခင် ၏​တန်​ခိုး​တော်​အား​ဖြင့်​အ​သက်​ရှင်​လျက်​နေ​တော် မူ​လေ​ပြီ။ ငါ​တို့​သည်​လည်း​ကိုယ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ရှိ​သ​ဖြင့်​စွမ်း​အား​နည်း​ရ​ကြ​၏။ သို့ ရာ​တွင်​ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော် အား​ဖြင့် ခ​ရစ်​တော်​နှင့်​အ​တူ​အ​သက်​ရှင်​လျက် သင်​တို့​နှင့်​ဆက်​ဆံ​မည်။

သ​ခင်​ယေ​ရှု​အား​သေ​ခြင်း​မှ​ရှင်​ပြန်​ထ မြောက်​စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ငါ တို့​အား​လည်း​သ​ခင်​ယေ​ရှု​နှင့်​အ​တူ​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ပြီး​လျှင် သင်​တို့​နှင့် အ​တူ​ရှေ့​တော်​မှောက်​သို့​ခေါ်​ဆောင်​တော် မူ​မည်​ဖြစ်​ကြောင်း​ငါ​တို့​သိ​ကြ​၏။-

ကိုယ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို​မိ​မိ​၏​အာ​ဏာ စက်​အောက်​တွင်​ရောက်​စေ​တော်​မူ​သော​တန်​ခိုး​တော် အား​ဖြင့် ငါ​တို့​၏​သေ​ကြေ​ပျက်​စီး​တတ်​သော​ကိုယ် ခန္ဓာ​ကို​ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော​ကိုယ်​ခန္ဓာ တော်​နှင့်​တူ​အောင် ပြောင်း​လဲ​စေ​တော်​မူ​လိမ့်​မည်။

သ​ခင်​ယေ​ရှု​သည်​အ​သေ​ခံ​တော်​မူ​ပြီး​နောက် ရှင်​ပြန်​ထ​မြောက်​တော်​မူ​သည်​ဟု​ငါ​တို့​ယုံ​ကြည် သော​ကြောင့် ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​ကို​ယုံ ကြည်​လျက်​သေ​လွန်​သွား​ကုန်​သော​သူ​တို့​အား ထို​အ​ရှင်​နှင့်​အ​တူ​မိ​မိ​ထံ​တော်​သို့​ပြန်​၍ ခေါ်​ဆောင်​သွား​တော်​မူ​လိမ့်​မည်​ဟု​ငါ​တို့ ယုံ​ကြည်​ကြ​ပေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ