Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 4:6

Common Language Bible

ညီ​အစ်​ကို​တို့၊ သင်​တို့​၏​အ​ကျိုး​ငှာ​ဤ​အ​ကြောင်း အ​ရာ​များ​တွင် အာ​ပေါ​လု​နှင့်​ငါ့​ကိစ္စ​ကို​ဥ​ပ​မာ ထည့်​သွင်း​ဖော်​ပြ​လိုက်​ခြင်း​ဖြစ်​၏။ ထို​သို့​ဖော် ပြ​ရ​ခြင်း​မှာ ``စည်း​မျဉ်း​ကို​ကျော်​လွန်​၍​မ​ပြု နှင့်'' ဟူ​သော​ဆို​ရိုး​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​သင်​တို့​နား​လည်​နိုင်​ကြ​စေ​ရန်​ဖြစ်​၏။ သင် တို့​သည်​တစ်​ယောက်​ကို​ချီး​မွမ်း​၍​အ​ခြား တစ်​ယောက်​ကို​မ​ထီ​လေး​စား​မ​ပြု​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

35 ပူးပေါင်းရင်းမြစ်များ  

လူ​တို့​၏​ခေါင်း​ဆောင်​များ​ကို​မ​ကိုး​စား​ကြ​နှင့်။ အ​ဘယ်​လူ​သား​မျှ​သင်​တို့​ကို​မ​ကယ်​တင်​နိုင်။

သို့​ဖြစ်​၍​လူ​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ ကိုယ်​တော်​ရှင်​သည်​သူ့​အား အောက်​မေ့​တော်​မူ​ရ​ပါ​သ​နည်း။ လူ​သား​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ ကိုယ်​တော်​သည်​သူ့​ကို​ကြည့်​ရှု​စောင့်​ရှောက် တော်​မူ​ရ​ပါ​သ​နည်း။

သေ​မျိုး​ဖြစ်​သော​သူ​တို့​အား ယုံ​ကြည်​ကိုး စား​မှု​မ​ပြု​ကြ​နှင့်။ သူ​တို့​သည်​အ​ဘယ် မျှ​တန်​ဖိုး​ရှိ​ပါ​သ​နည်း။

အာ​လေ​ဇန္ဒြိ​မြို့​သား​အာ​ပေါ​လု​နာ​မည်​ရှိ​သော ယု​ဒ​အ​မျိုး​သား​တစ်​ယောက်​သည်​ဧ​ဖက်​မြို့​သို့ ရောက်​လာ​၏။ သူ​သည်​အ​ဟော​အ​ပြော​ကောင်း​၍ ကျမ်း​စာ​တော်​ကို​အ​ထူး​ပင်​တတ်​ကျွမ်း​သူ ဖြစ်​၏။-

ကော​ရိန္သု​မြို့​တွင်​အာ​ပေါ​လု​ရှိ​နေ​စဉ်​ပေါ​လု သည် အ​ထက်​ပါ​ဒေ​သ​တစ်​လျှောက်​သို့​လှည့်​လည် ပြီး​နောက် ဧ​ဖက်​မြို့​သို့​ရောက်​ရှိ​လာ​၏။ ထို​မြို့​တွင် တ​ပည့်​တော်​အ​ချို့​တို့​ကို​တွေ့​၍၊-

သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ထင်​သင့်​သည် ထက်​ပို​၍​အ​ထင်​မ​ကြီး​ကြ​စေ​ရန် ငါ​ခံ​စား ရ​သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့် သင်​တို့​အ​ပေါင်း​အား​ငါ​မှာ​ကြား​လို​၏။ သင် တို့​အ​သီး​သီး​တို့​အား​ဘု​ရား​သ​ခင်​ချ ပေး​တော်​မူ​သော​ယုံ​ကြည်​ခြင်း​ပ​မာ​ဏ အ​တိုင်း​မိ​မိ​တို့​ကိုယ်​ကို​သင့်​လျော်​စွာ​ထင် ကြ​လော့။-

သင်​တို့​တွင်​တစ်​ယောက်​တစ်​မျိုး​စီ​ပြော​နေ​ကြ ၏။ ``ငါ​သည်​ပေါ​လု​၏​တ​ပည့်​ဖြစ်​သည်။ ငါ​သည် အာ​ပေါ​လု​၏​တ​ပည့်​ဖြစ်​သည်။ ငါ​သည်​ကေ​ဖ ၏​တ​ပည့်​ဖြစ်​သည်။ ငါ​သည်​ခ​ရစ်​တော်​၏​တ​ပည့် ဖြစ်​သည်'' ဟု​အ​သီး​သီး​ပြော​ဆို​နေ​ကြ​၏။-

အ​ဘယ်​ကြောင့်​ဆို​သော်​ကျမ်း​စာ​တော်​တွင် ``ပ​ညာ​ရှိ​တို့​၏​ဉာဏ်​ပ​ညာ​ကို​ငါ​ဖျက်​ဆီး​မည်။ အ​သိ​ပ​ညာ​ရှင်​တို့​၏​အ​သိ​ပ​ညာ​ကို​လည်း ငါ​ပယ်​ရှား​မည်'' ဟု​ရေး​သား​ဖော်​ပြ​ထား​သော​ကြောင့်​ဖြစ်​၏။-

ထို့​ကြောင့်​ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ​မည်​သူ မ​ဆို​ဝါ​ကြွား​လို​လျှင် ဘု​ရား​ရှင်​ပြု​တော်​မူ သော​အ​မှု​တော်​အ​တွက်​သာ​လျှင်​ဝါ​ကြွား​စေ။

မေတ္တာ​သည်​သည်း​ခံ​တတ်​၏။ ကြင်​နာ​သ​နား တတ်​၏။ မ​နာ​လို​စိတ်​မ​ရှိ။ မေတ္တာ​သည်​ကြွား​ဝါ မှု​မ​ရှိ။ မာန်​မာ​န​မ​ရှိ။-

ဉာဏ်​ပ​ညာ​ဟူ​၍​ဤ​လော​က​သား​တို့​ထင်​မှတ် ကြ​သည့်​အ​ရာ​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော် ၌​မိုက်​မဲ​မှု​သာ​လျှင်​ဖြစ်​၏။ ကျမ်း​စာ​တော်​တွင် ``ဘု​ရား​သ​ခင်​သည်​ပ​ညာ​ရှိ​များ​အား​မိ​မိ တို့​ကိုယ်​တိုင်​အ​သုံး​ပြု​သည့်​ပ​ရိ​ယာယ်​အား ဖြင့်​ပင်​လျှင်​ထောင်​ချောက်​တွင်​မိ​စေ​တော်​မူ​၏'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း​ပင်။-

သို့​ဖြစ်​၍​လူ​၏​စွမ်း​ရည်​အ​ကြောင်း​ကို​မည်​သူ မျှ​မ​ဝါ​ကြွား​စေ​နှင့်။ အ​မှန်​စင်​စစ်​အား​ဖြင့် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သင်​တို့​ပိုင်​ကြ​၏။-

သို့​ဖြစ်​၍​သင်​တို့​သည်​အ​ဘယ်​သို့​ကြွား​ဝါ နိုင်​သ​နည်း။ သင်​တို့​သည်​ဝမ်း​နည်း​ပူ​ဆွေး​သင့် ကြ​၏။ ထို​အ​မှု​ကို​ကူး​လွန်​သူ​အား​သင် တို့​အ​ထဲ​မှ​နှင်​ထုတ်​သင့်​သည်။-

သင်​တို့​သည် မာန်​မာ​န​ထောင်​လွှား​နေ​ကြ​ရန် မ​သင့်။ ``တ​ဆေး​အ​နည်း​ငယ်​က မုန့်​ညက် အား​လုံး​ကို​ဖောင်း​ကြွ​စေ​၏'' ဟူ​သော ဆို​ရိုး​စ​ကား​ကို​သင်​တို့​သိ​ကြ​၏။-

သင်​တို့​ရေး​သား​မေး​မြန်း​သည့်​ရုပ်​တု​များ ကို​ပူ​ဇော်​ရာ​အ​စား​အ​စာ​ကိစ္စ​နှင့်​ပတ်​သက် ၍ ငါ​ဖြေ​ပေး​ပါ​မည်။ ငါ​တို့​အား​လုံး​ပင် အ​သိ​ပ​ညာ​ရှိ​သူ​များ​ဖြစ်​သည်​ဟု​ဆို သည့်​စ​ကား​မှာ​မှန်​ပေ​၏။ သို့​ရာ​တွင်​အ​သိ ပ​ညာ​သည်​လူ​တို့​ကို​မာန်​မာ​န​ထောင် လွှား​စေ​တတ်​၏။ မေတ္တာ​မူ​ကား​ဆောက်​တည် မှု​ကို​ပြု​တတ်​၏။-

သ​တင်း​ကောင်း​၏​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို ဝေ​မျှ​နိုင်​ရန် ငါ​သည်​သ​တင်း​ကောင်း​အ​ကျိုး​ငှာ ဤ​အ​မှု​ခပ်​သိမ်း​ကို​ပြု​ခြင်း​ဖြစ်​သည်။-

မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​ပြော​ဆို​သူ​တို့​၏​လူ တန်း​စား​တွင်​ငါ​တို့​သည်​မ​ပါ​ဝင်​ဝံ့​ပါ။ သင်​တို့ နှင့်​နှိုင်း​ယှဉ်​ရန်​လည်း​မ​ဝံ့​ပါ။ မိ​မိ​တို့​ကိုယ်​ကို စံ​ထား​၍ မိ​မိ​တို့​ကိုယ်​ကို​အ​ကဲ​ဖြတ်​သူ​များ သည်​လွန်​စွာ​မိုက်​မဲ​လှ​ပါ​သည်​တ​ကား။-

သို့​ဖြစ်​၍​ငါ​တို့​သည်​ဘု​ရား​သ​ခင်​သတ်​မှတ် ပေး​သည့်​လုပ်​ငန်း​အ​တွက်​မှ​လွဲ​၍ သူ​တစ်​ပါး တို့​၏​လုပ်​ဆောင်​ချက်​များ​အ​တွက်​ဂုဏ်​ယူ ဝါ​ကြွား​မှု​မ​ပြု။ သင်​တို့​၏​ယုံ​ကြည်​ခြင်း ပါ​ရ​မီ​ရင့်​လာ​သည်​နှင့်​အ​မျှ ငါ​တို့​အ​တွက် ဘု​ရား​သ​ခင်​သတ်​မှတ်​ပေး​တော်​မူ​သည့်​နယ် ပယ်​အ​တွင်း သင်​တို့​ထံ​တွင်​အ​မှု​တော်​တို့ ကို​တိုး​ချဲ့​ဆောင်​ရွက်​နိုင်​ရန်​မျှော်​လင့်​၏။-

သင်​တို့​သည်​အ​ပြင်​အ​ပ​လက္ခ​ဏာ​များ​ကို​သာ ကြည့်​ရှု​တတ်​ကြ​၏။ သင်​တို့​အ​နက်​မိ​မိ​ကိုယ် ကို​ခ​ရစ်​တော်​၏​တပည့်​ဖြစ်​သည်​ဟု​စိတ်​ချ​သူ ရှိ​လျှင် ထို​သူ​သည်​ခ​ရစ်​တော်​၏​တ​ပည့်​ဖြစ် သ​ကဲ့​သို့ ငါ​တို့​သည်​လည်း​ခရစ်​တော်​၏​တ​ပည့် များ​ဖြစ်​ကြောင်း​ကို​ပြန်​လည်​စဉ်း​စား​ကြည့် စေ။-

လူ​တစ်​စုံ​တစ်​ယောက်​သည်​သင်​တို့​ထံ​ရောက်​လာ​၍ ငါ​တို့​မ​ကြေ​ညာ​ဘူး​သည့်​အ​ခြား​တစ်​ပါး​သော ယေ​ရှု​၏​အ​ကြောင်း​ကို​ဟော​ပြော​ကြေ​ညာ​သော အ​ခါ သင်​တို့​သည်​ဝမ်း​မြောက်​စွာ​လက်​ခံ​ခွင့်​ပြု ကြ​၏။ သင်​တို့​သည်​ငါ​တို့​ထံ​မှ​ကြား​သိ​ရ​သည့် သ​တင်း​ကောင်း​နှင့်​လုံး​ဝ​မ​တူ​သည့်​သ​တင်း ကောင်း​ကို​လည်း​ကောင်း၊ ယ​ခင်​က​ခံ​ယူ​ရ​ရှိ သည့်​ဝိ​ညာဉ်​တော်​နှင့်​လုံး​ဝ​ကွဲ​ပြား​ခြား​နား သည့်​ဝိ​ညာဉ်​ကို​လည်း​ကောင်း​လက်​ခံ​ကြ​၏။

ငါ​တို့​သည်​ယ​ခု​တစ်​ချိန်​လုံး​မိ​မိ​တို့​ကိုယ် ကို​ကွယ်​ကာ​ပြော​ဆို​လျက်​နေ​ကြ​သည်​ဟု သင်​တို့​ထင်​ကောင်း​ထင်​ကြ​လိမ့်​မည်။ ငါ​တို့ သည်​ထို​သို့​ပြော​ဆို​နေ​ခြင်း​မ​ဟုတ်။ ခ​ရစ် တော်​သွန်​သင်​ပေး​သည့်​အ​တိုင်း​ဘု​ရား သ​ခင်​ရှေ့​တော်​မှောက်​တွင်​ပြော​ဆို​နေ​ခြင်း သာ​ဖြစ်​၏။ ချစ်​သူ​တို့၊ ငါ​တို့​ပြု​သ​မျှ သော​အ​မှု​အ​ရာ​တို့​သည်​သင်​တို့​၏ အ​ကျိုး​အ​တွက်​ဖြစ်​ပေ​သည်။-

သင်​တို့​ထံ​ရောက်​သော​အ​ခါ​ငါ​တွေ့​မြင် လို​သည့်​အ​ခြေ​အ​နေ​မျိုး​တွင်​သင်​တို့ အား​မ​တွေ့​ရ​မည်​ကို​လည်း​ကောင်း၊ သင် တို့​သည်​လည်း​မိ​မိ​တို့​မြင်​လို​သည့်​အ​ခြေ အ​နေ​တွင်​ငါ​တို့​အား​မ​တွေ့​ရ​ကြ​မည် ကို​လည်း​ကောင်း​စိုး​ရိမ်​မိ​၏။ ခိုက်​ရန်​ဖြစ် ခြင်း၊ မ​နာ​လို​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ဂုဏ် ပြိုင်​ခြင်း၊ စော်​ကား​ပြော​ဆို​ခြင်း၊ တီး​တိုး ဂုံး​ချော​ခြင်း၊ မောက်​မာ​ထောင်​လွှား​ခြင်း၊ ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​ခြင်း​တို့​ကို​ငါ တွေ့​ရ​မည်​ကို​စိုး​ရိမ်​မိ​၏။-

ငါ​ကြွား​ဝါ​လို​ပါ​မူ​သူ​ရူး​ဖြစ်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ဟုတ်​မှန်​သည့် စ​ကား​ကို​သာ​ပြော​ဆို​ခြင်း​ဖြစ်​မည်။ သို့​သော် အ​ဘယ်​သူ​မျှ​မိ​မိ​ကိုယ်​တိုင်​မြင်​ရ​ကြား ရ​သည်​ထက်​ပို​၍ ငါ့​အား​အ​ထင်​မ​ကြီး စေ​လို​သ​ဖြင့်​ငါ​သည်​ကြွား​ဝါ​လိမ့်​မည် မ​ဟုတ်။

ဤ​အ​မှု​အ​ရာ​ခပ်​သိမ်း​တို့​သည်​သင်​တို့​၏ အ​ကျိုး​အ​လို့​ငှာ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​သူ​အ​ရေ အ​တွက်​တိုး​တက်​များ​ပြား​လာ​သည်​နှင့် အ​မျှ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ထင် ရှား​အံ့​သော​ငှာ​ချီး​မွမ်း​သည့်​ဆု​တောင်း ပတ္ထ​နာ​များ​သည်​လည်း​ပို​မို​များ​ပြား လာ​လိမ့်​မည်။

မ​မှန်​ကန်​သော​နှိမ့်​ချ​ခြင်း၊ ကောင်း​ကင်​တ​မန် တို့​အား​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​တို့​ကို​အ​လေး အ​နက်​ပြော​ဆို​၍​မိ​မိ​တို့​တွေ့​မြင်​သည့်​ဗျာ ဒိတ်​ရူ​ပါ​ရုံ​များ​ကို​အ​ကြောင်း​ပြု​ကာ မိ​မိ တို့​က​အ​ခြား​သူ​တို့​ထက်​သာ​သည်​ဟု​ပြော ဆို​တတ်​သူ​များ​က​သင်​တို့​အား​ရှုတ်​ချ​ခွင့် ကို​မ​ပေး​နှင့်။ သူ​တို့​သည်​လူ့​သ​ဘော​ဖြင့် စဉ်း​စား​ဆင်​ခြင်​လျက်​အ​ကြောင်း​မဲ့​စိတ် နေ​မြင့်​လျက်​ရှိ​ကြ​၏။-

အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည်​သ​တင်း ကောင်း​ကို စ​ကား​သက်​သက်​ဖြင့်​သာ​မ​ဟုတ် ဘဲ​တန်​ခိုး​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ထို​သ​တင်း ကောင်း​မှန်​ကန်​ကြောင်း​ကို​လုံး​ဝ​စိတ်​ချ ယုံ​ကြည်​သော​စိတ်​နှင့်​လည်း​ကောင်း သင်​တို့ အား​ဟော​ပြော​သော​ကြောင့်​ဖြစ်​၏။ ငါ​တို့ သည်​သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က သင်​တို့​၏​အ​ကျိုး​ငှာ ငါ​တို့​အ​ဘယ်​သို့​ပြု မူ​နေ​ထိုင်​ခဲ့​ကြ​သည်​ကို​သင်​တို့​အ​သိ ပင်​ဖြစ်​၏။-

ထို့​ကြောင့်​ငါ​သည်​ဘု​ရား​သ​ခင်​ရွေး​ကောက် တော်​မူ​သော​လူ​စု​တော်​၏​အ​တွက်​မည့်​သည့် ဒုက္ခ​ဆင်း​ရဲ​ကို​မ​ဆို​ခံ​၏။ ဤ​သို့​ခံ​ခြင်း​မှာ သူ​တို့​သည်​လည်း​ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ နှင့်​တ​ကွ​ယေ​ရှု​ခ​ရစ်​အား​ဖြင့်​ကယ်​တင် ခြင်း​ကို​ခံ​ရ​စေ​ရန်​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ