၁ ကော 4:21Common Language Bibleငါသည်ကြိမ်လုံးကိုကိုင်၍သင်တို့ထံသို့ လာရမည်လော။ သို့တည်းမဟုတ်မေတ္တာနှင့် လည်းကောင်း၊ နူးညံ့သိမ်မွေ့သောစိတ်နှင့်လည်း ကောင်းလာရမည်လော။ သင်တို့အဘယ်သို့ အလိုရှိကြသနည်း။ အခန်းကိုကြည့်ပါ။ |
ငါသည်တိတုအားသင်တို့ထံသို့သွားရန် တောင်းပန်စေလွှတ်ခဲ့၏။ အခြားခရစ်ယာန် ညီအစ်ကိုတစ်ဦးကိုလည်းသူနှင့်အတူ ထည့်လိုက်၏။ တိတုသည်သင်တို့ထံမှ အခွင့်ကောင်းယူခဲ့သည်ဟုဆိုမည်လော။ သူနှင့်ငါသည်သဘောချင်းတူ၍တစ် လမ်းတည်းလိုက်လျှောက်ကျင့်သုံးကြ သူများမဟုတ်လော။
သို့သော်အထက်မှသက်ရောက်သည့်ပညာ သည်ကားပထမအနေဖြင့်စင်ကြယ်၏။ ထို နောက်ငြိမ်းချမ်းသာယာမှု၊ နူးညံ့သိမ်မွေ့မှု၊ ခင်မင်မှုတို့ကိုပြုစုတတ်၏။ ယင်းသည်ကရု ဏာနှင့်ပြည့်စုံကြွယ်ဝ၍ကောင်းမြတ်သည့် အကျင့်များတည်းဟူသောအသီးအပွင့်တို့ ကိုဖြစ်ပွားစေတတ်၏။ ထို့အပြင်မျက်နှာ မလိုက်တတ်။ ဟန်ဆောင်မှုနှင့်ကင်း၏။-