၁ ကော 3:3Common Language Bibleသင်တို့သည်လောကီသားများအဆင့်အတန်း ၌သာနေကြသေး၏။ အချင်းချင်းမနာလို လျက်၊ ရန်ဖြစ်လျက်နေကြသည်မှာလောကီ သားအဆင့်အတန်း၌ပင်သင်တို့ရှိနေကြ သေး၍မဟုတ်ပါလော။ လောကီထုံးစံအတိုင်း ကျင့်ကြံနေကြခြင်းပင်မဟုတ်ပါလော။- အခန်းကိုကြည့်ပါ။ |
သင်တို့ထံရောက်သောအခါငါတွေ့မြင် လိုသည့်အခြေအနေမျိုးတွင်သင်တို့ အားမတွေ့ရမည်ကိုလည်းကောင်း၊ သင် တို့သည်လည်းမိမိတို့မြင်လိုသည့်အခြေ အနေတွင်ငါတို့အားမတွေ့ရကြမည် ကိုလည်းကောင်းစိုးရိမ်မိ၏။ ခိုက်ရန်ဖြစ် ခြင်း၊ မနာလိုခြင်း၊ အမျက်ထွက်ခြင်း၊ ဂုဏ် ပြိုင်ခြင်း၊ စော်ကားပြောဆိုခြင်း၊ တီးတိုး ဂုံးချောခြင်း၊ မောက်မာထောင်လွှားခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းတို့ကိုငါ တွေ့ရမည်ကိုစိုးရိမ်မိ၏။-
အခါတစ်ပါးကငါတို့ကိုယ်တိုင်ပင်လျှင် မိုက်မဲ၍ မနာခံဘဲလမ်းမှားလျက်နေခဲ့ ကြ၏။ ရမ္မက်ဆန္ဒနှင့်အမျိုးမျိုးသောအပျော် အပါးလိုက်စားမှုများ၏ကျွန်ဖြစ်ခဲ့ကြ၏။ ငါတို့၌အမြဲပင်မနာလိုသောသဘော၊ ငြူ စူသောသဘောရှိခဲ့ကြ၏။ သူတစ်ပါးတို့ သည်ငါတို့ကိုမုန်းကြ၏။ ငါတို့ကလည်း သူတို့ကိုမုန်းကြ၏။-