Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 3:21

Common Language Bible

သို့​ဖြစ်​၍​လူ​၏​စွမ်း​ရည်​အ​ကြောင်း​ကို​မည်​သူ မျှ​မ​ဝါ​ကြွား​စေ​နှင့်။ အ​မှန်​စင်​စစ်​အား​ဖြင့် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သင်​တို့​ပိုင်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ဆူ​ဒန်​ပြည်​ကို​ယုံ​ကြည်​ကိုး​စား​ကာ အီ​ဂျစ်​ပြည် အ​ကြောင်း​ကို​ဝါ​ကြွား​ပြော​ဆို​ကြ​သူ​တို့​သည် မျှော်​လင့်​ခြင်း​ပျက်​ပြား​လျက် အ​မြင်​မှန်​ရ​ရှိ လာ​ကြ​လိမ့်​မည်။-

ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ​နှင့်​သား​မြေး​တို့ အား​ကမ္ဘာ​လော​က​ကို ပိုင်​စေ​တော်​မူ​မည်​ဟု​က​တိ ထား​တော်​မူ​ခဲ့​၏။ ဤ​သို့​က​တိ​ထား​တော်​မူ​ခြင်း မှာ​အာ​ဗြ​ဟံ​သည်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း သော​ကြောင့်​မ​ဟုတ်၊ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည် သ​ဖြင့်​သူ့​အား​ဖြောင့်​မတ်​သူ​အ​ဖြစ်​ကိုယ်​တော် လက်​ခံ​တော်​မူ​သော​ကြောင့်​ဖြစ်​၏။-

ဘု​ရား​သ​ခင်​အား​ချစ်​မြတ်​နိုး​၍​ကိုယ်​တော် ၏​အ​ကြံ​တော်​နှင့်​အ​ညီ ခေါ်​ယူ​ရွေး​ကောက်​ခြင်း ကို​ခံ​ရ​သော​သူ​တို့​တွေ့​ကြုံ​ခံ​စား​ရ​သော အ​မှု​ခပ်​သိမ်း​တို့​မှ အ​ကျိုး​ပေါ်​ထွက်​လာ​စေ ရန်​ကိုယ်​တော်​သည်​သူ​တို့​နှင့်​အ​တူ​လုပ်​ဆောင် တော်​မူ​ကြောင်း​ငါ​တို့​သိ​ကြ​၏။-

မိ​မိ​၏​သား​တော်​ရင်း​ကို​ပင်​မ​နှ​မြော​ဘဲ​ငါ တို့​ရှိ​သ​မျှ​အ​တွက် ယဇ်​အ​ဖြစ်​ပူ​ဇော်​တော် မူ​သော​ဘု​ရား​သ​ခင်​သည်​ဆန့်​ကျင်​မည်​မ​ဟုတ်။ ငါ​တို့​အ​တွက်​သား​တော်​ကို​ပူ​ဇော်​သော​အ​ရှင် သည်​အ​ရာ​ခပ်​သိမ်း​ကို ငါ​တို့​အား​မ​ပေး​ဘဲ အ​ဘယ်​သို့​နေ​တော်​မူ​မည်​နည်း။-

ညီ​အစ်​ကို​တို့၊ သင်​တို့​၏​အ​ကျိုး​ငှာ​ဤ​အ​ကြောင်း အ​ရာ​များ​တွင် အာ​ပေါ​လု​နှင့်​ငါ့​ကိစ္စ​ကို​ဥ​ပ​မာ ထည့်​သွင်း​ဖော်​ပြ​လိုက်​ခြင်း​ဖြစ်​၏။ ထို​သို့​ဖော် ပြ​ရ​ခြင်း​မှာ ``စည်း​မျဉ်း​ကို​ကျော်​လွန်​၍​မ​ပြု နှင့်'' ဟူ​သော​ဆို​ရိုး​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​သင်​တို့​နား​လည်​နိုင်​ကြ​စေ​ရန်​ဖြစ်​၏။ သင် တို့​သည်​တစ်​ယောက်​ကို​ချီး​မွမ်း​၍​အ​ခြား တစ်​ယောက်​ကို​မ​ထီ​လေး​စား​မ​ပြု​ကြ​နှင့်။-

ဤ​အ​မှု​အ​ရာ​ခပ်​သိမ်း​တို့​သည်​သင်​တို့​၏ အ​ကျိုး​အ​လို့​ငှာ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​သူ​အ​ရေ အ​တွက်​တိုး​တက်​များ​ပြား​လာ​သည်​နှင့် အ​မျှ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ထင် ရှား​အံ့​သော​ငှာ​ချီး​မွမ်း​သည့်​ဆု​တောင်း ပတ္ထ​နာ​များ​သည်​လည်း​ပို​မို​များ​ပြား လာ​လိမ့်​မည်။

ငါ​တို့​သည်​မိ​မိ​တို့​၏​အ​ကြောင်း​ကို​ဟော ပြော​ကြ​သည်​မ​ဟုတ်။ ယေ​ရှု​ခ​ရစ်​သည်​အ​ရှင် သ​ခင်​ဖြစ်​တော်​မူ​ကြောင်း၊ ငါ​တို့​သည်​သ​ခင် ယေ​ရှု​၏​အ​တွက်​သင်​တို့​၏​အ​စေ​ခံ​များ ဖြစ်​ကြ​ကြောင်း​ကို​ဟော​ပြော​ကြ​၏။-

ဝမ်း​နည်း​ရ​သော်​လည်း​အ​စဉ်​ဝမ်း​မြောက်​ကြ ၏။ သူ​ဆင်း​ရဲ​များ​ကဲ့​သို့​ဖြစ်​သော်​လည်း​လူ အ​မြောက်​အ​မြား​ကို​ချမ်း​သာ​ကြွယ်​ဝ​စေ ကြ​၏။ ပစ္စည်း​ဥစ္စာ​တစ်​စုံ​တစ်​ခု​ကို​မျှ​မ​ပိုင် သူ​များ​ကဲ့​သို့​ဖြစ်​သော်​လည်း​အ​လုံး​စုံ​တို့ ကို​ပိုင်​ကြ​၏။

အောင်​မြင်​သော​သူ​သည်​ဤ​က​တိ​တော်​ကို​ခံ​စား ရ​လိမ့်​မည်။ ငါ​သည်​သူ​၏​ဘု​ရား​ဖြစ်​မည်။ သူ​သည် လည်း​ငါ​၏​သား​ဖြစ်​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ