၁ ကော 2:13Common Language Bibleသို့ဖြစ်၍ဝိညာဉ်တော်ကိုခံယူရရှိသူတို့ အား ဝိညာဉ်ရေးဆိုင်ရာသစ္စာတရားများ၏ အနက်အဋ္ဌိပ္ပါယ်ကိုရှင်းလင်းဖော်ပြရာ၌ ငါတို့သည်လူ့အသိဉာဏ်နှင့်ယှဉ်သည့် စကားများကိုအသုံးမပြု။ ဝိညာဉ်တော် သွန်သင်ပေးသည့်စကားများကိုသာ အသုံးပြုကြ၏။- အခန်းကိုကြည့်ပါ။ |
ဝိညာဉ်တော်ကိုမခံမယူသူသည်ဝိညာဉ် တော်ချပေးသည့်ဆုကျေးဇူးများကိုမခံ စားနိုင်။ ဝိညာဉ်ရေးကိုအခြေခံမှသာလျှင် ထိုအရာများ၏တန်ဖိုးကိုအကဲဖြတ်နိုင် သဖြင့် ဝိညာဉ်တော်မခံမယူသူသည်ဝိညာဉ် ဆုကျေးဇူးများအကြောင်းကိုအကယ်ပင် နားမလည်နိုင်။ သူ၏အတွက်ထိုအရာတို့ သည်အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သောအရာ များသာလျှင်ဖြစ်ပေသည်။-
ခရစ်တော်၏ပြည့်စုံကြွယ်ဝသည့်တရား တော်အား သင်တို့၏စိတ်နှလုံးထဲတွင်ကိန်း အောင်းစေကြလော့။ ဉာဏ်ပညာရှိသမျှဖြင့် အချင်းချင်းအားသွန်သင်ဆုံးမခြင်းကို ပြုကြလော့။ ဆာလံသီချင်း၊ အမျိုးမျိုး သောဋ္ဌမ္မသီချင်းများကိုဘုရားသခင် အားစိတ်နှလုံးထဲတွင်ကျေးဇူးတင်လျက် သီဆိုကြလော့။-
ထိုသူတို့ယင်းအကြောင်းအရာများကိုဟော ပြောကြသည်မှာမိမိတို့အကျိုးအတွက် မဟုတ်။ သင်တို့အကျိုးအတွက်ဖြစ်ကြောင်း သင်တို့အားဘုရားသခင်ဖော်ပြတော်မူ ပေသည်။ သင်တို့ထံသတင်းကောင်းကိုယူ ဆောင်လာသူများသည်ထိုပရောဖက်တို့ ကြိုတင်ဟောပြောသည့်အကြောင်းအရာ များကို ကောင်းကင်ဘုံမှသန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးအားဖြင့်သင်တို့ အားဖော်ပြကြေညာသဖြင့်သင်တို့ကြား ရကြပြီ။ ထိုအရာများအကြောင်းကို ကောင်းကင်တမန်များပင်လျှင်သိရှိ နားလည်လိုကြပေသည်။
ငါတို့အရှင်သခင်ယေရှုခရစ်တန်ခိုးတော် နှင့်ကြွလာတော်မူခြင်းအကြောင်းကိုသင်တို့ အားဖော်ပြရာ၌ ငါတို့သည်ပရိယာယ်နှင့် တီထွင်သောဒဏ္ဍာရီပုံပြင်များကိုပြောကြား နေခြင်းမဟုတ်။ ငါတို့ကားမိမိတို့ကိုယ်တိုင် ကိုယ်တော်၏ဘုန်းအာနုဘော်တော်ကိုဖူးမြင် ရကြသူများဖြစ်ပေသည်။-