``မေတ္တာဖြင့်ပေါလု'' ဟူ၍ဤစာကိုငါကိုယ်တိုင် လက်မှတ်ရေးထိုးလိုက်ပါ၏။-
ကျွန်ုပ်တေရတိသည်ဤစာကိုနှုတ်တိုက်လိုက်၍ ရေးသားခဲ့ပါ၏။ ကျွန်ုပ်ကလည်းခရစ်တော်အား ဖြင့်သင်တို့အားနှုတ်ဆက်လိုက်ပါ၏။
ယခုအဘယ်မျှကြီးသောစာလုံးများဖြင့် သင်တို့ ထံသို့ငါ့လက်ဖြင့်ရေးသားသည်ကိုကြည့်ကြ လော့။-
ငါပေါလုကသင်တို့အားနှုတ်ဆက်စကားကို ငါကိုယ်တိုင်ရေး၏။ ငါသည်အကျဉ်းထောင်ထဲ တွင်ရှိနေသည်ကိုသင်တို့မမေ့ကြနှင့်။ ဘုရားသခင်၏ကျေးဇူးတော်ကိုသင်တို့ခံစား ရကြပါစေသတည်း။ ကောလောသဲသြဝါဒစာပြီး၏။
ငါ၏လက်ဖြင့်ဤစာလုံးများကိုရေး၏။ ငါ ပေါလုသည်သင်တို့အားနှုတ်ဆက်၏။ ငါပေး ပို့သောစာတိုင်းတွင်ဤအတိုင်းလက်မှတ်ရေး ထိုး၏။ ဤကဲ့သို့ငါရေး၏။
``ငါပေါလုသည်ထိုအကြွေးကို ပေးဆပ်ပါ မည်'' ဟူ၍ ငါကိုယ်တိုင်လက်မှတ်ရေးထိုးပါ၏။ (သင့်ကိုယ်တိုင်ပင်လျှင် သင်၏ဘဝသစ်အတွက် ငါ့အားပေးဆပ်စရာရှိကြောင်း ဖော်ပြရန် မလိုပါ။-)