သက်ရှိသတ္တဝါတို့၏အသားသည်တစ်မျိုး တည်းမဟုတ်။ လူ၏အသားသည်တစ်မျိုး၊ တိရစ္ဆာန် ၏အသားသည်တစ်မျိုး၊ ငှက်၏အသားသည်တစ် မျိုး၊ ငါး၏အသားသည်တစ်မျိုးဖြစ်၏။
ဘုရားသခင်သည်အလိုတော်နှင့်အညီထို မျိုးစေ့အားကိုယ်ထည်ကိုပေးတော်မူ၏။ ကိုယ် တော်သည်မျိုးစေ့အသီးသီးတို့အားသင့် တော်သည့်ကိုယ်ထည်ကိုပေးတော်မူ၏။
ကောင်းကင်နှင့်ဆိုင်သောအကောင်အထည်များ၊ ကမ္ဘာမြေကြီးနှင့်ဆိုင်သောအကောင်အထည် များဟူ၍ရှိ၏။ ကောင်းကင်အကောင်အထည် များ၏တင့်တယ်မှုသည်တစ်မျိုး၊ ကမ္ဘာမြေ ကြီးအကောင်အထည်များ၏တင့်တယ်မှု ကတစ်မျိုးဖြစ်၏။-