Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 15:31

Common Language Bible

ညီ​အစ်​ကို​တို့၊ ငါ​သည်​သေ​ဘေး​နှင့်​နေ့​တိုင်း​ရင် ဆိုင်​ရ​၏။ ငါ​သည်​သင်​တို့​အ​တွက်​ဂုဏ်​ယူ​ဝါ ကြွား​သ​ဖြင့်​လည်း​ကောင်း၊ ငါ​သည်​သင်​တို့​နှင့် အ​တူ​ငါ​တို့​အ​ရှင်​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​သ​ဖြင့်​လည်း​ကောင်း​ဤ သို့​ပြော​ဆို​ရ​ခြင်း​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​က​ယာ​ကုပ်​အား``အီ​ဂျစ်​ပြည်​ဘု​ရင်​ခံ​က ကျွန်​တော်​တို့​၏​ညီ​ကို​မ​ခေါ်​ဆောင်​နိုင်​ခဲ့​လျှင် သူ​၏​ရှေ့​တော်​မှောက်​သို့​မ​ဝင်​ရ​ဟူ​၍​အ​တိ အ​လင်း​သ​တိ​ပေး​ပါ​သည်။-

သူ​တို့​၏​ဘိုး​ဘေး​များ​အား​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​စဉ်​အ​ခါ​က ငါ​သည်​သူ​တို့ အား​ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​ရန်​ကြပ် တည်း​စွာ​သ​တိ​ပေး​ခဲ့​၏။ ယ​နေ့​ထိ​တိုင် အောင်​ဆက်​လက်​၍​သ​တိ​ပေး​၏။-

ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ယော​ရှု​အား၊-

သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က `သင်​သည်​ချည် နှောင်​ခြင်း​နှင့်​ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​ရ​လိမ့်​မည်' ဟူ ၍​မြို့​တိုင်း​တွင် ငါ့​အား​ကြို​တင်​သ​တိ​ပေး သည်​ကို​သာ​လျှင်​ငါ​သိ​၏။-

``ကိုယ်​တော်​၏​အ​တွက်​အ​ကျွန်ုပ်​တို့​သည် တစ်​နေ့​လုံး​ပင်​သေ​ဘေး​နှင့်​ရင်​ဆိုင်​လျက် နေ​ကြ​ပါ​၏။ သတ်​ရန်​လျာ​ထား​သော​သိုး​များ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို​သူ​တစ်​ပါး​မှတ်​တတ်​ကြ​ပါ​၏'' ဟူ​သော​ကျမ်း​စ​ကား​အ​တိုင်း​ဖြစ်​ပေ​သည်။-

ငါ​တို့​သြတ္တ​ပ္ပ​စိတ်​ထောက်​ခံ​၍​ဂုဏ်​ယူ​ဝါ ကြွား​စ​ရာ​တစ်​ခု​ကား ဤ​လော​က​၌​အ​သက် ရှင်​စဉ်​ကာ​လ​အ​ထူး​သ​ဖြင့် သင်​တို့​နှင့် ဆက်​ဆံ​ရာ​တွင်​လူ​၏​အ​သိ​ဉာဏ်​ကို​အ​မှီ မ​ပြု​ဘဲ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် တန်​ခိုး​ကို​သာ​လျှင်​အ​မှီ​ပြု​၍ ငါ​တို့​သည် ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော စိတ်​ရိုး​သ​ဘော​ရိုး​ဖြင့် ပွင့်​လင်း​စွာ​ပြု​မူ ကျင့်​ကြံ​ခြင်း​ပင်​ဖြစ်​၏။-

သူ​တို့​သည်​ခ​ရစ်​တော်​၏​အ​မှု​တော်​ဆောင်​များ ဖြစ်​သည်​ဟု​ဆို​လျှင် ငါ​သည်​အ​ထူး​သ​ဖြင့် ဖြစ်​၏​ဟု​သူ​ရူး​ကဲ့​သို့​ငါ​ဆို​၏။ ငါ​သည်​ထို သူ​တို့​ထက်​ပို​၍​အ​ပင်​ပန်း​ခံ​ကာ​အ​မှု​တော် ကို​ဆောင်​ခဲ့​၏။ သူ​တို့​ထက်​ပို​၍​အ​ကြိမ်​ပေါင်း များ​စွာ​ထောင်​ကျ​ခဲ့​၏။ ပို​၍​ကြိမ်​ဒဏ်​ခံ​ခဲ့ ရ​၏။ သေ​ဘေး​နှင့်​ရင်​ဆိုင်​ခဲ့​သည်​မှာ​အ​ကြိမ် ပေါင်း​ပို​၍​များ​၏။-

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြီး လှ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ငါ​တို့​အား​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​စေ​လျက် သုံ့​ပန်း​များ​အ​ဖြစ်​ဖြင့်​ခ​ရစ်​တော် ၏​အောင်​ပွဲ​ခံ​အ​ခမ်း​အ​နား​လှည့်​လည်​ရာ​တွင် အ​စဉ်​အ​မြဲ​လိုက်​ပါ​စေ​တော်​မူ​သော​ကြောင့် ဖြစ်​၏။-

အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​အ​စစ်​အ​မှန်​ကို ခံ​ရ​သော​သူ​တို့​ကား​ထို​သူ​တို့​မ​ဟုတ်​ဘဲ​ငါ တို့​သာ​လျှင်​ဖြစ်​ပေ​သည်။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​တို့​သည်​ကိုယ်​တော်​၏​ဝိ​ညာဉ်​တော် အား​ဖြင့်​ဘု​ရား​သ​ခင်​အား​ကိုး​ကွယ်​ဝတ်​ပြု​၍ ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ရ​၍​ရွှင်​လန်း​ဝမ်း​မြောက်​သူ​များ​ဖြစ် သော​ကြောင့်​တည်း။ ငါ​တို့​သည်​ပြင်​ပ​လက္ခ​ဏာ များ​ကို​မ​ကိုး​စား။-

ငါ​တို့​သ​ခင်​ယေ​ရှု​နောက်​တစ်​ကြိမ်​ကြွ​လာ တော်​မူ​သော​အ​ခါ ကိုယ်​တော်​၏​ရှေ့​တော်​၌ ငါ​တို့​သည်​သင်​တို့​ကို​သာ​လျှင်​အ​ကြောင်း ပြု​၍ မိ​မိ​တို့​၏​အောင်​မြင်​မှု​အ​တွက်​ဂုဏ်​ယူ ဝါ​ကြွား​နိုင်​လိမ့်​မည်။ သင်​တို့​သာ​လျှင်​ငါ တို့​၏​မျှော်​လင့်​စ​ရာ၊ ဝမ်း​မြောက်​စ​ရာ အ​ကြောင်း​ဖြစ်​လိမ့်​မည်။ ငါ​တို့​အား​ဂုဏ်​ယူ ဝါ​ကြွား၊ မျှော်​လင့်​ဝမ်း​မြောက်​စေ​သော​သူ အ​ပေါင်း​တို့​တွင်​သင်​တို့​ပါ​ဝင်​ကြ​သည်။-

သင်​တို့​အ​တွက်​ကြောင့်​လည်း​ကောင်း၊ သင်​တို့ ကို​အ​ကြောင်း​ပြု​၍​ရှေ့​တော်​တွင်​ဝမ်း​မြောက် ရွှင်​လန်း​ခွင့်​ကို​ရ​ရှိ​သည့်​အ​တွက်​ကြောင့် လည်း​ကောင်း ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ငါ​တို့​ချီး​မွမ်း​ကြ​၏။-

သို့​ဖြစ်​၍​သူ​တို့​ပြော​သော​စ​ကား​ကို​နား ထောင်​လော့။ သို့​သော်​ဘု​ရင်​အုပ်​စိုး​သော​အ​ခါ ဘု​ရင်​တို့​၏​ကျင့်​ထုံး​ကျင့်​နည်း​တို့​ကို​ပြော ပြ​၍​ကြပ်​တည်း​စွာ​သ​တိ​ပေး​လော့'' ဟု မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ