၁ ကော 15:29Common Language Bibleသေလွန်သူတို့ကိုယ်စားဗတ္တိဇံမင်္ဂလာခံသူ တို့သည် အဘယ်အကျိုးအတွက်ယင်းသို့ပြု ကြသနည်း။ သေလွန်သူတို့ရှင်ပြန်ထမြောက် မှုမရှိဟုအချို့ကပြောဆိုသည်အတိုင်းမှန် လျှင် ထိုသူတို့သည်သေသူတို့၏ကိုယ်စား အဘယ်ကြောင့်ဗတ္တိဇံမင်္ဂလာခံကြသနည်း။- အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ခပ်သိမ်းသောအရာတို့ကိုသား တော်အားအုပ်စိုးစေတော်မူသောအခါ၌ မိမိခြေဖဝါးတော်အောက်သို့ခပ်သိမ်းသော အရာကိုရောက်ရှိစေတော်မူသောဘုရား သခင်၏အုပ်စိုးခြင်းကို သားတော်ကိုယ်တိုင် ပင်လျှင်ခံယူတော်မူလိမ့်မည်။ ထိုအခါ ဘုရားသခင်သည်ခပ်သိမ်းသောအရာ တို့ကိုလုံးဝဥဿုံအုပ်စိုးတော်မူပေအံ့။
အကယ်၍ငါသည်ဧဖက်မြို့တွင် ``သားရဲ တိရစ္ဆာန်'' တို့နှင့်တိုက်ခိုက်ခဲ့ပါမူလူအမြင် ဖြင့်ငါ့အဖို့အဘယ်အကျိုးရှိမည်နည်း။ သေလွန်သူတို့ရှင်ပြန်ထမြောက်ခြင်းမရှိ ပါက ``နက်ဖြန်သေကြမည်ဖြစ်၍ငါတို့ သည်စားကြ၊ သောက်ကြ၊ ပျော်ပါးကြကုန် အံ့'' ဟုဆိုသည့်အတိုင်းပြုကြစို့။