Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 14:34

Common Language Bible

အ​မျိုး​သ​မီး​များ​သည်​အ​စည်း​အ​ဝေး​များ​တွင် ဆိတ်​ဆိတ်​နေ​ကြ​စေ။ သူ​တို့​မှာ​စ​ကား​ပြော​ပိုင်​ခွင့် မ​ရှိ။ ယု​ဒ​ပ​ညတ်​ကျမ်း​တွင်​ဖော်​ပြ​သည့်​အ​တိုင်း အ​မျိုး​သ​မီး​တို့​သည်​အ​စည်း​အ​ဝေး​များ​တွင် ခေါင်း​ဆောင်​များ​မ​ဖြစ်​စေ​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

မိန်း​မ​အား​လည်း``သင်​သည်​ကိုယ်​ဝန်​ဆောင်​ခြင်း ဖြင့်​ဒုက္ခ​ပို​များ​လာ​မည်။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ ကို​ခံ​ရ​မည်။ သို့​သော်​လည်း​သင်​သည် မိ​မိ​ခင်​ပွန်း ကို​စုံ​မက်​နေ​လိမ့်​မည်။ သင့်​အ​ပေါ်​မှာ​သူ​၏ သြ​ဇာ​ညောင်း​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

အ​မျိုး​သ​မီး​သည်​ဦး​ခေါင်း​ကို​မ​ဖုံး​မ​အုပ် ဘဲ​စု​ဝေး​ဝတ်​ပြု​ခြင်း​တွင် ဘု​ရား​သ​ခင်​အား ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​သင့်​တော်​သည်​မ​သင့် တော်​သည်​ကို​သင်​တို့​ကိုယ်​တိုင်​စဉ်း​စား​ဆင်​ခြင် ကြ​လော့။-

သို့​သော်​ခ​ရစ်​တော်​သည်​ယောကျာ်း​တိုင်း​၏​အ​ထွတ် အ​ထိပ်၊ ယောကျာ်း​သည်​မိန်း​မ​၏​အ​ထွတ်​အ​ထိပ်၊ ဘု​ရား​သ​ခင်​သည်​ခ​ရစ်​တော်​၏​အ​ထွတ်​အ​ထိပ် ဖြစ်​ကြောင်း​ကို​သင်​တို့​အား​သိ​စေ​လို​၏။-

မိန်း​မ​သည်​စု​ဝေး​ဝတ်​ပြု​ခြင်း​တွင်​မိ​မိ​၏​ဦး ခေါင်း​ကို​မ​ဖုံး​မ​အုပ်​ဘဲ​ဆု​တောင်း​ပတ္ထ​နာ​ပြု သော်​လည်း​ကောင်း၊ တ​ရား​တော်​ကို​ကြေ​ညာ သော်​လည်း​ကောင်း မိ​မိ​ခင်​ပွန်း​၏​အ​သ​ရေ​ကို ရှုတ်​ချ​သူ​ဖြစ်​၏။ သူ​သည်​ခေါင်း​တုံး​ရိတ်​ထား သည့်​အ​မျိုး​သ​မီး​နှင့်​မ​ထူး​ခြား​တော့​ချေ။-

ကျမ်း​စာ​တော်​တွင်၊ ``ငါ​၏​လူ​စု​တော်​အား​ထူး​ဆန်း​သော ဘာ​သာ​စ​ကား​များ​ဖြင့်​ငါ​ပြော​မည်။ လူ​မျိုး​ခြား​တို့​၏​နှုတ်​ဖြင့်​ငါ​ပြော​မည်။ သို့​သော်​လည်း​ငါ​၏​လူ​စု​တော်​သည် ငါ့​စ​ကား​ကို​နား​ထောင်​ကြ​လိမ့်​မည်​မ​ဟုတ်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏'' ဟူ​၍​ဖော်​ပြ​ပါ​ရှိ​၏။-

သူ​တို့​သည်​အ​ကြောင်း​တစ်​စုံ​တစ်​ရာ​ကို​သိ​လို လျှင် မိ​မိ​တို့​၏​ခင်​ပွန်း​များ​ကို​အိမ်​တွင်​မေး​မြန်း စုံ​စမ်း​ကြ​စေ။ အ​သင်း​တော်​၏​အ​စည်း​အ​ဝေး ၌​အ​မျိုး​သ​မီး​များ​စ​ကား​ပြော​ခြင်း​သည် ရှက်​ဖွယ်​သော​အ​မှု​ဖြစ်​၏။

သို့​ရာ​တွင်​သင်​တို့​တစ်​ဦး​စီ​နှင့်​လည်း​သက်​ဆိုင် ပေ​သည်။ လင်​ဖြစ်​သူ​သည်​မ​ယား​ကို​ကိုယ်​နှင့် အ​မျှ​ချစ်​ရ​မည်။ မ​ယား​ဖြစ်​သူ​သည်​လည်း လင်​ယောကျာ်း​ကို​ရို​သေ​လေး​စား​ရ​မည်။

ဇ​နီး​ဖြစ်​သူ​တို့၊ ခင်​ပွန်း​များ​၏​အုပ်​စိုး​ခြင်း​ကို ခံ​ယူ​ကြ​လော့။ သင်​တို့​သည်​ခ​ရစ်​ယာန်​များ အ​နေ​ဖြင့်​ဤ​သို့​ခံ​ယူ​သင့်​ကြ​၏။-

ဣန္ဒြေ​စောင့်​စည်း​မှု၊ ဖြူ​စင်​မှု၊ အိမ်​ရှင်​မ​ကောင်း ပီ​သ​မှု​နှင့်​ခင်​ပွန်း​သည်​၏​စ​ကား​ကို​နား ထောင်​မှု​တို့​ကို​လေ့​ကျင့်​သင်​ကြား​ပေး​နိုင်​မည်။ ဤ​နည်း​အား​ဖြင့်​ဘု​ရား​သ​ခင်​၏​တ​ရား တော်​ကို​ပုတ်​ခတ်​ပြော​ဆို​သူ​ရှိ​မည်​မ​ဟုတ် ပေ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ