Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 14:17

Common Language Bible

ကျေး​ဇူး​တော်​ချီး​မွမ်း​သည့်​သင်​တို့​၏​ဆု​တောင်း ပတ္ထ​နာ​သည်​ကောင်း​မွန်​စေ​ကာ​မူ​သူ​တစ်​ပါး အ​တွက်​မည်​သို့​မျှ​အ​ကျိုး​မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​မှု​ကို​ပြု​စု ပေး​မည့်​အ​ရာ​များ​နှင့်​တစ်​ယောက်​ကို​တစ် ယောက် ဝိ​ညာဉ်​ခွန်​အား​ပြည့်​စေ​မည့်​အ​ရာ များ​ကို​အ​မြဲ​ကြိုး​စား​ပြု​လုပ်​ကြ​ရ​မည်။-

ငါ​သည်​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး မျိုး​ကို သင်​တို့​ထက်​ပို​၍​ပြော​ဆို​နိုင်​သ​ဖြင့် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၏။-

ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ဖြင့် ပြော​ဆို​သူ​သည် မိ​မိ​အ​ကျိုး​ကို​ပြု​စု​၏။ နှုတ် က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​သော​သူ​မူ ကား အ​သင်း​တော်​တစ်​ခု​လုံး​၏​အ​ကျိုး​ကို ပြု​စု​၏။

ငါ​သည်​သင်​တို့​အား​လုံး​ကို​ပင်​ထူး​ဆန်း​သော ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ဖြင့်​ပြော​ဆို​စေ​လို သော်​လည်း နှုတ်​က​ပတ်​တ​ရား​တော်​ဟော​ပြော နိုင်​သော​ဆု​ကျေး​ဇူး​ကို​ပို​၍​ရ​စေ​လို​၏။ ထူး ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ဖြင့်​ပြော ဆို​သူ​သည် မိ​မိ​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို ရှင်း​လင်း​ဖော်​ပြ​နိုင်​သူ​ရှိ​မှ​သာ​လျှင် အ​သင်း တော်​၏​အ​ကျိုး​ကို​ပြု​စု​၏။ သို့​မ​ဟုတ်​ပါ​မူ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​ခြင်း က​ပို​၍​တန်​ဖိုး​ရှိ​၏။-

သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ ငါ​သည်​သင်​တို့​ထံ သို့​လာ​၍​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ဖြင့်​ပြော​ဆို​ပါ​လျှင် အ​ဘယ် အ​ကျိုး​ရှိ​မည်​နည်း။ ငါ​ဟော​ပြော​သော​စကား များ​သည် ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော် စ​ကား၊ အ​သိ​ပ​ညာ​နှင့်​ယှဉ်​သော​စ​ကား၊ ဝိ​ညာဉ်​တော်​တန်​ခိုး​အား​ဖြင့်​နှိုး​ဆော်​သော စ​ကား၊ ဆုံး​မ​သွန်​သင်​သည့်​စ​ကား​များ​မ​ဖြစ် ပါ​မူ​သင်​တို့​၌​အ​ဘယ်​အ​ကျိုး​ရှိ​မည်​နည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ