၁ ကော 14:13Common Language Bibleထို့ကြောင့်ထူးဆန်းသောစကားအမျိုးမျိုး ဖြင့်ပြောသောသူသည် မိမိပြောသည့်စကား ၏အဋ္ဌိပ္ပါယ်ကိုဖော်ပြနိုင်သောတန်ခိုးစွမ်း ရည်ကိုရရှိရန်ဆုတောင်းပတ္ထနာပြုရမည်။- အခန်းကိုကြည့်ပါ။ |
ဝိညာဉ်တော်သည်တစ်ယောက်အားနိမိတ်လက္ခ ဏာများပြနိုင်သောတန်ခိုးကိုလည်းကောင်း၊ အခြားတစ်ယောက်အားဘုရားသခင်၏ နှုတ်ကပတ်တော်ကိုဟောပြောနိုင်သောစွမ်း ရည်ကိုလည်းကောင်း၊ နောက်တစ်ယောက်အား ဝိညာဉ်တော်ချပေးတော်မူသည့်ဆုကျေးဇူး များနှင့်ချပေးတော်မမူသည့်ဆုကျေးဇူး များကိုပိုင်းခြားသိရှိနိုင်သောစွမ်းရည် ကိုလည်းကောင်းပေးတော်မူ၏။ ကိုယ်တော် သည်တစ်ယောက်အားထူးဆန်းသောဘာသာ စကားအမျိုးမျိုးကိုအနက်ပြန်ဆိုနိုင် သောစွမ်းရည်ကိုလည်းကောင်း၊ အခြားတစ် ယောက်အားထိုဘာသာစကားအမျိုးမျိုး ကိုပြောဆိုနိုင်သောစွမ်းရည်ကိုလည်းကောင်း ပေးတော်မူ၏။-
ညီအစ်ကိုတို့၊ ငါဆိုလိုသည်မှာဤသို့တည်း။ ကိုးကွယ်ဝတ်ပြုရန်သင်တို့စုဝေးကြသော အခါတစ်ယောက်ကသီချင်းဆိုခြင်း၊ နောက် တစ်ယောက်ကသွန်သင်ခြင်း၊ နောက်တစ်ယောက် ကဗျာဒိတ်တော်ကိုပြန်ကြားခြင်း၊ နောက် တစ်ယောက်ကထူးဆန်းသောဘာသာစကား ဖြင့်ပြောဆိုခြင်း၊ နောက်တစ်ယောက်ကအနက် အဋ္ဌိပ္ပါယ်ဖော်ပြခြင်းတို့ကိုဆောင်ရွက်ကြ လော့။ သင်တို့ဆောင်ရွက်သမျှသောအမှုတို့ သည်အသင်းတော်ဝင်အပေါင်းအားအကျိုး ပြုရမည်။-