Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 12:5

Common Language Bible

အ​စေ​ခံ​ရန်​နည်း​အ​မျိုး​မျိုး​ရှိ​သော်​လည်း အ​စေ​ခံ​ရ​သည့်​သ​ခင်​ကား​တစ်​ပါး​တည်း​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည်​ခေါင်း​ဆောင်​ဟူ​၍​လည်း​အ​ခေါ်​မ​ခံ ကြ​နှင့်။ သင်​တို့​တွင်​မေ​ရှိ​ယ​တည်း​ဟူ​သော​ခေါင်း ဆောင်​တစ်​ပါး​တည်း​သာ​ရှိ​၏။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့​ပေး​ပို့​သော ဘု​ရား၊ လူ​ခပ်​သိမ်း​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​တော် မူ​သော​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ကြေ​ညာ တော်​မူ​သည့်​ရန်​ငြိမ်း​ခြင်း​ဆိုင်​ရာ​သ​တင်း ကောင်း​ကို​သင်​တို့​သိ​ကြ​၏။-

ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကား​အ​မျိုး​မျိုး​ရှိ​၏။ သို့ သော်​ထို​ဆု​ကျေး​ဇူး​များ​ကို​ချ​ပေး​တော် မူ​သော​ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​ရှိ​၏။-

အ​မှု​တော်​ဆောင်​ရန်​စွမ်း​ရည်​အ​မျိုး​မျိုး​ရှိ​သော် လည်း လူ​အ​သီး​သီး​၌​ရှိ​သော​စွမ်း​ရည်​များ​ကို ပေး​တော်​မူ​သော​အ​ရှင်​ကား​တစ်​ပါး​တည်း​ရှိ​၏။-

ငါ​တို့​အ​ဖို့​မှာ​အ​ဖ​ခ​မည်း​တော်​ဘု​ရား တစ်​ပါး​တည်း​သာ​လျှင်​ရှိ​တော်​မူ​၏။ ကိုယ် တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း တော်​မူ​၏။ ကိုယ်​တော်​၏​အ​ဖို့​ငါ​တို့​အ​သက် ရှင်​ကြ​၏။ ငါ​တို့​မှာ​အ​ရှင်​သ​ခင်​တစ်​ပါး တည်း​သာ​လျှင်​ရှိ​၏။ ထို​အ​ရှင်​သ​ခင်​ကား ယေ​ရှု​ခ​ရစ်​ပေ​တည်း။ ထို​အ​ရှင်​အား​ဖြင့် ခပ်​သိမ်း​သော​အ​ရာ​တို့​သည်​ဖန်​ဆင်း​ခြင်း ကို​ခံ​ကြ​ရ​၏။ ထို​အ​ရှင်​အား​ဖြင့်​ငါ​တို့ သည်​အ​သက်​ရှင်​ကြ​၏။

ယေ​ရှု​ခ​ရစ်​သည်​အ​ရှင်​သ​ခင်​ဖြစ်​တော်​မူ​သည်​ဟု နှုတ်​ဖြင့်​ဝန်​ခံ​သ​ဖြင့်၊ ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ တော်​ကို ထွန်း​တောက်​စေ​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ