Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 12:28

Common Language Bible

ဘု​ရား​သ​ခင်​သည်​ပ​ထ​မ​အ​နေ​ဖြင့်​တ​မန် တော်​များ၊ ဒု​တိ​ယ​အ​နေ​ဖြင့်​ပ​ရော​ဖက်​များ၊ တ​တိ​ယ​အ​နေ​ဖြင့်​ဆ​ရာ​များ​ကို​လည်း ကောင်း၊ ထို​နောက်​နိ​မိတ်​လက္ခ​ဏာ​ပြ​သူ​များ၊ အ​နာ​ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​နိုင် သော​တန်​ခိုး​ကို​ရ​ရှိ​သူ​များ၊ သူ​တစ်​ပါး တို့​ကို​ကူ​ညီ​သူ​များ၊ ရှေ့​ဆောင်​လမ်း​ပြ နိုင်​စွမ်း​ရှိ​သူ​များ၊ ထူး​ဆန်း​သော​ဘာ​သာ စ​ကား​အ​မျိုး​မျိုး​ကို​ပြော​နိုင်​သူ​များ​ကို လည်း​ကောင်း​အ​သင်း​တော်​တွင်​ခန့်​ထား တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​ကြွ​လာ​၍​သင်​နှင့်​စ​ကား​ပြော​ဆို​မည်။ ငါ​သည်​သင့်​အား​ပေး​အပ်​ထား​သော​စွမ်း​ရည် အ​ချို့​ကို​ယူ​၍ သူ​တို့​အား​ပေး​အပ်​မည်။ ထို အ​ခါ​ဤ​သူ​များ​အ​တွက်​ထမ်း​ရ​သော​တာ​ဝန် ကို​သူ​တို့​သည်​သင့်​အား​ကူ​ညီ​ထမ်း​ရွက်​နိုင် သ​ဖြင့် ထို​တာ​ဝန်​ကို​သင်​တစ်​ဦး​တည်း​ထမ်း ရန်​မ​လို​တော့​ချေ။-

ယုံကြည်သူတို့သည်အံ့သြဖွယ်နိမိတ်လက္ခဏာများ ကိုပြနိုင်ကြလိမ့်မည်။ ငါ၏နာမကိုအမှီပြု၍ နတ်မိစ္ဆာများကိုနှင်ထုတ်ကြလိမ့်မည်။ ထူးခြား သောဘာသာစကားများကိုပြောဆိုကြလိမ့်မည်။-

ထို​တစ်​ဆယ့်​နှစ်​ပါး​ကား​ပေ​တ​ရု​ဟု​ကိုယ်​တော် မှည့်​ခေါ်​သူ​ရှိ​မုန်​နှင့်​ရှိ​မုန်​၏​ညီ​အန္ဒြေ၊ ယာ​ကုပ် နှင့်​ယော​ဟန်၊ ဖိလိပ္ပု​နှင့်​ဗာ​သော​လ​မဲ၊-

ထို​အ​ခါ​ကာ​လ​၌​ပ​ရော​ဖက်​အ​ချို့​တို့​သည် ယေ​ရု​ရှ​လင်​မြို့​မှ​အန္တိ​အုတ်​မြို့​သို့​လာ​ကြ​၏။-

သို့​ဖြစ်​၍​သင်​တို့​သည်​မိ​မိ​တို့​ကို​ကိုယ်​လည်း ကောင်း၊ သင်​တို့​လက်​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ပေး​အပ်​ထား​သည့်​သိုး​စု​ကို​လည်း​ကောင်း​စောင့် ရှောက်​ကြည့်​ရှု​ကြ​လော့။ ဘု​ရား​သ​ခင်​၏​အ​သင်း တော်​ကို​သိုး​ထိန်း​သ​ဖွယ်​စောင့်​ထိန်း​ကြည့်​ရှု​ကြ လော့။ ကိုယ်​တော်​သည်​မိ​မိ​သား​တော်​အ​သေ​ခံ သော​အား​ဖြင့် ထို​အ​သင်း​တော်​ကို​မိ​မိ​ပိုင်​ဆိုင် ရာ​ဖြစ်​စေ​တော်​မူ​သည်။-

ယု​ဒ​အ​မျိုး​သား​တို့​က​သော်​လည်း​ကောင်း၊ လူ​မျိုး​ခြား​တို့​က​သော်​လည်း​ကောင်း ဘု​ရား သ​ခင်​၏​အ​သင်း​တော်​ဝင်​တို့​က​သော်​လည်း ကောင်း ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း​မ​ဖြစ်​စေ​ရန် နေ​ထိုင်​ကြ​လော့။-

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​အ​လို​တော် ရှိ​သည့်​အ​တိုင်း​ကိုယ်​ခန္ဓာ​တွင် အင်္ဂါ​အ​စိတ် အ​ပိုင်း​အ​သီး​သီး​တို့​သူ့​နေ​ရာ​နှင့်​သူ ရှိ​စေ​တော်​မူ​၏။-

သူ​တို့​အား​လုံး​ပင်​တ​မန်​တော်​များ​ဖြစ်​ကြ သ​လော။ သူ​တို့​အား​လုံး​ပင်​ပ​ရော​ဖက်​များ ဖြစ်​ကြ​သ​လော။ သူ​တို့​အား​လုံး​ပင်​ဆ​ရာ များ​ဖြစ်​ကြ​သ​လော။ သူ​တို့​အား​လုံး​ပင် နိ​မိတ်​လက္ခ​ဏာ​ပြ​နိုင်​သူ​များ​ဖြစ်​ကြ သ​လော။-

သူ​တို့​အား​လုံး​ပင်​အ​နာ​ရော​ဂါ​များ​ကို ပျောက်​ကင်း​စေ​နိုင်​သော​တန်​ခိုး​ကို​ရ​ရှိ​သူ များ​ဖြစ်​ကြ​သ​လော။ သူ​တို့​အား​လုံး​ပင် ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး ကို​အ​နက်​အ​ဋ္ဌိပ္ပါယ်​ပြန်​ဆို​နိုင်​သူ​များ ဖြစ်​ကြ​သ​လော။-

ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ဖြင့် ပြော​ဆို​သော​သူ​သည်​လူ​နှင့်​ပြော​ဆို​သည် မ​ဟုတ်။ ဘု​ရား​နှင့်​သာ​ပြော​ဆို​ခြင်း​ဖြစ်​၏။ သူ​၏​စ​ကား​ကို​အ​ဘယ်​သူ​မျှ​နား​မ​လည်။ သူ​သည်​ဝိ​ညာဉ်​တော်​တန်​ခိုး​ဖြင့်​လျှို့​ဝှက် နက်​နဲ​သည့်​အ​ကြောင်း​အ​ရာ​များ​ကို​ပြော ဆို​၏။-

ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ဖြင့် ပြော​ဆို​သူ​သည် မိ​မိ​အ​ကျိုး​ကို​ပြု​စု​၏။ နှုတ် က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​သော​သူ​မူ ကား အ​သင်း​တော်​တစ်​ခု​လုံး​၏​အ​ကျိုး​ကို ပြု​စု​၏။

ငါ​သည်​သင်​တို့​အား​လုံး​ကို​ပင်​ထူး​ဆန်း​သော ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ဖြင့်​ပြော​ဆို​စေ​လို သော်​လည်း နှုတ်​က​ပတ်​တ​ရား​တော်​ဟော​ပြော နိုင်​သော​ဆု​ကျေး​ဇူး​ကို​ပို​၍​ရ​စေ​လို​၏။ ထူး ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ဖြင့်​ပြော ဆို​သူ​သည် မိ​မိ​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို ရှင်း​လင်း​ဖော်​ပြ​နိုင်​သူ​ရှိ​မှ​သာ​လျှင် အ​သင်း တော်​၏​အ​ကျိုး​ကို​ပြု​စု​၏။ သို့​မ​ဟုတ်​ပါ​မူ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​ခြင်း က​ပို​၍​တန်​ဖိုး​ရှိ​၏။-

သင်​တို့​သည်​လည်း​တ​မန်​တော်​များ​နှင့်​ပ​ရော​ဖက် များ​ချ​မှတ်​ခဲ့​သည့်​တိုက်​မြစ်​အ​ပေါ်​တွင်​တည် ဆောက်​လျက်​ရှိ​သည့်​အ​ဆောက်​အ​အုံ​ဖြစ်​ကြ​၏။ ထို​အ​ဆောက်​အ​အုံ​၏​အ​ရေး​အ​ကြီး​ဆုံး​သော ထောင့်​ချုပ်​ကျောက်​ကား​ခ​ရစ်​တော်​ယေ​ရှု​ပင်​ဖြစ် သ​တည်း။-

ဘု​ရား​သ​ခင်​သည်​ထို​နက်​နဲ​သော​အ​ရာ​ကို ယ​ခင်​ခေတ်​အ​ခါ​များ​က​လူ​သား​တို့​အား ဖွင့်​ပြ​တော်​မ​မူ​ခဲ့​သော်​လည်း ယ​ခု​အ​ခါ ၌​ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သူ​တ​မန် တော်​များ​နှင့်​ပ​ရော​ဖက်​များ​အား​ဝိ​ညာဉ် တော်​အား​ဖြင့်​ဖွင့်​ပြ​တော်​မူ​လေ​ပြီ။-

သင်း​အုပ်​ဆ​ရာ​အ​လုပ်​ကို​ကောင်း​စွာ​လုပ်​ဆောင် သူ​တို့​သည် လ​စာ​ငွေ​နှစ်​ဆ​ခံ​စား​ထိုက်​သူ​များ ဖြစ်​သည်​ဟု​မှတ်​ယူ​အပ်​၏။ အ​ထူး​သ​ဖြင့် တ​ရား​ဟော​ခြင်း၊ ဆုံး​မ​သွန်​သင်​ခြင်း​တို့​ကို ကြိုး​စား​၍​လုပ်​ဆောင်​သူ​များ​သည်​ယင်း​သို့ ခံ​စား​ထိုက်​ပေ​သည်။-

သင်​တို့​ခေါင်း​ဆောင်​များ​၏​စ​ကား​ကို​နား ထောင်​ကြ​လော့။ သူ​တို့​ပြော​သည့်​အ​တိုင်း​ပြု ကြ​လော့။ သူ​တို့​သည်​မိ​မိ​တို့​ပြု​သည့်​အ​မှု ကို​ဘု​ရား​သ​ခင်​အား​အ​စီ​ရင်​ခံ​ရ​မည် ဖြစ်​၍ သင်​တို့​၏​စိတ်​ဝိ​ညာဉ်​ကို​နေ့​ရော​ည ပါ​ကြည့်​ရှု​စောင့်​ရှောက်​လျက်​နေ​ကြ​ပေ သည်။ သင်​တို့​သည်​သူ​တို့​စ​ကား​ကို​နား ထောင်​ပါ​လျှင် သူ​တို့​ရွှင်​လန်း​ဝမ်း​မြောက် စွာ​လုပ်​ဆောင်​ကြ​လိမ့်​မည်။ သို့​မ​ဟုတ်​လျှင် သူ​တို့​ဝမ်း​နည်း​ရ​ကြ​သ​ဖြင့်​သင်​တို့ တွင်​အ​ဘယ်​သို့​မျှ​အ​ကျိုး​ရှိ​လိမ့်​မည် မ​ဟုတ်။

သင်​တို့​၏​ခေါင်း​ဆောင်​အ​ပေါင်း​နှင့်​ဘု​ရား သ​ခင်​၏​လူ​စု​တော်​ဝင်​ရှိ​သ​မျှ​တို့​အား နှုတ်​ဆက်​လိုက်​ကြောင်း​ပြော​ပြ​ပါ​လော့။ အီ​တ​လီ​ပြည်​မှ​ညီ​အစ်​ကို​တို့​က​လည်း သင်​တို့​အား​နှုတ်​ဆက်​လိုက်​ပါ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ