Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 12:25

Common Language Bible

သို့​ဖြစ်​၍​ကိုယ်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​အ​ချင်း ချင်း​စိတ်​ဝမ်း​ကွဲ​ပြား​မှု​မ​ရှိ​ဘဲ အ​ချင်း​ချင်း ၏​အ​ကျိုး​ကို​ပြု​စု​လျက်​ရှိ​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

တင့်​တယ်​ပြီး​ဖြစ်​သည့်​အင်္ဂါ​အ​စိတ်​အ​ပိုင်း များ​ကို​မူ​ကား​မွမ်း​မံ​နေ​စ​ရာ​မ​လို။ ဂုဏ် အ​သ​ရေ​လို​သည့်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​တို့ ကို​ပို​၍​ဂုဏ်​အ​သ​ရေ​ရှိ​စေ​ရန်​ဘု​ရား သ​ခင်​ကိုယ်​တော်​တိုင်​ကိုယ်​ခန္ဓာ​ကို​စေ့​စပ် ပြု​ပြင်​ထား​တော်​မူ​၏။-

အ​ကယ်​၍​ကိုယ်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ်​ခု​က ဝေ​ဒ​နာ​ခံ​ရ​လျှင်​အခြား​အ​စိတ်​အ​ပိုင်း​များ သည်​လည်း​အ​တူ​ခံ​ရ​ကြ​၏။ ကိုယ်​အင်္ဂါ​အ​စိတ် အ​ပိုင်း​တစ်​ခု​က​ချီး​မွမ်း​ခြင်း​ခံ​ရ​လျှင် အ​ခြား​အ​စိတ်​အ​ပိုင်း​များ​သည်​လည်း​အ​တူ ဝမ်း​မြောက်​ရ​ကြ​၏။

သင်​တို့​သည်​လော​ကီ​သား​များ​အ​ဆင့်​အ​တန်း ၌​သာ​နေ​ကြ​သေး​၏။ အ​ချင်း​ချင်း​မ​နာ​လို လျက်၊ ရန်​ဖြစ်​လျက်​နေ​ကြ​သည်​မှာ​လော​ကီ သား​အ​ဆင့်​အ​တန်း​၌​ပင်​သင်​တို့​ရှိ​နေ​ကြ သေး​၍​မ​ဟုတ်​ပါ​လော။ လော​ကီ​ထုံး​စံ​အ​တိုင်း ကျင့်​ကြံ​နေ​ကြ​ခြင်း​ပင်​မ​ဟုတ်​ပါ​လော။-

ညီ​အစ်​ကို​တို့၊ ကျန်း​မာ​ရွှင်​လန်း​ကြ​ပါ​စေ။ အ​ပြစ် ဆို​ဖွယ်​မ​ရှိ​သူ​များ​ဖြစ်​စေ​ရန်​ဆက်​လက်​ကြိုး​စား ကြ​လော့။ ငါ​၏​မေတ္တာ​ရပ်​ခံ​ချက်​များ​ကို​နာ​ယူ​ကာ အ​ချင်း​ချင်း​စိတ်​သ​ဘော​တ​ညီ​တ​ညွတ်​တည်း​ရှိ လျက်​ငြိမ်း​ချမ်း​စွာ​နေ​ကြ​လော့။ သို့​ပြု​လျှင်​မေတ္တာ တော်​နှင့်​ငြိမ်​သက်​ခြင်း​အ​ရှင်​ဘု​ရား​သ​ခင် သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​လိမ့်​မည်။

သို့​ဖြစ်​၍​ယ​ခင်​က​သင်​တို့​ထံ​သို့​ငါ​စာ​ရေး​ခဲ့​ရ ခြင်း​မှာ​ပြစ်​မှား​သော​သူ​၏​ကိစ္စ​ကြောင့်​မ​ဟုတ်။ ပြစ် မှား​ခြင်း​ကို​ခံ​ရ​သူ​၏​ကိစ္စ​ကြောင့်​လည်း​မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​ငါ​တို့​အား​သင်​တို့ အ​ဘယ်​မျှ​ချစ်​ခင်​စွဲ​လန်း​ကြ​သည်​ကို​ကောင်း စွာ​သိ​သာ​ထင်​ရှား​စေ​လို​၍​ရေး​ခဲ့​ခြင်း​ဖြစ်​၏။-

သင်​တို့​အား​ကူ​ညီ​မ​စ​ရန်​ငါ​တို့​၌​စိတ် အား​ထက်​သန်​မှု​ရှိ​သ​ကဲ့​သို့ တိ​တု​၌​လည်း ရှိ​စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ