Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 12:23

Common Language Bible

ယုတ်​သည်​ဟု​ထင်​ရ​သော​အင်္ဂါ​အ​စိတ်​အ​ပိုင်း များ​ကို​ပို​၍​ပင်​ငါ​တို့​ဂ​ရု​စိုက်​ကြ​ရ​၏။ တင့်​တယ်​ခြင်း​မ​ရှိ​သည့်​အင်္ဂါ​အ​စိတ်​အ​ပိုင်း များ​ကို​ပို​၍​တင့်​တယ်​အောင်​မွမ်း​မံ​ကြ​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​အာ​ဒံ နှင့်​ဧ​ဝ​တို့​အ​တွက် သား​ရေ​ဝတ်​လုံ​များ​ပြု လုပ်​၍​သူ​တို့​အား​ဝတ်​ဆင်​ပေး​တော်​မူ​၏။

ထို​သို့​စား​ကြ​သည့်​ခ​ဏ​ခြင်း​တွင်​သူ​တို့​သည် အ​သိ​ဉာဏ်​ပွင့်​လာ​၍​အ​ဝတ်​အ​ချည်း​စည်း​ရှိ သည့်​အ​ဖြစ်​ကို​သိ​မြင်​လာ​ကြ​၏။ ထို့​ကြောင့် သူ​တို့​သည် သ​ဖန်း​ရွက်​များ​ကို​သီ​ချုပ်​၍ ကိုယ်​ပေါ်​တွင်​ဝတ်​ဆင်​ထား​ကြ​၏။

အား​နည်း​သော​လက္ခ​ဏာ​ရှိ​သော​ကိုယ်​အင်္ဂါ အ​စိတ်​အ​ပိုင်း​များ​မှာ​မ​ရှိ​လျှင်​မ​ဖြစ်။-

တင့်​တယ်​ပြီး​ဖြစ်​သည့်​အင်္ဂါ​အ​စိတ်​အ​ပိုင်း များ​ကို​မူ​ကား​မွမ်း​မံ​နေ​စ​ရာ​မ​လို။ ဂုဏ် အ​သ​ရေ​လို​သည့်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​တို့ ကို​ပို​၍​ဂုဏ်​အ​သ​ရေ​ရှိ​စေ​ရန်​ဘု​ရား သ​ခင်​ကိုယ်​တော်​တိုင်​ကိုယ်​ခန္ဓာ​ကို​စေ့​စပ် ပြု​ပြင်​ထား​တော်​မူ​၏။-

သို့​ရာ​တွင်​အ​မျိုး​သ​မီး​တို့​သည်​ဣန္ဒြေ​စောင့် လျက်​ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း၊ သန့်​ရှင်း​မြင့် မြတ်​ခြင်း​ပါ​ရ​မီ​တို့​၌​ဆက်​လက်​ကြီး​ပွား ကြ​ပါ​မူ​မိ​မိ​တို့​သား​ဖွား​ပေး​ရ​ကြ​သည့် အ​တွက်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။

အ​မျိုး​သ​မီး​တို့​အား​လည်း​လျောက်​ပတ် တင့်​တယ်​စွာ​ဝတ်​စား​ဆင်​ယင်​ကြ​စေ​လို​၏။ ဆံ​ပင်​ကို​အ​လှ​ထုံး​ခြင်း၊ ရွှေ၊ ပု​လဲ​သို့ မ​ဟုတ်​အ​ဖိုး​ထိုက်​သည့်​အ​ဝတ်​တန်​ဆာ များ​ကို​ဝတ်​ဆင်​ခြင်း​တို့​ကို​မ​ပြု​သင့်​ကြ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ