၁ ကော 12:17Common Language Bibleကိုယ်ခန္ဓာတစ်ခုလုံးသည်မျက်စိသာလျှင် ဖြစ်ပါကအဘယ်သို့ကြားနိုင်မည်နည်း။ ကိုယ်ခန္ဓာတစ်ခုလုံးသည်နားသာလျှင် ဖြစ်ပါမူအဘယ်သို့အနံ့ခံနိုင်မည်နည်း။- အခန်းကိုကြည့်ပါ။ |
ရှောလုကလည်း``ကောင်းပြီ။ ငါတို့သွားကြစို့'' ဟုဆို၏။ သို့ဖြစ်၍သူတို့သည်သူတော်စင်နေ ထိုင်ရာမြို့သို့သွားကြ၏။ မြို့တည်ရာတောင်ကုန်း ကိုတက်၍သွားကြစဉ် သူတို့သည်လမ်းတွင်ရေ ခပ်ရန်လာသောအမျိုးသမီးကလေးအချို့နှင့် တွေ့သဖြင့်``ထိုမြို့ထဲ၌ရှေ့ဖြစ်ကိုဟောနိုင်သူ ရှိပါ၏လော'' ဟုမေးမြန်းစုံစမ်းကြ၏။ (ထိုခေတ်အခါကပရောဖက်အားရှေးဖြစ်ကို ဟောနိုင်သူဟုခေါ်ဝေါ်ကြ၏။ သို့ဖြစ်၍လူ တစ်ဦးတစ်ယောက်သည်ထာဝရဘုရားထံ လျှောက်ထားမေးမြန်းလိုသောအခါ``ရှေ့ဖြစ် ကိုဟောနိုင်သူထံသို့ငါတို့သွားကြကုန် အံ့'' ဟုဆိုလေ့ရှိသတည်း။)