Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 11:6

Common Language Bible

မိန်း​မ​သည်​မိ​မိ​၏​ဦး​ခေါင်း​ကို​မ​ဖုံး​မ​အုပ် ဘဲ​ထား​မည့်​အ​စား မိ​မိ​၏​ဆံ​ပင်​ကို​ဖြတ် ထား​လျှင်​သာ​၍​ကောင်း​၏။ ဆံ​ပင်​ဖြတ်​ခြင်း၊ ခေါင်း​တုံး​ရိတ်​ခြင်း​တို့​သည်​အ​မျိုး​သ​မီး အ​တွက် ရှက်​ဖွယ်​ကောင်း​သော​အ​ရာ​များ​ဖြစ် သ​ဖြင့် သူ​သည်​မိ​မိ​၏​ဦး​ခေါင်း​ကို​ဖုံး​အုပ်​စေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​သူ​သည်​အ​မျိုး​သ​မီး​ဆံ​ပင်​ကို ဖြေ​၍ ပူ​ဇော်​သကာ​မုန့်​ညက်​ကို​သူ့​လက်​ထဲ သို့​ထည့်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်​ကျိန်​စာ သင့်​စေ​သော ရေ​ခါး​ပါ​ရှိ​သည့်​အိုး​ကို​လက် ထဲ​တွင်​ကိုင်​ထား​ရ​မည်။-

ပေါ​လု​သည်​ကော​ရိန္သု​မြို့​တွင်​ရက်​ပေါင်း​များ စွာ​နေ​၏။ ထို​နောက်​ညီ​အစ်​ကို​တို့​ကို​နှုတ်​ဆက်​၍ ပြစ်​ကိ​လ၊ အာ​ကု​လ​တို့​နှင့်​အ​တူ​ရှု​ရိ​ပြည် သို့​သင်္ဘော​လွှင့်​လေ​၏။ ကင်​ခြေ​မြို့​မှ​သင်္ဘော မ​ထွက်​မီ သူ​သည်​ဘု​ရား​သ​ခင်​အား​သစ္စာ က​တိ​ပြု​ခဲ့​သ​ဖြင့်​မိ​မိ​၏​ဦး​ခေါင်း​ကို ရိတ်​၏။-

မိန်း​မ​သည်​စု​ဝေး​ဝတ်​ပြု​ခြင်း​တွင်​မိ​မိ​၏​ဦး ခေါင်း​ကို​မ​ဖုံး​မ​အုပ်​ဘဲ​ဆု​တောင်း​ပတ္ထ​နာ​ပြု သော်​လည်း​ကောင်း၊ တ​ရား​တော်​ကို​ကြေ​ညာ သော်​လည်း​ကောင်း မိ​မိ​ခင်​ပွန်း​၏​အ​သ​ရေ​ကို ရှုတ်​ချ​သူ​ဖြစ်​၏။ သူ​သည်​ခေါင်း​တုံး​ရိတ်​ထား သည့်​အ​မျိုး​သ​မီး​နှင့်​မ​ထူး​ခြား​တော့​ချေ။-

အ​မျိုး​သား​သည်​မိ​မိ​၏​ဦး​ခေါင်း​ကို​ဖုံး အုပ်​ရန်​မ​သင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ သည်​ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့်​ဘုန်း အ​သ​ရေ​တော်​ကို​ရောင်​ပြန်​ဟပ်​သူ​ဖြစ်​သော ကြောင့်​တည်း။ အ​မျိုး​သ​မီး​သည်​ကား​အ​မျိုး သား​၏​ဘုန်း​အ​သ​ရေ​ကို​ရောင်​ပြန်​ဟပ်​သူ ဖြစ်​၏။-

``အ​မျိုး​သ​မီး​တို့​သည်​ယောကျာ်း​တို့​၏ အ​ဝတ်​ကို​မ​ဝတ်​ရ။ ယောကျာ်း​တို့​သည်​လည်း အ​မျိုး​သ​မီး​တို့​၏​အ​ဝတ်​ကို​မ​ဝတ်​ရ။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် ထို​သို့​ဝတ်​ဆင်​သော​သူ​များ​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ