Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 11:34

Common Language Bible

သင်​တို့​စု​ဝေး​ကြ​သော​အ​ခါ​တွင်​ဘု​ရား​သ​ခင် ၏​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ခြင်း​နှင့်​ကင်း​လွတ် နိုင်​စေ​ရန် ဆာ​မွတ်​သော​သူ​သည်​မိ​မိ​အိမ်​တွင် စား​သောက်​စေ။ အ​ခြား​ကိစ္စ​များ​နှင့်​ပတ်​သက်​၍ ငါ​လာ​သည့်​အ​ခါ​ဖြေ​ရှင်း​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထို့​ကြောင့်​ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား​၏​ပွဲ​တော် မင်္ဂလာ​ကို​ဝင်​ရန်​စု​ဝေး​ကြ​သော​အ​ခါ တစ်​ယောက် ကို​တစ်​ယောက်​စောင့်​ဆိုင်း​ကြ​လော့။-

ယု​ဒ​ပြည်​ရှိ​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အား ထောက်​ပံ့​ရန်​အ​တွက်​အ​လှူ​ငွေ​များ​နှင့်​ပတ်​သက် ၍ ဂ​လာ​တိ​ပြည်​ရှိ​အ​သင်း​တော်​များ​သို့​ငါ ညွှန်​ကြား​ခဲ့​သည်​အ​တိုင်း​သင်​တို့​ပြု​ကြ​လော့။-

ငါ​ရောက်​ရှိ​လာ​သော​အ​ခါ​အ​လှူ​ငွေ​ကောက်​ခံ​ဖို့ မ​လို​စေ​ရန် တ​နင်္ဂ​နွေ​နေ့​တိုင်း​သင်​တို့​တစ်​ဦး​စီ သည် မိ​မိ​၏​ဝင်​ငွေ​နည်း​များ​အ​လိုက်​လှူ​ဒါန်း​ရန် စု​ဆောင်း​ထား​ကြ​လော့။-

ငါ​သည်​မာ​ကေ​ဒေါ​နိ​ပြည်​လမ်း​မှ​လာ​မည်​ဖြစ် ၍ မာ​ကေ​ဒေါ​နိ​ပြည်​တစ်​လျှောက်​ခ​ရီး​ပြု​ပြီး သော​အ​ခါ​သင်​တို့​ထံ​သို့​လာ​ခဲ့​မည်။-

ထို​အ​ကြောင်း​ကြောင့်​ငါ​သည်​တိ​မော​သေ​ကို သင်​တို့​ထံ​သို့​စေ​လွှတ်​လိုက်​ပါ​မည်။ သူ​သည် ခ​ရစ်​ယာန်​သက်​တမ်း​၌ ငါ​ချစ်​မြတ်​နိုး​၍​သစ္စာ ရှိ​သော​သား​ဖြစ်​ပါ​၏။ သူ​သည်​ငါ​လိုက်​လျှောက် ကျင့်​သုံး​သော​အ​ရပ်​ရပ်​ရှိ​အ​သင်း​တော် အ​ပေါင်း​တို့​အား ငါ​ဟော​ပြော​သွန်​သင်​ခဲ့​သော၊ ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သော ဘ​ဝ​သစ်​လမ်း​စဉ်​ကို သင်​တို့​အား​ပြန်​လည် သ​တိ​ရ​စေ​ပါ​လိမ့်​မည်။

သို့​ရာ​တွင်​သ​ခင်​ဘု​ရား​အ​လို​တော်​ရှိ​ပါ​မူ ငါ​သည်​သင်​တို့​ထံ​သို့​မ​ကြာ​မီ​လာ​ခဲ့​ပါ မည်။ ထို​အ​ခါ​ယင်း​သို့​မာန်​မာ​န​ထောင်​လွှား သူ​တို့​၏​နှုတ်​သတ္တိ​ကို​သာ​မ​က သူ​တို့​၏ တန်​ခိုး​စွမ်း​ရည်​ကို​လည်း​ငါ​ကိုယ်​တိုင်​သိ​ရ လိမ့်​မည်။-

မည်​သို့​ပင်​ဆို​စေ၊ လူ​အ​သီး​သီး​တို့​သည်​သ​ခင် ဘု​ရား​ပေး​တော်​မူ​သည့်​ဆု​ကျေး​ဇူး​များ​နှင့် အ​ညီ ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​စဉ် အ​ခါ​က​ရှိ​ခဲ့​သည့်​အ​ခြေ​အ​နေ​အ​တိုင်း ဆက်​လက်​၍​အ​သက်​ရှင်​ရာ​၏။ ဤ​နည်း​အ​တိုင်း အ​သင်း​တော်​အား​လုံး​အား​ငါ​ဟော​ပြော​သွန် သင်​၏။-

က​ရေ​တေ​ကျွန်း​တွင်​လုပ်​ဆောင်​စ​ရာ​ရှိ​သေး သော​အ​မှု​ကိစ္စ​အ​ဝ​ဝ​တို့​ကို​စီ​မံ​ဆောင်​ရွက် ရန်​နှင့် အ​မြို့​မြို့​တွင်​သင်း​အုပ်​များ​ခန့်​ထား ရန်​သင့်​အား​ငါ​ထား​ခဲ့​၏။ ငါ​ယ​ခု​ပေး​မည့် ညွှန်​ကြား​ချက်​များ​ကို​မ​မေ့​နှင့်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ