Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 11:30

Common Language Bible

ထို​အ​ကြောင်း​ကြောင့်​သင်​တို့​အ​ထဲ​တွင်​အား​အင် ချည့်​နဲ့​သူ​နှင့်​မ​ကျန်း​မ​မာ​သူ​အ​မြောက်​အ​မြား ရှိ​ပေ​သည်။ သေ​သော​သူ​အ​ချို့​လည်း​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ငါ​၏ စ​ကား​ကို​တစ်​သ​ဝေ​မ​တိမ်း​နာ​ခံ​၍​ငါ နှစ်​သက်​သော​အ​ကျင့်​ကို​ကျင့်​ပြီး ပ​ညတ် သ​မျှ​တို့​ကို​လိုက်​နာ​လျှင်၊ ငါ​သည်​အီ​ဂျစ် အ​မျိုး​သား​တို့​အ​ပေါ်​တွင်​ကျ​ရောက်​စေ သော​ရော​ဂါ​မျိုး​များ​ကို သင်​တို့​အ​ပေါ်​တွင် မည်​သည့်​အ​ခါ​မျှ​ကျ​ရောက်​စေ​မည်​မ​ဟုတ်။ ငါ​သည်​သင်​တို့​၏​ရော​ဂါ​ကို​ပျောက်​ကင်း စေ​သော​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။

ကမ္ဘာ​တစ်​ခွင်​လုံး​ရှိ​နိုင်ငံ​တ​ကာ​တို့​အ​နက် သင် တို့​တစ်​မျိုး​တည်း​ကို​သာ​ငါ​အ​သိ​အ​မှတ် ပြု​၍​က​ရု​ဏာ​သက်​ခဲ့​၏။ ထို့​ကြောင့်​ပင်​သင် တို့​ပြု​ခဲ့​သ​မျှ​သော​အ​ပြစ်​များ​အ​တွက် သင်​တို့​ကို​အ​ပြစ်​ပေး​ရ​တော့​မည်။

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​နှင့် အာ​ရုန်​တို့​အား``သင်​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ရှေ့​တွင်​ငါ့​တန်​ခိုး​တော်​ကို ယုံ​ကြည်​မှု​နည်း​သော​ကြောင့် က​တိ​ထား​သော ပြည်​သို့​သူ​တို့​အား​ပို့​ဆောင်​ရ​ကြ​လိမ့်​မည် မ​ဟုတ်'' ဟု​ဆုံး​မ​တော်​မူ​၏။

``အာ​ရုန်​သည်​အ​နိစ္စ​ရောက်​လိမ့်​မည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​က​တိ ထား​သော​ပြည်​သို့​ဝင်​ရ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​နှစ်​ဦး​သည် မေ​ရိ​ဘ​အ​ရပ်​တွင် ငါ​၏​အ​မိန့်​တော်​ကို မ​နာ​ခံ​ခဲ့​သော​ကြောင့်​ဖြစ်​သည်။-

ဒါ​ဝိဒ်​သည်​မိ​မိ​အ​သက်​ရှင်​စဉ်​ကာ​လ​၌ ဘု​ရား သ​ခင်​အ​ကြံ​အ​စည်​တော်​ရှိ​သည်​အ​တိုင်း လိုက်​လျှောက်​ဆောင်​ရွက်​ပြီး​နောက်​သေ​လွန်​၍ ဘိုး​ဘေး​များ​၏​သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​၏။ သူ​၏​ကိုယ်​ခန္ဓာ​သည်​သင်္ချိုင်း​တွင်​ပုပ် ပျက်​သွား​ရ​၏။-

သူ​သည်​ဒူး​ထောက်​၍``သ​ခင်​ဘု​ရား၊ ဤ​သူ​တို့ ပြု​သော​အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ'' ဟု​အ​သံ ကျယ်​စွာ​ကြွေး​ကြော်​ပြီး​နောက်​အ​သက်​ချုပ် လေ​၏။

မုန့်​ကို​စား​၍​ခွက်​ဖ​လား​မှ​စ​ပျစ်​ရည်​ကို သောက်​သော​အ​ခါ သ​ခင်​ဘု​ရား​၏​ကိုယ်​ခန္ဓာ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​မ​သိ​နား​မ​လည်​သော သူ​သည် မိ​မိ​အ​ပေါ်​အ​ပြစ်​ဒဏ်​ကျ​ရောက် စေ​ရန်​စား​သောက်​သူ​ဖြစ်​၏။-

ငါ​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ပ​ထ​မ​ဦး​စွာ​စစ် ဆေး​ကြ​မည်​ဆို​ပါ​မူ ဤ​သို့​ဘု​ရား​သ​ခင်​၏ စီ​ရင်​တော်​မူ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။-

သို့​ရာ​တွင်​ငါ​တို့​အား​ဤ​သို့​ထာ​ဝ​ရ​ဘု​ရား သ​ခင်​စီ​ရင်​တော်​မူ​ခြင်း​မှာ ငါ​တို့​အား​လော​ကီ သား​တို့​နှင့်​အ​တူ​အ​ပြစ်​ဒဏ်​မ​ခံ​ရ​စေ​ရန် ဆုံး​မ​တော်​မူ​ခြင်း​ဖြစ်​သည်။

လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​တစ်​ခု​ကို​နား​ထောင် ကြ​လော့။ ငါ​တို့​အား​လုံး​သည်​သေ​လွန်​သွား​ကြ မည်​မ​ဟုတ်။ ငါ​တို့​သည်​တံ​ပိုး​ခ​ရာ​မှုတ်​သော အ​ခါ​ခ​ဏ​ချင်း​မျက်​စိ​တစ်​မှိတ်​အ​တွင်း​၌ ပြောင်း​လဲ​ကြ​မည်။ နောက်​ဆုံး​တံ​ပိုး​ခ​ရာ​မှုတ် သော​အ​ခါ​သေ​လွန်​သူ​တို့​သည် ရှင်​ပြန်​ထ​မြောက် ကြ​၍​သေ​ခြင်း​နှင့်​ထာ​ဝ​စဉ်​ကင်း​လွတ်​ကြ လိမ့်​မည်။ ငါ​တို့​အား​လုံး​သည်​လည်း​ပြောင်း​လဲ ကြ​မည်။-

သ​ခင်​ယေ​ရှု​သည်​အ​သေ​ခံ​တော်​မူ​ပြီး​နောက် ရှင်​ပြန်​ထ​မြောက်​တော်​မူ​သည်​ဟု​ငါ​တို့​ယုံ​ကြည် သော​ကြောင့် ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​ကို​ယုံ ကြည်​လျက်​သေ​လွန်​သွား​ကုန်​သော​သူ​တို့​အား ထို​အ​ရှင်​နှင့်​အ​တူ​မိ​မိ​ထံ​တော်​သို့​ပြန်​၍ ခေါ်​ဆောင်​သွား​တော်​မူ​လိမ့်​မည်​ဟု​ငါ​တို့ ယုံ​ကြည်​ကြ​ပေ​သည်။

ငါ​သည်​မိ​မိ​ချစ်​သော​သူ​အ​ပေါင်း​တို့​အား ဆုံး​မ​၍​အ​ပြစ်​ဒဏ်​ပေး​တတ်​၏။ ထို​ကြောင့် သင်​သည်​စိတ်​အား​ထက်​သန်​လော့။ နောင်​တ ရ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ