သို့ဖြစ်၍ကောင်းကင်တမန်များကိုထောက် သောအားဖြင့် အမျိုးသမီးသည်မိမိအပေါ် အမျိုးသားအုပ်စိုးခြင်းကိုဖော်ပြရန်မိမိ ဦးခေါင်းကိုအုပ်သင့်၏။-
ထိုနောက်စာရာအား``သင်သည်အပြစ်မဲ့ကြောင်း သင်၏အပေါင်းအဖော်တို့သိစေရန်သက်သေ အထောက်အထားအဖြစ် ငါသည်သင်၏အစ်ကို အားငွေသားတစ်ထောင်ပေးပြီ။ လူတိုင်းကသင် သည်အပြစ်တစ်စုံတစ်ရာကူးလွန်ခြင်းမရှိ ကြောင်းသိလိမ့်မည်'' ဟုဆိုလေ၏။
သင်၏နှုတ်သည် သင်၏ကိုယ်ခန္ဓာ၌ အပြစ် မရောက်စေနှင့်။ အကျွန်ုပ်မှားပါပြီဟု၊ တမန်တော်ရှေ့မှာ ပြောရသော အကြောင်းမရှိစေနှင့်။ ဘုရားသခင်သည် သင်၏စကားသံကို အမျက်ထွက်၍၊ သင်ပြုစုသောအမှုကို အဘယ်ကြောင့် ဖျက်ဆီးတော်မူရမည်နည်း။
``သင်တို့သည်အဘယ်ကလေးသူငယ်ကိုမျှ အထင်အမြင်မသေးမိစေရန်သတိထား ကြလော့။ သင်တို့အားငါဆိုသည်ကား၊ ထိုသူငယ် တို့၏ကောင်းကင်တမန်များသည်ကောင်းကင်ဘုံ ရှင်ငါ့ခမည်းတော်၏ရှေ့တော်မှောက်၌အစဉ် မပြတ်ခစားလျက်ရှိကြ၏။-
သို့ရာတွင်သခင်ဘုရား၏မိတ်သဟာယ အဖွဲ့တွင် အမျိုးသားသည်အမျိုးသမီး ကိုလိုအပ်သကဲ့သို့အမျိုးသမီးသည် လည်းအမျိုးသားကိုလိုအပ်ပေသည်။-
အမျိုးသားကိုအမျိုးသမီးအတွက်ဘုရား သခင်ဖန်ဆင်းတော်မမူ။ အမျိုးသမီးကိုသာ လျှင်အမျိုးသားအတွက်ဖန်ဆင်းတော်မူ၏။-
ထိုသို့ဖြစ်ပါမူ၊ ကောင်းကင်တမန်များမှာ အဘယ်သို့သောသူများနည်း။ သူတို့သည် ကယ်တင်ခြင်းခံရမည့်သူတို့အားကူညီ မစရန် ဘုရားသခင်စေလွှတ်တော်မူသည့် အစေခံဝိညာဉ်များဖြစ်ပေသည်။