၁ ကော 10:4Common Language Bibleဋ္ဌမ္မရေစာတစ်မျိုးတည်းကိုသောက်ကြရ၏။ သူ တို့အားလုံးပင်မိမိတို့နှင့်လိုက်ပါလာသော ဋ္ဌမ္မကျောက်မှရေကိုသောက်သုံးကြရ၏။ ထို ကျောက်ကားခရစ်တော်ပင်ဖြစ်သတည်း။- အခန်းကိုကြည့်ပါ။ |
ကျောက်ဆောင်ကိုကိုယ်တော်ရိုက်လိုက်သော အခါ အရှိန်ပြင်းသည့်ချောင်းသဖွယ်ရေထွက်လာ သည်မှာ မှန်ပါ၏။ သို့ရာတွင်ကိုယ်တော်သည်ငါတို့အားအစားအစာကို ကျွေးနိုင်ပါမည်လော။ မိမိ၏လူစုတော်အားအမဲသားကိုပေးနိုင် ပါမည်လော'' ဟုဆို၍ ဘုရားသခင်အားမကျေနပ်သည့်စကားကို ပြောဆိုကြ၏။
သိနာတောင်၌ရှိသောကျောက်ဆောင်အနီး တွင်ငါရပ်နေမည်။ သင်သည်ကျောက်ဆောင် ကိုရိုက်လော့။ ထိုကျောက်ဆောင်မှလူတို့ သောက်ရန်ရေစီးထွက်လာလိမ့်မည်'' ဟုမိန့် တော်မူ၏။ မောရှေသည်ဣသရေလအမျိုး သားခေါင်းဆောင်တို့ရှေ့မှောက်တွင် ထာဝရ ဘုရားမိန့်တော်မူသည့်အတိုင်းကျောက် ဆောင်ကိုရိုက်လေ၏။
သခင်ယေရှုက ``ဘုရားသခင်ပေးသနား တော်မူသောဆုကျေးဇူးတော်ကိုလည်းကောင်း၊ သင့်အားသောက်ရေတစ်ခွက်တောင်းနေသူသည် အဘယ်သူဖြစ်သည်ကိုလည်းကောင်းသင်သည် သိပါလျှင် ထိုသူ၏ထံမှအသက်ရေကို တောင်းလိမ့်မည်။ ထိုသူသည်လည်းသင့်အား ထိုရေကိုပေးလိမ့်မည်'' ဟုမိန့်တော်မူ၏။
ယုဒပညတ်တရားသည်စစ်မှန်သည့်အရာ များ၏ တိကျမှန်ကန်သောပုံတူမဟုတ်ပေ။ သက်ရောက်လတ္တံ့သောကောင်းကျိုးချမ်းသာများ ၏အရိပ်အရောင်မျှကိုသာဖော်ပြပေသည်။ ပညတ်တရားအရနှစ်စဉ်နှစ်တိုင်းယဇ်ကို ပူဇော်ကြရ၏။ သို့ဖြစ်၍ပညတ်တရားသည် ဘုရားသခင်ထံတော်သို့ချဉ်းကပ်သူတို့အား အဘယ်သို့လျှင်ပြည့်ဝစုံလင်သူများဖြစ် လာစေနိုင်ပါမည်နည်း။-