Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 10:29

Common Language Bible

သြတ္တပ္ပ​စိတ်​ဆို​ရာ​၌​သင်​တို့​၏​သြတ္တပ္ပ​စိတ်​ကို မ​ဆို​လို။ လာ​ပြော​သူ​၏​သြတ္တပ္ပ​စိတ်​ကို​ဆို လို​၏။ သင်​တို့​တွင်​လူ​တစ်​စုံ​တစ်​ယောက်​က``ငါ​၏ လွတ်​လပ်​မှု​ကို​အ​ဘယ်​ကြောင့်​သူ​တစ်​ပါး ၏​သြတ္တပ္ပ​စိတ်​က​ချုပ်​ချယ်​ရ​ပါ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

``ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်​သို့​ဆင်း​သက်​တော်​မူ​၏။ ဆင်း​ရဲ​သူ​များ​အား​သ​တင်း​ကောင်း​ကို​ပြော​ကြား​ရန် ငါ့​အား​ဘိ​သိက်​ပေး​တော်​မူ​ပြီ။ အ​ချုပ်​အ​နှောင်​ခံ​ရ​သူ​များ​ကို​လွတ်​မြောက် စေ​မည်​ဖြစ်​ကြောင်း​နှင့်၊ မျက်​မ​မြင်​များ​မျက်​စိ​အ​လင်း​ပြန်​လည်​ရ​ရှိ စေ​မည် ဖြစ်​ကြောင်း​ကို​ပြော​ကြား​ရန်​လည်း​ကောင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခံ​ရ​သူ​များ​အား​ကယ်​လွှတ်​မည် ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊

ယု​ဒ​အ​မျိုး​သား​တို့​က​သော်​လည်း​ကောင်း၊ လူ​မျိုး​ခြား​တို့​က​သော်​လည်း​ကောင်း ဘု​ရား သ​ခင်​၏​အ​သင်း​တော်​ဝင်​တို့​က​သော်​လည်း ကောင်း ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း​မ​ဖြစ်​စေ​ရန် နေ​ထိုင်​ကြ​လော့။-

ငါ​သည်​လွတ်​လပ်​သူ​မ​ဟုတ်​ပါ​လော။ တ​မန် တော်​တစ်​ပါး​မ​ဟုတ်​ပါ​လော။ ငါ​တို့​အ​ရှင် သ​ခင်​ယေ​ရှု​ကို​ဖူး​မြင်​ခဲ့​ရ​သူ​မ​ဟုတ် ပါ​လော။ သင်​တို့​သည်​သ​ခင်​ဘု​ရား​၏​အ​မှု တော်​ကို ငါ​ထမ်း​ဆောင်​ခြင်း​မှ​ထွက်​ပေါ်​လာ သော​အ​သီး​အ​ပွင့်​များ​မ​ဟုတ်​ပါ​လော။-

ငါ​သည်​မည်​သူ့​ကျွန်​မျှ​မ​ဟုတ်။ လွတ်​လပ်​သူ ဖြစ်​၏။ သို့​ရာ​တွင်​ခ​ရစ်​တော်​ကို​ယုံ​ကြည်​သူ ဦး​ရေ​များ​နိုင်​သ​မျှ​တိုး​တက်​များ​ပြား လာ​စေ​ရန် ငါ​သည်​လူ​တိုင်း​၏​ကျွန်​ဖြစ်​၏။-

သ​ခင်​ဘု​ရား​၏​ရှေ့​တော်​၌​သာ​မ​က​လူ တို့​၏​ရှေ့​၌​လည်း​လျောက်​ပတ်​မှန်​ကန်​သည့် အ​မှု​ကို​သာ​ပြု​ရန်​ရည်​ရွယ်​ချက်​ရှိ​ကြ​၏။

မ​ကောင်း​သည့်​အ​ရာ​မှန်​သ​မျှ​ကို​ရှောင်​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ