Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 1:19

Common Language Bible

အ​ဘယ်​ကြောင့်​ဆို​သော်​ကျမ်း​စာ​တော်​တွင် ``ပ​ညာ​ရှိ​တို့​၏​ဉာဏ်​ပ​ညာ​ကို​ငါ​ဖျက်​ဆီး​မည်။ အ​သိ​ပ​ညာ​ရှင်​တို့​၏​အ​သိ​ပ​ညာ​ကို​လည်း ငါ​ပယ်​ရှား​မည်'' ဟု​ရေး​သား​ဖော်​ပြ​ထား​သော​ကြောင့်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ဇော​န​မြို့​သူ​မြို့​သား​တို့​၏​ခေါင်း​ဆောင်​များ သည် အ​သိ​ဉာဏ်​တုံး​သူ​များ​ဖြစ်​ပါ​သည် တ​ကား၊ အီ​ဂျစ်​ပြည်​၏​အ​တိုင်​ပင်​ခံ​ပ​ညာ ကျော်​တို့​က​လည်း မိုက်​မဲ​သော​အ​ကြံ​ဉာဏ် ကို​ပေး​ကြ​ပါ​သည်​တ​ကား။ သူ​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​အ​ဘယ်​သို့​လျှင် ရှေး​ဘု​ရင် များ​နှင့်​ရှေး​ပ​ညာ​ရှင်​တို့​၏​အ​ဆက်​အ​နွယ် များ​ဖြစ်​သည်​ဟု​မင်း​ကြီး​အား​လျှောက်​ထား ဝံ့​ကြ​ပါ​သ​နည်း။-

ငါ​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​၏ အ​ကြံ အ​စည်​များ​ကို​ပျက်​စီး​စေ​၍ သူ​တို့​၏​စိတ် ဋ္ဌာတ်​ကို​လည်း​ပျက်​ပြား​သွား​စေ​မည်။ သူ​တို့ သည်​မိ​မိ​တို့​ကိုး​ကွယ်​သည့်​ရုပ်​တု​များ​ထံ တွင်​အ​ကူ​အ​ညီ​တောင်း​ခံ​ကြ​လိမ့်​မည်။ နတ် ဝင်​သည်​များ​ထံ​သွား​ရောက်​မေး​မြန်း​စုံ​စမ်း ကာ၊ သူ​သေ​တို့​၏​ဝိ​ညာဉ်​များ​အား​အကြံ ဉာဏ်​တောင်း​ခံ​ကြ​လိမ့်​မည်။-

သို့​ဖြစ်​၍​ငါ​သည်​သူ​တို့​မ​မျှော်​လင့်​သည့်​ဘေး ဒုက္ခ​တစ်​ခု​ပြီး​တစ်​ခု​သက်​ရောက်​စေ​၍ သူ​တို့ အား​တုန်​လှုပ်​ချောက်​ချား​စေ​မည်။ ပ​ညာ​ရှိ​တို့ သည်​လူ​မိုက်​များ​ဖြစ်​ကုန်​ကြ​လျက်၊ သူ​တို့ ၏​အ​သိ​အ​လိမ္မာ​မှန်​သ​မျှ​သည်​လည်း သူ​တို့ အား​အ​ဘယ်​သို့​မျှ​အ​ကျိုး​ပြု​လိမ့်​မည် မ​ဟုတ်'' ဟု​ယ​ခု​မိန့်​တော်​မူ​ပါ​၏။

လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်​ဖြစ်​တော်​မူ​သော ကိုယ်​တော်​ရှင်​အား​အ​ဘယ်​သူ​သည် မ​ကြောက်​ရွံ့​မ​ရို​သေ​ဘဲ​နေ​ပါ​မည်​နည်း။ ကိုယ်​တော်​အား​ကြောက်​ရွံ့​ရို​သေ​ထိုက်​ပါ​၏။ လူ​မျိုး​တ​ကာ​တို့​တွင်​ရှိ​သော​ပ​ညာ​ရှိ အ​ပေါင်း​တို့​တွင်​လည်း​ကောင်း၊ သူ​တို့​၏​ဘု​ရင်​ရှိ​သ​မျှ​တို့​တွင်​လည်း​ကောင်း၊ ကိုယ်​တော်​ရှင်​နှင့်​တူ​သူ​တစ်​ဦး​တစ်​ယောက်​မျှ မ​ရှိ​ပါ။

သင်​တို့​၏​ပ​ညာ​ရှိ​များ​သည်​အ​ရှက်​ကွဲ ကြ​၏။ သူ​တို့​သည်​စိတ်​ရှုပ်​ထွေး​လျက်​ထောင် ချောက်​တွင်​မိ​ကြ​လေ​ပြီ။ သူ​တို့​သည်​ငါ​၏ နှုတ်​က​ပတ်​တော်​ကို​ပစ်​ပယ်​လိုက်​ကြ​ပြီ ဖြစ်​၍​ယ​ခု​အ​ခါ​၌​သူ​တို့​တွင်​အ​ဘယ် သို့​သော​ပ​ညာ​ဉာဏ်​ရှိ​တော့​မည်​နည်း။-

ဉာဏ်​ပ​ညာ​ဟူ​၍​ဤ​လော​က​သား​တို့​ထင်​မှတ် ကြ​သည့်​အ​ရာ​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော် ၌​မိုက်​မဲ​မှု​သာ​လျှင်​ဖြစ်​၏။ ကျမ်း​စာ​တော်​တွင် ``ဘု​ရား​သ​ခင်​သည်​ပ​ညာ​ရှိ​များ​အား​မိ​မိ တို့​ကိုယ်​တိုင်​အ​သုံး​ပြု​သည့်​ပ​ရိ​ယာယ်​အား ဖြင့်​ပင်​လျှင်​ထောင်​ချောက်​တွင်​မိ​စေ​တော်​မူ​၏'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း​ပင်။-

ငါ​တို့​သည်​ခ​ရစ်​တော်​အ​တွက်​လူ​မိုက်​ဖြစ် ရ​၏။ သင်​တို့​ကား​ခ​ရစ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​သူ​ပ​ညာ​ရှိ​များ​ဖြစ်​ကြ သည်။ ငါ​တို့​သည်​ချည့်​နဲ့​သူ၊ သင်​တို့​ကား စွမ်း​သန်​သူ၊ ငါ​တို့​သည်​အ​သ​ရေ​မဲ့​သူ၊ သင်​တို့​ကား​အ​သ​ရေ​ရှိ​သူ​များ​ဖြစ်​ကြ ပါ​သည်​တ​ကား။-

ညီ​အစ်​ကို​တို့၊ သင်​တို့​၏​အ​ကျိုး​ငှာ​ဤ​အ​ကြောင်း အ​ရာ​များ​တွင် အာ​ပေါ​လု​နှင့်​ငါ့​ကိစ္စ​ကို​ဥ​ပ​မာ ထည့်​သွင်း​ဖော်​ပြ​လိုက်​ခြင်း​ဖြစ်​၏။ ထို​သို့​ဖော် ပြ​ရ​ခြင်း​မှာ ``စည်း​မျဉ်း​ကို​ကျော်​လွန်​၍​မ​ပြု နှင့်'' ဟူ​သော​ဆို​ရိုး​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​သင်​တို့​နား​လည်​နိုင်​ကြ​စေ​ရန်​ဖြစ်​၏။ သင် တို့​သည်​တစ်​ယောက်​ကို​ချီး​မွမ်း​၍​အ​ခြား တစ်​ယောက်​ကို​မ​ထီ​လေး​စား​မ​ပြု​ကြ​နှင့်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ