Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 1:17

Common Language Bible

ခ​ရစ်​တော်​ငါ့​ကို​စေ​လွှတ်​တော်​မူ​သည်​မှာ ဗတ္တိ​ဇံ​ပေး​ရန်​မ​ဟုတ်။ ခ​ရစ်​တော်​လက်​ဝါး​ကပ် တိုင်​တွင်​အ​သေ​ခံ​ခြင်း​တန်​ခိုး​မ​ပျက်​မ​ပြယ် စေ​ရန် လူ​တို့​၏​ဉာဏ်​ပ​ညာ​နှင့်​ယှဉ်​သော​စ​ကား များ​ကို​အ​သုံး​မ​ပြု​ဘဲ​သ​တင်း​ကောင်း​ကို ကြေ​ညာ​ရန်​ဖြစ်​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သ​ခင်​ယေ​ရှု​သည်​ယော​ဟန်​ထက်​ပို​၍​များ သော​တ​ပည့်​များ​ကို ဗတ္တိ​ဇံ​မင်္ဂ​လာ​ပေး​လျက် နေ​သည်​ကို​ဖာ​ရိ​ရှဲ​တို့​ကြား​သိ​ကြ​၏။-

(အ​မှန်​မှာ​သ​ခင်​ယေ​ရှု​ကိုယ်​တော်​တိုင်​ဗတ္တိ​ဇံ မင်္ဂ​လာ​ကို​ပေး​တော်​မ​မူ။ တ​ပည့်​တော်​တို့​သာ လျှင်​ပေး​ခြင်း​ဖြစ်​၏။)-

ထို​နောက်​ပေ​တ​ရု​သည်​ထို​သူ​တို့​အား​ယေ​ရှု ခ​ရစ်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ဗတ္တိ​ဇံ​မင်္ဂ​လာ ခံ​စေ​ရန်​အ​မိန့်​ပေး​လေ​၏။ ထို​နောက်​ပေ​တ​ရု အား​မိ​မိ​တို့​နှင့်​အ​တူ ရက်​အ​နည်း​ငယ်​နေ ထိုင်​ရန်​ထို​သူ​တို့​သည်​မေတ္တာ​ရပ်​ခံ​ကြ​၏။

သို့​ဖြစ်​သော​ကြောင့်​ညီ​အစ်​ကို​တို့၊ ငါ​သည် သင်​တို့​ထံ​သို့​လာ​ရောက်​၍ ဘု​ရား​သ​ခင်​၏ နက်​နဲ​သော​သမ္မာ​တရား​တော်​ကို​ဟော​ပြော​စဉ် အ​ခါ​က​ထည်​ဝါ​သော​စ​ကား​များ၊ အ​သိ ပ​ညာ​နှင့်​ယှဉ်​သော​စ​ကား​များ​ဖြင့်​ဟော ပြော​သည်​မဟုတ်။-

သို့​ဖြစ်​၍​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​တို့ အား ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​သစ္စာ​တရား​များ​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​ရှင်း​လင်း​ဖော်​ပြ​ရာ​၌ ငါ​တို့​သည်​လူ့​အ​သိ​ဉာဏ်​နှင့်​ယှဉ်​သည့် စ​ကား​များ​ကို​အ​သုံး​မ​ပြု။ ဝိ​ညာဉ်​တော် သွန်​သင်​ပေး​သည့်​စ​ကား​များ​ကို​သာ အ​သုံး​ပြု​ကြ​၏။-

ငါ​တို့​သြတ္တ​ပ္ပ​စိတ်​ထောက်​ခံ​၍​ဂုဏ်​ယူ​ဝါ ကြွား​စ​ရာ​တစ်​ခု​ကား ဤ​လော​က​၌​အ​သက် ရှင်​စဉ်​ကာ​လ​အ​ထူး​သ​ဖြင့် သင်​တို့​နှင့် ဆက်​ဆံ​ရာ​တွင်​လူ​၏​အ​သိ​ဉာဏ်​ကို​အ​မှီ မ​ပြု​ဘဲ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် တန်​ခိုး​ကို​သာ​လျှင်​အ​မှီ​ပြု​၍ ငါ​တို့​သည် ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော စိတ်​ရိုး​သ​ဘော​ရိုး​ဖြင့် ပွင့်​လင်း​စွာ​ပြု​မူ ကျင့်​ကြံ​ခြင်း​ပင်​ဖြစ်​၏။-

``ပေါ​လု​၏​စာ​များ​သည်​ပြင်း​ထန်​၍​အာ​ဏာ ပါ​သည့်​စာ​များ​ဖြစ်​၏။ သို့​သော်​ငါ​တို့​ရှေ့​မှောက် ၌​မူ​သူ​သည်​သတ္တိ​ကြောင်​သူ၊ အ​ဟော​အ​ပြော ညံ့​သူ​ဖြစ်​သည်'' ဟု​ပြော​ဆို​သူ​ရှိ​လိမ့်​မည်။-

ငါ​သည်​အ​ဟော​အ​ပြော​ညံ့​သော်​လည်း​အ​သိ ပ​ညာ​မ​ညံ့။ ငါ​တို့​သည်​အ​ခါ​ခပ်​သိမ်း​အ​ခြေ အ​နေ​အ​မျိုး​မျိုး​တွင်​ဤ​အ​ချက်​ကို​သင်​တို့ အား​ကောင်း​စွာ​သိ​စေ​ခဲ့​၏။

ငါ​တို့​သည်​ရှက်​ဖွယ်​ရာ​လျှို့​ဝှက်​မှု​အ​ပေါင်း တို့​ကို​စွန့်​ပယ်​ကြ​၏။ ငါ​တို့​သည်​ကောက်​ကျစ် စဉ်း​လဲ​မှု​ကို​မ​ပြု။ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​မှောက်​လှန်​၍​မ​ဟော​မ​ပြော။ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​မျက်​မှောက်​တော် ၌​သမ္မာ​တ​ရား​တော်​၏​အ​လင်း​တွင် သက်​ရှင် လှုပ်​ရှား​၍​လူ​အ​ပေါင်း​တို့​သြတ္တ​ပ္ပ​စိတ် ကြည်​လင်​အောင်​ပြု​မူ​ဆောင်​ရွက်​ကြ​၏။-

ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​တန်​ခိုး​တော် နှင့်​ကြွ​လာ​တော်​မူ​ခြင်း​အ​ကြောင်း​ကို​သင်​တို့ အား​ဖော်​ပြ​ရာ​၌ ငါ​တို့​သည်​ပ​ရိ​ယာယ်​နှင့် တီ​ထွင်​သော​ဒဏ္ဍာ​ရီ​ပုံ​ပြင်​များ​ကို​ပြော​ကြား နေ​ခြင်း​မ​ဟုတ်။ ငါ​တို့​ကား​မိ​မိ​တို့​ကိုယ်​တိုင် ကိုယ်​တော်​၏​ဘုန်း​အာ​နု​ဘော်​တော်​ကို​ဖူး​မြင် ရ​ကြ​သူ​များ​ဖြစ်​ပေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ