Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဧ​သ​တာ 9:15

Common Language Bible

အာ​ဒါ​လ​တစ်​ဆယ့်​လေး​ရက်​နေ့​၌​ရှု​ရှန် မြို့​ရှိ​ယု​ဒ​အ​မျိုး​သား​များ​သည်​စု​ရုံး​၍ လူ​ပေါင်း​သုံး​ရာ​ကို​ထပ်​မံ​သတ်​ဖြတ်​ကြ လေ​သည်။ သို့​ရာ​တွင်​ဤ​တစ်​ကြိမ်​၌​လည်း သူ​တို့​သည်​လု​ယက်​မှု​ကို​မ​ပြု​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​အ​မိန့်​စာ​များ​တွင်​မင်း​ကြီး​သည်​ယု​ဒ အ​မျိုး​သား​တို့​အား မိ​မိ​တို့​၏​အ​သက် ဘေး​ကို​ကာ​ကွယ်​ရန်​အ​တွက်​စု​ရုံး​ခွင့်​ပြု တော်​မူ​ကြောင်း​ပါ​ရှိ​လေ​သည်။ မည်​သည့် ပြည်​နယ်​၌​မ​ဆို​ယု​ဒ​ယောကျာ်း​နှင့်​ဇ​နီး သား​သ​မီး​များ​ကို​လက်​နက်​စွဲ​ကိုင်​တိုက် ခိုက်​လာ​သော​အ​ဘယ်​လူ​မျိုး​ကို​မ​ဆို ပြန်​လည်​တိုက်​ခိုက်​နိုင်​ခွင့်​ရှိ​ကြ​၏။ သူ တို့​အား​တစ်​ယောက်​မ​ကျန်​သတ်​ဖြတ် ပြီး​လျှင်​သူ​တို့​၏​ပစ္စည်း​များ​ကို​လု​ယူ နိုင်​လေ​သည်။-

ထို​အ​ခါ​မင်း​ကြီး​သည်​မိ​ဖု​ရား​ဧ​သ​တာ အား``ရှု​ရှန်​တစ်​မြို့​တည်း​၌​ပင်​ယု​ဒ​အ​မျိုး သား​တို့​သည် ဟာ​မန်​၏​သား​တစ်​ကျိပ်​အ​ပါ အ​ဝင်​လူ​ပေါင်း​ငါး​ရာ​ကို​သတ်​ဖြတ်​လိုက် ကြ​လေ​ပြီ။ သူ​တို့​သည်​ပြည်​နယ်​များ​တွင် အ​ဘယ်​မျှ​သတ်​ဖြတ်​ကြ​ဦး​မည်​နည်း။ ယ​ခု​သင်​သည်​အ​ဘယ်​အ​ရာ​ကို​အ​လို ရှိ​ပါ​သ​နည်း။ ငါ​ပေး​မည်။ အ​ဘယ်​ဆု​ကို တောင်း​လို​ပါ​သေး​သ​နည်း။ ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။

ဧ​သ​တာ​က``အ​ရှင်​မင်း​ကြီး​သ​ဘော​တူ တော်​မူ​ပါ​လျှင်​ယ​နေ့​ရှု​ရှန်​မြို့​တွင်​ယု​ဒ အ​မျိုး​သား​များ​ပြု​ခဲ့​သည့်​အ​တိုင်း​နက် ဖြန်​ခါ​၌​လည်း​ပြု​ခွင့်​ပေး​တော်​မူ​ပါ။ ထို နောက်​ဟာ​မန်​၏​သား​တစ်​ကျိပ်​၏​အ​လောင်း များ​ကို​လည်​ဆွဲ​တိုင်​တွင်​ဆွဲ​ထား​စေ​တော် မူ​ပါ'' ဟု​ပြန်​လည်​လျှောက်​ထား​၏။-

မင်း​ကြီး​သည်​ဧ​သ​တာ​လျှောက်​ထား​သည့် အ​တိုင်း ရှု​ရှန်​မြို့​တွင်​ကြေ​ညာ​ချက်​ထုတ် ပြန်​ကာ ဟာ​မန်​၏​သား​တစ်​ကျိပ်​၏​အ​လောင်း များ​ကို​လည်​ဆွဲ​တိုင်​တွင်​ဆွဲ​ထား​စေ​တော် မူ​၏။-

ပြည်​နယ်​များ​တွင်​နေ​ထိုင်​သော​ယု​ဒ​အ​မျိုး သား​တို့​သည်​လည်း မိ​မိ​တို့​ကိုယ်​ကို​အ​သက် ဘေး​မှ​ကာ​ကွယ်​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့ အား​မုန်း​ထား​သူ​လူ​ပေါင်း​ခု​နစ်​ထောင့်​ငါး ရာ​ကို​သတ်​ဖြတ်​ခြင်း​အား​ဖြင့် ရန်​သူ​များ ကို​သုတ်​သင်​ပယ်​ရှင်း​ကြ​လေ​သည်။ သို့​ရာ တွင်​လု​ယက်​မှု​ကို​မူ​မ​ပြု​ကြ။-

အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​မြို့​တိုင်း​၌ ယု​ဒ​အ​မျိုး​သား​များ​သည် ဘေး​အန္တ​ရာယ် ပြု​မည့်​သူ​တို့​ကို​တိုက်​ခိုက်​ရန်​မိ​မိ​တို့​ရပ် ကွက်​များ​တွင်​စု​ရုံး​လျက်​နေ​ကြ​၏။ အ​ရပ် ရပ်​ရှိ​လူ​တို့​သည်​သူ​တို့​အား​ကြောက်​လန့် ကြ​၏။ အ​ဘယ်​သူ​မျှ​သူ​တို့​ကို​ခု​ခံ တိုက်​ခိုက်​နိုင်​စွမ်း​မ​ရှိ​ချေ။-

မ​ကောင်း​သည့်​အ​ရာ​မှန်​သ​မျှ​ကို​ရှောင်​ကြ​လော့။

သင်​တို့​သည်​ငွေ​အ​တွက်​အ​သက်​မ​ရှင်​နှင့်။ ရှိ​သ​မျှ​ဖြင့်​ရောင့်​ရဲ​လော့။ အ​ဘယ်​ကြောင့် ဆို​သော်​ဘု​ရား​သ​ခင်​က``ငါ​သည်​သင့်​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​စွန့်၊ အ​ဘယ်​အ​ခါ ၌​မျှ​ပစ်​၍​မ​ထား'' ဟု​မိန့်​တော်​မူ​သော ကြောင့်​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ