Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဧ​သ​တာ 9:13

Common Language Bible

ဧ​သ​တာ​က``အ​ရှင်​မင်း​ကြီး​သ​ဘော​တူ တော်​မူ​ပါ​လျှင်​ယ​နေ့​ရှု​ရှန်​မြို့​တွင်​ယု​ဒ အ​မျိုး​သား​များ​ပြု​ခဲ့​သည့်​အ​တိုင်း​နက် ဖြန်​ခါ​၌​လည်း​ပြု​ခွင့်​ပေး​တော်​မူ​ပါ။ ထို နောက်​ဟာ​မန်​၏​သား​တစ်​ကျိပ်​၏​အ​လောင်း များ​ကို​လည်​ဆွဲ​တိုင်​တွင်​ဆွဲ​ထား​စေ​တော် မူ​ပါ'' ဟု​ပြန်​လည်​လျှောက်​ထား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​သူ​၏​သား​မြေး​ခု​နစ်​ယောက်​ကို အ​ကျွန်ုပ်​တို့​အား​ပေး​အပ်​တော်​မူ​ပါ။ အ​ကျွန်ုပ် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​ခန့်​ထား တော်​မူ​သည့်​ဘု​ရင်​ရှော​လု​၏​ဌာ​နေ၊ ဂိ​ဗာ မြို့​တွင်​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​၌​စက်​တိုင်​တင်​ပါ​မည်'' ဟု​လျှောက် ကြ​၏။ မင်း​ကြီး​က``ထို​သူ​တို့​ကို​ငါ​ပေး​အပ်​မည်'' ဟု​မိန့်​တော်​မူ​၏။

ဂိ​ဗောင်​မြို့​မှ​လူ​တို့​သည်​ထို​သူ​တို့​အား တောင်​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော် ၌​စက်​တိုင်​တင်​လိုက်​ကြ​၏။ ထို​သူ​ခု​နစ် ယောက်​စ​လုံး​တို့​သည်​နွေ​ဦး​ပေါက်​မု​ယော စ​ပါး​ရိတ်​သိမ်း​စ​ကာ​လ​၌​တစ်​ပြိုင်​နက် သေ​ကြ​လေ​သည်။

ထို​အ​မိန့်​စာ​များ​တွင်​မင်း​ကြီး​သည်​ယု​ဒ အ​မျိုး​သား​တို့​အား မိ​မိ​တို့​၏​အ​သက် ဘေး​ကို​ကာ​ကွယ်​ရန်​အ​တွက်​စု​ရုံး​ခွင့်​ပြု တော်​မူ​ကြောင်း​ပါ​ရှိ​လေ​သည်။ မည်​သည့် ပြည်​နယ်​၌​မ​ဆို​ယု​ဒ​ယောကျာ်း​နှင့်​ဇ​နီး သား​သ​မီး​များ​ကို​လက်​နက်​စွဲ​ကိုင်​တိုက် ခိုက်​လာ​သော​အ​ဘယ်​လူ​မျိုး​ကို​မ​ဆို ပြန်​လည်​တိုက်​ခိုက်​နိုင်​ခွင့်​ရှိ​ကြ​၏။ သူ တို့​အား​တစ်​ယောက်​မ​ကျန်​သတ်​ဖြတ် ပြီး​လျှင်​သူ​တို့​၏​ပစ္စည်း​များ​ကို​လု​ယူ နိုင်​လေ​သည်။-

မင်း​ကြီး​သည်​ဧ​သ​တာ​လျှောက်​ထား​သည့် အ​တိုင်း ရှု​ရှန်​မြို့​တွင်​ကြေ​ညာ​ချက်​ထုတ် ပြန်​ကာ ဟာ​မန်​၏​သား​တစ်​ကျိပ်​၏​အ​လောင်း များ​ကို​လည်​ဆွဲ​တိုင်​တွင်​ဆွဲ​ထား​စေ​တော် မူ​၏။-

အာ​ဒါ​လ​တစ်​ဆယ့်​လေး​ရက်​နေ့​၌​ရှု​ရှန် မြို့​ရှိ​ယု​ဒ​အ​မျိုး​သား​များ​သည်​စု​ရုံး​၍ လူ​ပေါင်း​သုံး​ရာ​ကို​ထပ်​မံ​သတ်​ဖြတ်​ကြ လေ​သည်။ သို့​ရာ​တွင်​ဤ​တစ်​ကြိမ်​၌​လည်း သူ​တို့​သည်​လု​ယက်​မှု​ကို​မ​ပြု​ကြ။

``သစ်​တိုင်​ပေါ်​မှာ​ဆွဲ​၍​အ​သတ်​ခံ​ရ​သူ​သည် ဘု​ရား​သ​ခင်​၏​ကျိန်​စာ​သင့်​သူ​ဖြစ်​၏'' ဟု ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ကျိန်​စာ​သင့်​သူ​အ​ဖြစ်​ကို​ခံ ယူ​တော်​မူ​ပြီး​နောက် ငါ​တို့​အား​ပ​ညတ်​တ​ရား ကြောင့်​ကျိန်​စာ​သင့်​သည့်​ဘေး​မှ​ရွေး​နုတ် ကယ်​တင်​တော်​မူ​၏။-

ည​အိပ်​၍​မ​ထား​ရ။ အ​လောင်း​ကို​တိုင်​ပေါ် တွင်​ဆွဲ​ထား​ခြင်း​သည်​တိုင်း​ပြည်​အ​တွက် အမင်္ဂ​လာ​ဖြစ်​သော​ကြောင့် အ​လောင်း​ကို​နေ့ ချင်း​တွင်း​မြှုပ်​နှံ​ရ​မည်။ သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ​မည့်​ပြည် ကို မ​ညစ်​ညမ်း​စေ​ရန်​ထို​အ​လောင်း​ကို​မြှုပ်​နှံ လော့။''




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ