ဧသတာ 8:5Common Language Bible``အရှင်မင်းကြီးသဘောတူတော်မူလျှင် လည်းကောင်း၊ ကျွန်တော်မကိုစိတ်တော်နှင့် တွေ့တော်မူလျှင်လည်းကောင်း၊ လျောက်ပတ် သည်ဟုယူဆတော်မူလျှင်လည်းကောင်း အင်ပါယာနိုင်ငံတော်အတွင်းရှိယုဒ အမျိုးသားအပေါင်းတို့အားကွပ်မျက် ရန်အာဂတ် မှဆင်းသက်သူဟမ္မေဒါသ၏သားဟာမန် စီရင်ခဲ့သည့်အမိန့်စာများကိုပယ်ဖျက် သည့်အမိန့်ကြေငြာချက်ကိုထုတ်ပြန် တော်မူပါ။- အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည်အကျွန်ုပ်အားနှစ်သက်တော် မူပါလျှင်၊ အကျွန်ုပ်သည်ကိုယ်တော်၏အမှု တော်ကိုထမ်းဆောင်၍၊ စိတ်တော်နှင့်တွေ့နိုင်စေ ရန်၊ ကိုယ်တော်၏အကြံအစည်တော်များကို ဖော်ပြတော်မူပါ။ ဤလူမျိုးသည်ကိုယ်တော် ရွေးချယ်ထားသောလူမျိုးတော်ဖြစ်ကြောင်း ကိုလည်းသတိရတော်မူပါ။''
ကိုယ်တော်သည်အကျွန်ုပ်တို့နှင့်အတူကြွ သွားတော်မမူပါလျှင်၊ ကိုယ်တော်သည်ကိုယ် တော်၏လူမျိုးတော်နှင့်အကျွန်ုပ်အားနှစ် သက်ကြောင်းမည်သို့သိနိုင်ပါမည်နည်း။ ကိုယ်တော်သည်အကျွန်ုပ်နှင့်အတူရှိခြင်း ဖြင့်၊ အကျွန်ုပ်တို့သည်ကမ္ဘာပေါ်ရှိလူမျိုး တကာတို့နှင့်ခြားနားကြောင်းကိုသိရ ပါမည်'' ဟုလျှောက်လေ၏။
ထိုမြို့တွင်အကျွန်ုပ်၏ဆွေမျိုးသားချင်း တို့သည်ယဇ်ပူဇော်ပွဲကျင်းပလျက်နေကြ သဖြင့် အစ်ကိုကလည်းအကျွန်ုပ်အားလာ ရမည်ဟုဆိုပါသည်။ သင်သည်အကျွန်ုပ်ကို ခင်မင်ပါကအကျွန်ုပ်အားညီအစ်ကိုတို့ ကိုတွေ့ရန်သွားခွင့်ပြုပါဟုပန်ကြားပါ၏။ ထို့ကြောင့်သူသည်အရှင်၏စားပွဲတော် တွင်မရှိခြင်းဖြစ်ပါသည်'' ဟုပြန်ကြား လျှောက်ထား၏။